အဂၤါေန ့နံနက္ခင္းေနာက္ဆံုးရေဘာလံုးသတင္းမ်ားစုစည္းတင္ဆက္မႈ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ဲလ္ဆီးစတားအင္ဒီဟာဇက္က သူဟာ ကလပ္တစ္သင္းအေနနဲ ့ရီးရဲလ္မက္ဒရစ္အသင္းကို အၿမဲ ၾကိဳက္နွစ္သက္တဲ့သူျဖစ္တယ္လို ့၀န္ခံေျပာၾကားလိုက္ၿပီး ခ်ဲလ္ဆီးအသင္းကေနထြက္ခြာေတာ့မယ့္အရိပ္အေယာင္ကို ျပသလိုက္ၿပီပဲျဖစ္ပါတယ္။
အာဆင္နယ္အသင္းရဲ ့ပစ္မွတ္ ကင္မရြန္တိုက္စစ္မွဴး Christian Bassogog က သူကစားခ်င္တဲ့ သူ ့အိပ္မက္အသင္းဟာ အာဆင္နယ္အသင္းျဖစ္တယ္လို ့ဖြင့္ဟ၀န္ခံလို္က္ၿပီးလာမယ့္ဇန္န၀ါရီမွာ အာဆင္နယ္အသင္းဆီေျပာင္းေရႊ ့လာဖြယ္ရိွတယ္လို ့သိရပါတယ္။
အာဆင္နယ္ေနာက္ခံလူကိုစီယယ္နီဟာ ၿပီးျပည့္စံုတဲ့ အသင္းေခါင္းေဆာင္ျဖစ္တယ္လို ့အသင္းေဖာ္ဂိုးသမား လီနိုက ခ်ီးက်ဴးေျပာၾကားလိုက္ပါတယ္။
လာလီဂါ ေဘာလံုးအဖြဲ ့ခ်ဳပ္က ဂ်ီနိုအာ အသင္းနဲ ့ဘာစီလိုနာအသင္းတို ့ရဲ ့ပြဲစဥ္မွာ အေမရိကန္နိုင္ငံ မီယာမီမွာ သြားကစားဖို ့စီစဥ္ထားတာကို က်င္းပျဖစ္မွာမဟုတ္ေၾကာင္းအတည္ျပဳေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ကမာၻ ့ဖလားဗိုလ္လုပြဲမွာ ျပင္သစ္အသင္းနဲ ့ ရီးရဲလ္အသင္းေဖာ္ ေနာက္ခံလူဗာရိန္းက သူ ့ကိုမင္း ေဘာ္လြန္ဒီေအာ္ဆု ကိုရယူနိုင္လိမ့္မယ္လို ့ေျပာခဲ့ေၾကာင္း မိုဒရစ္က ဖြင့္ဟေျပာၾကားခဲ့ပါတယ္။
မန္စီးတီးအသင္းရဲ ့လူငယ္ၾကယ္ပြင့္ ဖီးလ္ဖိုဒင္ဟာ အသင္းနဲ့ နွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၂၄ အထိအသင္းမွာ ဆက္ရိွေနမွာျဖစ္တယ္လို ့သိရပါတယ္။
ကိန္းဟာသာမန္ထက္ထူးျခားတဲ့တုိက္စစ္မွဴးတစ္ေယာက္ျဖစ္တယ္လို ့ဘာစီလိုနာနည္းျပဗယ္ဗာဒီက ခ်ီးက်ဴးလိုက္ၿပီး ဟာရီကိန္းကို ေခၚယူမယ္ဆိုတဲ့သတင္းေတြကို ပိုမိုက်ယ္ေလာင္ေစခဲ့ပါတယ္။
လာလီဂါကလပ္ဗီလာ၇ီးရဲလ္အသင္းဟာရလဒ္ေတြဆိုးရြားေနခဲ့တာေၾကာင့္ အသင္းနည္းျပဂ်ာဗီကယ္လီဂ်ာကို နည္းျပရာထူးကေနထုတ္ပယ္လိုက္ေၾကာင္းသိရပါတယ္။
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးရိုနယ္ဒိုက ဂ်ဴဗင္ဟာ ရီးရဲလ္အသင္းနဲ့အမ်ားၾကီးကြဲျပားျခားနားေၾကာင္း ပိုၿပီး မိသားစုဆန္ေၾကာင္း ဖြင့္ဟ၀န္ခံေျပာၾကားခဲဲ့ပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ စတာလင္ကို လူမ်ိဳးေရးခြဲျခားဆက္ဆံခဲ့တဲ့ ပရိတ္သတ္၄ဦးကို အသင္းပရိတ္သတ္အျဖစ္ ပယ္ခ်လိုက္ၿပီး ပြဲကို လာေရာက္ၾကည့္ရႈခြင့္ပိတ္ပင္လိုက္ၿပီလို ့သိရပါတယ္။
လီဗာပူးလ္ေနာက္ခံလူ ဂ်ိဳလ္ဂိုမက္ဇ္ဟာ အသင္းနဲ ့အတူ စာခ်ဴပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၂၄ ခုနွစ္အထိဆက္ရိွေနေတာ့မွာျဖစ္တယ္လို ့သိရပါတယ္။
ဂ်ဴဗင္တပ္စ္တိုက္စစ္မွဴးရိုနယ္ဒို က သူနွစ္တိုင္းရယူထားတဲ့ စံခ်ိန္နံပါတ္မ်ားကို လိမ္လို ့မရေၾကာင္း သူဟာနွစ္တုိင္းေဘာ္လြန္းဒီေအာ္ဆုနဲ ့ထိုက္တန္တဲ့သူတစ္ေယာက္ျဖစ္တယ္လို ့ဆိုလိုက္ပါတယ္။
(Unicode)
အင်္ဂါနေ့နံနက်ခင်းနောက်ဆုံးရဘောလုံးသတင်းများစုစည်းတင်ဆက်မှု
ချဲလ်ဆီးစတားအင်ဒီဟာဇက်က သူဟာ ကလပ်တစ်သင်းအနေနဲ့ရီးရဲလ်မက်ဒရစ်အသင်းကို အမြဲ ကြိုက်နှစ်သက်တဲ့သူဖြစ်တယ်လို့ဝန်ခံပြောကြားလိုက်ပြီး ချဲလ်ဆီးအသင်းကနေထွက်ခွာတော့မယ့်အရိပ်အယောင်ကို ပြသလိုက်ပြီပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းရဲ့ပစ်မှတ် ကင်မရွန်တိုက်စစ်မှူး Christian Bassogog က သူကစားချင်တဲ့ သူ့အိပ်မက်အသင်းဟာ အာဆင်နယ်အသင်းဖြစ်တယ်လို့ဖွင့်ဟဝန်ခံလိုက်ပြီးလာမယ့်ဇန်နဝါရီမှာ အာဆင်နယ်အသင်းဆီပြောင်းရွှေ့လာဖွယ်ရှိတယ်လို့သိရပါတယ်။
အာဆင်နယ်နောက်ခံလူကိုစီယယ်နီဟာ ပြီးပြည့်စုံတဲ့ အသင်းခေါင်းဆောင်ဖြစ်တယ်လို့အသင်းဖော်ဂိုးသမား လီနိုက ချီးကျူးပြောကြားလိုက်ပါတယ်။
လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဂျီနိုအာ အသင်းနဲ့ဘာစီလိုနာအသင်းတို့ရဲ့ပွဲစဉ်မှာ အမေရိကန်နိုင်ငံ မီယာမီမှာ သွားကစားဖို့စီစဉ်ထားတာကို ကျင်းပဖြစ်မှာမဟုတ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းနဲ့ ရီးရဲလ်အသင်းဖော် နောက်ခံလူဗာရိန်းက သူ့ကိုမင်း ဘော်လွန်ဒီအော်ဆု ကိုရယူနိုင်လိမ့်မယ်လို့ပြောခဲ့ကြောင်း မိုဒရစ်က ဖွင့်ဟပြောကြားခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့လူငယ်ကြယ်ပွင့် ဖီးလ်ဖိုဒင်ဟာ အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၂၄ အထိအသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့သိရပါတယ်။
ကိန်းဟာသာမန်ထက်ထူးခြားတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်လို့ဘာစီလိုနာနည်းပြဗယ်ဗာဒီက ချီးကျူးလိုက်ပြီး ဟာရီကိန်းကို ခေါ်ယူမယ်ဆိုတဲ့သတင်းတွေကို ပိုမိုကျယ်လောင်စေခဲ့ပါတယ်။
လာလီဂါကလပ်ဗီလာရီးရဲလ်အသင်းဟာရလဒ်တွေဆိုးရွားနေခဲ့တာကြောင့် အသင်းနည်းပြဂျာဗီကယ်လီဂျာကို နည်းပြရာထူးကနေထုတ်ပယ်လိုက်ကြောင်းသိရပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒိုက ဂျူဗင်ဟာ ရီးရဲလ်အသင်းနဲ့အများကြီးကွဲပြားခြားနားကြောင်း ပိုပြီး မိသားစုဆန်ကြောင်း ဖွင့်ဟဝန်ခံပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ စတာလင်ကို လူမျိုးရေးခွဲခြားဆက်ဆံခဲ့တဲ့ ပရိတ်သတ်၄ဦးကို အသင်းပရိတ်သတ်အဖြစ် ပယ်ချလိုက်ပြီး ပွဲကို လာရောက်ကြည့်ရှုခွင့်ပိတ်ပင်လိုက်ပြီလို့သိရပါတယ်။
လီဗာပူးလ်နောက်ခံလူ ဂျိုလ်ဂိုမက်ဇ်ဟာ အသင်းနဲ့အတူ စာချူပ်သစ်ချုပ်ဆိုခဲ့ပြီး ၂၀၂၄ ခုနှစ်အထိဆက်ရှိနေတော့မှာဖြစ်တယ်လို့သိရပါတယ်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးရိုနယ်ဒို က သူနှစ်တိုင်းရယူထားတဲ့ စံချိန်နံပါတ်များကို လိမ်လို့မရကြောင်း သူဟာနှစ်တိုင်းဘော်လွန်းဒီအော်ဆုနဲ့ထိုက်တန်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။
Post a Comment