Header Ads


အေကာင္းဆံုုးကစားသမားဆုုကိုုလက္ခံရယူဖိုု ့ျငင္းပယ္ခဲ့တဲ့ဆာလာ

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဘုုန္းေမာက္နဲ ့ပြဲမွာ အေကာင္းဆံုုးေျခစြမ္းကိုုျပသခဲ့ၿပီး ဟတ္ထရစ္သြင္းယူခဲ့တဲ့မိုုဟာမက္ဆာလာဟာ အဆိုုပါပြဲရဲ ့အေကာင္းဆံုုးကစားသမားဆုုကိုု ေပးအပ္ျခင္းခံရေသာ္လည္းဆုုရယူဖိုု ့ျငင္းပယ္ခဲ့ပါတယ္။

အီဂ်စ္ဘုုရင္လိုု ့တင္စားေခၚေ၀ၚၾကတဲ့ဆာလာဟာ လီဗာပူးလ္အသင္းကိုု ရံႈးပြဲမရိွစံခ်ိန္နဲ ့အမွတ္ေပးဇယားထိပ္မွာရပ္တည္နိုုင္ေအာင္ ဟတ္ထရစ္သြင္းယူခဲ့ၿပီး ေျခစြမ္းျပကစားခဲ့ကာ အနီးကပ္ဆံုုးၿပိဳင္ဘက္မန္စီးတီးအသင္းဟာခ်ဲလ္ဆီးအသင္းကိုရံႈးနိမ့္ခဲ့တာေၾကာင့္ အခုုလက္ရိွမွာအမွတ္ေပးဇယားထိပ္ဦးေဆာင္ေနတာပဲျဖစ္ပါတယ္။

ဘုုန္းေမာက္တိုု ့ေျမမွာ - ျဖင့္ေအာင္ပြဲကိုုစိုုက္ထူနိုုင္ခဲ့ၿပီးေနာက္ ပြဲအၿပီး Sky Sports နဲ ့အင္တာဗ်ဴးမွာ သူ ့ရဲ ့အသင္းေဖာ္အသင္းေခါင္းေဆာင္မီနာလ္ရဲ ့ပရီးမီးယားလိပ္ပြဲ၅၀၀ ျပည့္ေျမာက္ခဲ့တဲ့အေပၚ ဒီဆုုအတြက္ အမွတ္တရအေနနဲ ့ေပးေၾကာင္းေျပာၾကားလိုုက္ပါတယ္။

တကယ့္ကိုုအဆင့္အတန္းရိွတဲ့လုုပ္ရက္ပါပဲ။သူ ့ရဲ ့အသင္းေဖာ္ကိုု ခ်ီးက်ဴးဂုုဏ္ျပဳအသိအမွတ္ျပဳေပးခဲ့တဲ့ ဆာလာကိုု ပရိတ္သတ္မ်ားက လူမႈကြန္ယက္ေတြေပၚမွာ နွစ္သက္၀မ္းေျမာက္ေနၾကတာေတာ့အမွန္ပါပဲ။


ဆာလာရဲ ့ဒီပြဲကဟတ္ထရစ္ဟာလီဗာပူးလ္အသင္းအတြက္ေတာ့ ဒုုတိယအၾကိမ္ေျမာက္ရယူနိုုင္ခဲ့တာပဲျဖစ္ပါတယ္။သူဟာ ပရီးမီးယားလိပ္သြင္းဂိုုး ၄၂ဂိုုးထိ ၂ရာသီအတြင္း ရယူနိုုင္ခဲ့တာပဲျဖစ္ပါတယ္။ဒါ့အျပင္ ဘုုန္းလ္ေမာက္နဲ ့ပြဲမွာရရိွခဲ့တဲ့ အေကာင္းဆံုုးကစားသမားဆုုကိုု အသင္းေဖာ္ မီလ္နာအား ဂုုဏ္ျပဳတဲ့အေနနဲ ့ေပးခဲ့ၿပီး ကြင္းတြင္းေရာ ကြင္းျပင္ပ ပါသူ ့ရဲ ့ဂုုဏ္သိကၡာရိွတဲ့ အဆင့္အတန္းေကာင္းကိုု ျပသလိုုက္တာပဲျဖစ္ပါတယ္။


ထိပ္ဆံုုးကလူသား မိုုဟာမက္ဆာလာ!!!

(Unicode)

အကောင်းဆုံးကစားသမားဆုကိုလက်ခံရယူဖို့ငြင်းပယ်ခဲ့တဲ့ဆာလာ

ဘုန်းမောက်နဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းကိုပြသခဲ့ပြီး ဟတ်ထရစ်သွင်းယူခဲ့တဲ့မိုဟာမက်ဆာလာဟာ အဆိုပါပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ပေးအပ်ခြင်းခံရသော်လည်းဆုရယူဖို့ငြင်းပယ်ခဲ့ပါတယ်။


အီဂျစ်ဘုရင်လို့တင်စားခေါ်ဝေါ်ကြတဲ့ဆာလာဟာ လီဗာပူးလ်အသင်းကို ရှုံးပွဲမရှိစံချိန်နဲ့အမှတ်ပေးဇယားထိပ်မှာရပ်တည်နိုင်အောင် ဟတ်ထရစ်သွင်းယူခဲ့ပြီး ခြေစွမ်းပြကစားခဲ့ကာ အနီးကပ်ဆုံးပြိုင်ဘက်မန်စီးတီးအသင်းဟာချဲလ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့် အခုလက်ရှိမှာအမှတ်ပေးဇယားထိပ်ဦးဆောင်နေတာပဲဖြစ်ပါတယ်။

ဘုန်းမောက်တို့မြေမှာ ၄-၀ ဖြင့်အောင်ပွဲကိုစိုက်ထူနိုင်ခဲ့ပြီးနောက် ပွဲအပြီး Sky Sports နဲ့အင်တာဗျူးမှာ သူ့ရဲ့အသင်းဖော်အသင်းခေါင်းဆောင်မီနာလ်ရဲ့ပရီးမီးယားလိပ်ပွဲ၅၀၀ ပြည့်မြောက်ခဲ့တဲ့အပေါ် ဒီဆုအတွက် အမှတ်တရအနေနဲ့ပေးကြောင်းပြောကြားလိုက်ပါတယ်။

တကယ့်ကိုအဆင့်အတန်းရှိတဲ့လုပ်ရက်ပါပဲ။သူ့ရဲ့အသင်းဖော်ကို ချီးကျူးဂုဏ်ပြုအသိအမှတ်ပြုပေးခဲ့တဲ့ ဆာလာကို ပရိတ်သတ်များက လူမှုကွန်ယက်တွေပေါ်မှာ နှစ်သက်ဝမ်းမြောက်နေကြတာတော့အမှန်ပါပဲ။



ဆာလာရဲ့ဒီပွဲကဟတ်ထရစ်ဟာလီဗာပူးလ်အသင်းအတွက်တော့ ဒုတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူဟာ ပရီးမီးယားလိပ်သွင်းဂိုး ၄၂ဂိုးထိ ၂ရာသီအတွင်း ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် ဘုန်းလ်မောက်နဲ့ပွဲမှာရရှိခဲ့တဲ့ အကောင်းဆုံးကစားသမားဆုကို အသင်းဖော် မီလ်နာအား ဂုဏ်ပြုတဲ့အနေနဲ့ပေးခဲ့ပြီး ကွင်းတွင်းရော ကွင်းပြင်ပ ပါသူ့ရဲ့ဂုဏ်သိက္ခာရှိတဲ့ အဆင့်အတန်းကောင်းကို ပြသလိုက်တာပဲဖြစ်ပါတယ်။


ထိပ်ဆုံးကလူသား မိုဟာမက်ဆာလာ!!!

No comments

Powered by Blogger.