Header Ads





Unicode သမားများအောက်ဆွဲဖတ်ပေးပါ။







(Unicode)

ထူးဆန်စွာဆံပင်အမြန်ရှည်လာခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားကိုပရိတ်သတ်တွေမေးခွန်းထုတ်နေကြပါတယ်။


မန်စီးတီးကွင်းလယ်ဒေးဗစ်ဆေးလ်ဗားတစ်ယောက်မနေ့ညကကစားခဲ့တဲ့ဆောက်တမ်တန်နဲ့ပွဲမှာအသင်းအတွက်အရေးပါတဲ့အဖွင့်ဂိုးကိုသွင်းယူပေးခဲ့ပြီးနောက်ချန်ပီယံပြေးလမ်းကြောင်းပေါ်ကိုဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ဒါပင်မယ့်လည်း အဆိုပါစပိန်သားအကြောင်းစပ်စုနေကြတဲ့အချက်ကတော့ အွန်လိုင်းပေါ်မှာ မန်စီးတီးပရိတ်သတ်တွေအကြားရေပန်းစားနေတာပဲဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကွင်းလယ်လူဆေးလ်ဗားတစ်ယောက်ဟာ ပုံမှန်ရှိရမယ့်ဆံပင်အရှည်ထက်ပိုရှည်နေတာပဲဖြစ်ပါတယ်။ပြောချင်တာက သူဟာပြီးခဲ့တဲ့လအထိ ဂတုံးတုံးထားတဲ့သူတစ်ယောက်ဖြစ်ပြီး မနေ့ညကကဆောက်တမ်တန်နဲ့ပွဲမှာ သူ့ကိုမြင်တွေ့လိုက်ရတဲ့ပုံက ဂတုံးကနေဆံပင်ပေါက်လာတဲ့ပုံထင်မှတ်လို့မဖြစ်နိုင်အောင်ကိုထူးဆန်းစွာရှည်နေတာပဲဖြစ်ပါတယ်။

သာမန်လူတစ်ယောက်ရဲ့ဆံပင်အရှည်နှုန်းဟာ တစ်လကို လက်မဝလောက်သာရှည်နိုင်ပါတယ်။ဆိုရှယ်မီဒီယာများပေါ်မှာတော့ ဒေးဗစ်ဆေးလ်ဗားတစ်ယောက် အချိန်တိုအတွင်းဆံပင်အမြန်ရှည်လာအောင်ဘယ်လိုလုပ်ခဲ့သလိုဆိုတာကိုမေးခွန်းထုတ်နေကြတာပဲဖြစ်ပါတယ်။
တွစ်တာအသုံးပြုသူတစ်ဦးကတော့. ” ဒေးဗစ်ဆေးလ်ဗားရဲ့အရင်ပုံစံက ၂ရာသီလောက်ထိပ်ပြောင်နေတဲ့ဒီဇိုင်းကာလအနေအထားဖြစ်နေတာပါ။အခုကျမှဆံပင်တွေက ရက်အနည်းငယ်အတွင်းချက်ချင်းကြီးပေါက်လာတာပါလား? ” လို့တအံတသြမေးခွန်းထုတ်နေကြတာပဲဖြစ်ပါတယ်။

သင်ရော ဒေးဗစ်ဆေးလ်ဗားရဲ့ဆံပင်ပုံချက်ချင်းပြောင်းသွားတာကို ထူးဆန်တယ်လို့မထင်မိဘူးလား?

No comments

Powered by Blogger.