Header Ads


မိုလ္အသင္းနဲ ့ေလ့က်င့္ေရးကြင္းကနည္းျပဆိုးလ္ရွားရဲ ့ဗီဒီယိုနဲ ့ပတ္သတ္ၿပီးေက်နပ္ေနၾကတဲ့ယူနိုက္တက္ဖန္မ်ား



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္အသင္းဟာနည္းျပဟိုေဆးေမာ္ရင္ဟိုကိုထုတ္ပယ္ခဲ့ၿပီးေနာက္အသင္းကစားသမားေဟာင္းနည္းျပအိုလ္ဆိုလ္ရွားကို အသင္းရဲ ့ယာယီနည္းျပအျဖစ္ခန္ ့အပ္ခဲ့တာပဲျဖစ္ပါတယ္။

သရဲနီတို ့ရဲ ့တိုက္စစ္မွဴးေဟာင္းဟာ အိုထရက္ဖို ့ဒ္မွာ ၁၁နွစ္ၾကာကစားခဲ့ၿပီး ၁၉၉၈-၉၉  ရာသီတစ္ရာသီအတြင္းဖလား၃လံုးရယူခဲ့တဲ့အခ်ိန္တုန္းက ခ်န္ပီယံလိပ္ဗိုလ္လုပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းကို ပြဲၿပီးခါနီးအနိုင္ဂိုးသြင္းယူခဲ့တဲ့သူူအျဖစ္ထင္ရွားေက်ာ္ၾကားတဲ့သူလည္းျဖစ္ပါတယ္။

အသက္၄၅နွစ္အရြယ္ရိွေနၿပီျဖစ္တဲ့ ဆိုလ္ရွားဟာ အခုလက္ရိွမွာမန္ေနဂ်ာအျဖစ္ ေနာ္ေ၀းကလပ္မိုလ္အသင္းကို ၂ရာသီၾကာကိုင္တြယ္ေနတာပဲျဖစ္ပါတယ္။

ယူနိုက္တက္ဖန္ေတြက ဒီနည္းျပကိုေကာင္းေကာင္းရင္းနွီးက်ေသာ္လည္း သူတို ့စိတ္ထဲမွာေတာ့ ဘယ္သူ ့ကိုနည္းျပအျဖစ္အသင္းမွာရိွေစခ်င္လည္းမသိၾကတာေတာ့အမွန္ပါပဲ။သို ့ေသာ္လည္းယူနိုက္တက္ပရိတ္သတ္ေတြကေတာ့ မိုလ္အသင္းနဲ ့ေလ့က်င့္ခန္းအစီအစဥ္မွာ အသင္းသားေတြကို သင္ၾကားညြန္ၾကားေနတဲ့ ဆိုးလ္ရွားရဲ ့ဗီဒီယိုကလစ္ကို ၾကည့္ၿပီးေက်နပ္ေနၾကပါတယ္။


မိုလ္အသင္းကစားသမားေတြဟာ ေဘာလံုးကို ပတ္ခ်ာလည္ျပန္ေပးဖို ့ပဲလုပ္ေဆာင္ေနခ်ိန္မွာ နည္းျပဆိုးလ္ရွားက ဘယ္သူမွာ ဂိုးသြင္းဖို ့မၾကိဳးစားတဲ့အေပၚ အၾကံအိုက္ျဖစ္ၿပီး ညႊန္ၾကားေနတာေတြ ့ရပါတယ္။

ဘယ္သူဂိုးသြင္းခ်င္ၾကလဲ” 
မင္းတို ့ကဂိုးေရွ ့မွာ ၁၈ကိုက္အကြာေလာက္ပဲရွိေနတာေလ။ဘာလို ့ေသာက္ေဘာလံုးပဲေပးေနၾကတာလဲ။ကန္ေလကြာ။
မင္းတို ့ဂိုးမသြင္းဘူးဆို ဘယ္ေတာ့မွာဂိုးရမွာမဟုတ္ဘူးဟ” 


အဆိုပါဗီဒီယိုကိုၾကည့္ရႈၿပီးတဲ့ ယူနိုက္တက္ဖန္ေတြကေတာ့ သူတို ့အသင္းရဲ ့မန္ေနဂ်ာအသစ္ျဖစ္လာမယ့္သူရဲ ့အသင္းသားေတြအေပၚဂိုးသြင္းဖို ့စိတ္အားထက္သန္ေနပံုကိုသေဘာၾကေနတာပဲျဖစ္ပါတယ္။

(Unicode)

မိုလ်အသင်းနဲ့လေ့ကျင့်ရေးကွင်းကနည်းပြဆိုးလ်ရှားရဲ့ဗီဒီယိုနဲ့ပတ်သတ်ပြီးကျေနပ်နေကြတဲ့ယူနိုက်တက်ဖန်များ

ယူနိုက်တက်အသင်းဟာနည်းပြဟိုဆေးမော်ရင်ဟိုကိုထုတ်ပယ်ခဲ့ပြီးနောက်အသင်းကစားသမားဟောင်းနည်းပြအိုလ်ဆိုလ်ရှားကို အသင်းရဲ့ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်။

သရဲနီတို့ရဲ့တိုက်စစ်မှူးဟောင်းဟာ အိုထရက်ဖို့ဒ်မှာ ၁၁နှစ်ကြာကစားခဲ့ပြီး ၁၉၉၈-၉၉  ရာသီတစ်ရာသီအတွင်းဖလား၃လုံးရယူခဲ့တဲ့အချိန်တုန်းက ချန်ပီယံလိပ်ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို ပွဲပြီးခါနီးအနိုင်ဂိုးသွင်းယူခဲ့တဲ့သူူအဖြစ်ထင်ရှားကျော်ကြားတဲ့သူလည်းဖြစ်ပါတယ်။

အသက်၄၅နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆိုလ်ရှားဟာ အခုလက်ရှိမှာမန်နေဂျာအဖြစ် နော်ဝေးကလပ်မိုလ်အသင်းကို ၂ရာသီကြာကိုင်တွယ်နေတာပဲဖြစ်ပါတယ်။

ယူနိုက်တက်ဖန်တွေက ဒီနည်းပြကိုကောင်းကောင်းရင်းနှီးကျသော်လည်း သူတို့စိတ်ထဲမှာတော့ ဘယ်သူ့ကိုနည်းပြအဖြစ်အသင်းမှာရှိစေချင်လည်းမသိကြတာတော့အမှန်ပါပဲ။သို့သော်လည်းယူနိုက်တက်ပရိတ်သတ်တွေကတော့ မိုလ်အသင်းနဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းသားတွေကို သင်ကြားညွန်ကြားနေတဲ့ ဆိုးလ်ရှားရဲ့ဗီဒီယိုကလစ်ကို ကြည့်ပြီးကျေနပ်နေကြပါတယ်။

မိုလ်အသင်းကစားသမားတွေဟာ ဘောလုံးကို ပတ်ချာလည်ပြန်ပေးဖို့ပဲလုပ်ဆောင်နေချိန်မှာ နည်းပြဆိုးလ်ရှားက ဘယ်သူမှာ ဂိုးသွင်းဖို့မကြိုးစားတဲ့အပေါ် အကြံအိုက်ဖြစ်ပြီး ညွှန်ကြားနေတာတွေ့ရပါတယ်။

“ ဘယ်သူဂိုးသွင်းချင်ကြလဲ” 
“ မင်းတို့ကဂိုးရှေ့မှာ ၁၈ကိုက်အကွာလောက်ပဲရှိနေတာလေ။ဘာလို့သောက်ဘောလုံးပဲပေးနေကြတာလဲ။ကန်လေကွာ။”
“ မင်းတို့ဂိုးမသွင်းဘူးဆို ဘယ်တော့မှာဂိုးရမှာမဟုတ်ဘူးဟ” 


အဆိုပါဗီဒီယိုကိုကြည့်ရှုပြီးတဲ့ ယူနိုက်တက်ဖန်တွေကတော့ သူတို့အသင်းရဲ့မန်နေဂျာအသစ်ဖြစ်လာမယ့်သူရဲ့အသင်းသားတွေအပေါ်ဂိုးသွင်းဖို့စိတ်အားထက်သန်နေပုံကိုသဘောကြနေတာပဲဖြစ်ပါတယ်။



No comments

Powered by Blogger.