Header Ads


မက်ဆီစတင်ကစားခဲ့တဲ့False 9နေရာကဘောလုံးလောကိုတုန်လှုပ်ပြောင်းလဲသွားစေခဲ့တာအမှန်ပါပဲ။

         

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။







ချန်ပီယံလိဂ်                                      
UEFA စူပါကပ်                                          
ကမ္ဘာ့ ကလပ်ဖလား                       
ကိုပါဒယ်ရေး                                 
စူပါကိုပါဖလား                          



(Unicode)
           

ဘာစီလိုနာကို ဂွါဒီယိုလာနည်းပြခဲ့ချိန်တွေဟာမက်ဆီအတွက်အမှတ်ရစရာအခိုက်အတန့်တွေကြည့်ဖြစ်ခဲ့မှာပါ။ဂွာဒီယိုလာကတော့ နူးကမ့်မှာရှိခဲ့တဲ့ လေးနှစ်တာအတွင်း ဆုဖလား၁၄လုံးကိုင်မြှောက်နိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပါတယ်။တစ်ရာသီအတွင်းလာလီဂါ,ကိုပါဒယ်ရေးနဲ့ချန်ပီလိဂ် ဖလား၃လုံးရခဲ့ရာမှာမက်ဆီဟာသူ့ရဲ့အဓိကလက်နက်ဖြစ်ခဲ့ပါတယ်။ဇာဗီ,အင်နီယေစတာတို့လို အရည်သွေးမြင့်ကွင်းလယ်ကစားသမားတွေပိုင်ဆိုင်ထားတာကြောင့် ဂွါဒီယိုလာဟာ မက်ဆီကို''False nine''နေရာမှာစမ်းသပ်အသုံးပြုခဲ့ပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုးပြသနိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုငါးကြိမ်ရခဲ့တဲ့ မက်ဆီရဲ့ ဘာစီလိုနာကစားသမားဘဝအစပိုင်း မှာ ကစားနေကျနေရာကညာတောင်ပံဖြစ်ပါတယ်။၂၀၀၈-၀၉ရာသီ ကဘာစီလိုနာအသင်းရဲ့ခြေစွမ်းဟာ အကောင်းဆုံးကစားသမားတွေစုထားတဲ့အသင်းနဲ့တောင် ယှဉ်ပြိုင်ကစားနိုင်စွမ်းရှိတယ်ဆိုတာငြင်းမရပါဘူး။ကလပ်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအခင်းအကျင်းလည်းဖြစ်နိုင်ပါတယ်။၂၀၁၈Ballon d'Or ဆုစာရားမှာ အဆင့်ငါးနေရာရောက်ရှိခဲ့အပြီး ပတ်ဂွါဒီယိုလာလက်အောက်မှာ ထပ်မံကစားလိုသေးတယ်လို့ဝန်ခံခဲ့ပါသေးတယ်။

ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။Four Four Tweet ကရွေးချယ်ခဲ့တဲ့အံ့အားသင့်စရာအကောင်းဆုံးအသင်းအဖြစ်မက်ဆီfalse nineနေရာမှာစားခဲ့ချိန်ကဂွါဒီယိုလာရဲ့ဘာစီလိုနာအသင်းကိုရွေးချယ်ခဲ့ပါတယ်။

ဒီလိုကစားကွက်နဲ့ ၂၀၀၉ခုနှစ်ဘောလုံးရာသီအတွင်းဘာစီအသင်းရရှိခဲ့တဲ့ဆုဖလားတွေကိုဖော်ပြပေးပါမယ်။                

ချန်ပီယံလိဂ်                                      
UEFA စူပါကပ်                                          
ကမ္ဘာ့ကလပ်ဖလား                       
ကိုပါဒယ်ရေး                                 
စူပါကိုပါဖလား                          
လာလီဂါဖလား တို့ပဲဖြစ်ပါတယ်။

ကလပ်အသင်းတစ်သင်းအနေနဲ့ ဖြတ်သန်းခဲ့တဲ့ထာဝရအကောင်းဆုံးရာသီပဲမဟုတ်လား။

No comments

Powered by Blogger.