2018 ခုနွစ္ျပကၡဒိန္ကို ရိုနယ္ဒိုတစ္ေယာက္မွတ္တမ္းေကာင္းေတြနဲ ့အဆံုးသတ္နိုင္ခဲ့ရဲ ့လား?
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စီေရာ္နယ္ဒိုအေနနဲ႔ ၂၀၁၈ျပကၡဒိန္နွစ္ကို မွတ္တမ္းေကာင္းေတြနဲ႔အဆံုးသတ္နိုင္ခဲ့ျပီး ရီးရဲအသင္းအတြက္ သြင္းဂိုးအမ်ားဆံုးကစားသမားျဖစ္ခဲ့ရံုသာမက ဂ်ဴဗင္အသင္းမွာလည္းဒုတိယသြင္းဂိုးအမ်ားဆံုးကစားသမားအျဖစ္ရပ္တည္နိုင္ခဲ့ပါတယ္။
ဘာေနဗ်ဴးမွာရွိေနစဥ္အတြင္း 28ဂိုးထိသြင္းယူနိုင္ခဲ့တာေျကာင့္ ဒုတိယေနရာက ဂါရတ္ေဘးထက္တစ္ဂိုးအသာရခဲ့တာပါ။ဘန္ဇီမာကေတာ့သြင္းဂိုး၁၈ဂိုးနဲ႔ တတိယေနရာမွာရွိေနခဲ့ပါတယ္။ေႏြရာသီမွာ ဂ်ဴဗင္တပ္အသင္းကို ေပါင္၉၉.၂သန္းနဲ႔ေရာက္ရွိလာျပီးေနာက္မွာလည္း Ballon d'Orငါးဆုပိုင္ရွင္ဟာ ရာသီသစ္ကို သြင္းဂိုးေတြနဲ႕ခရီးဆက္ခဲ့ပါတယ္။ယခုနွစ္အတြက္ အိုးေလဒီတို႔ရဲ႕ သြင္းဂိုးအမ်ားဆံုးေနရာမွာ ဒိုင္ဘားလားက ၁၆ဂိုးသြင္းျပီး ရပ္တည္ေနခဲ့ပါတယ္။စီေရာ္နယ္ဒိုကေတာ့ ၁၅ဂိုးနဲ႔ဒုတိယေနရာမွာရွိေနခဲ့ျပီး မန္ဇူကစ္ကေတာ့ ၁၃ဂိုးနဲ႔တတိယေနရာမွာ အစဥ္အလိုက္ ရပ္တည္ခဲ့ပါတယ္။
ဒါ့အျပင္ေရာ္နယ္ဒို ဟာ ၂၀၁၈ခုနွစ္ရဲ႕ေနာက္ဆံုးပြဲျဖစ္တဲ့ ဆန္ဒိုးရီးယားနဲ႔ပြဲမွာလည္း နွစ္ဂိုးသြင္းျပီးေျခစြမ္းေကာင္းျပသခဲ့ပါေသးတယ္။အခ်က္အလက္ေတြအရေတာ့ ၂၀၁၈ျပကၡဒိန္နွစ္ရဲ႕ ဂ်ဴဗင္တပ္အသင္းအတြက္ဂိုး၁၀၀ ေျမာက္ကိုလည္း စီေရာ္နယ္ဒိုကပဲသြင္းယူေပးခဲ့တာပါ။မေန႔ကနိုင္ပြဲေျကာင့္ ဂ်ဴဗင္တပ္အသင္းဟာ စီးရီေအ ရံႈးပြဲမရွိစံခ်ိန္ကိုဆက္လက္ထိမ္းထားနိုင္ခဲ့ေပမယ့္ ဆမ္ဒိုးရီးယားအသင္းကေတာ့ VARဆံုးျဖတ္ခ်က္ေတြနဲ႔ပတ္သတ္ျပီး မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။ေရာ္နယ္ဒိုကေတာ့''က်ေနာ္တို႔အေကာင္းဆံုးလုပ္နိုင္ခဲ့ပါတယ္။ပထမပိုင္းကစားပံုက ဒီရာသီအေကာင္းဆံုးပံုစံလို႔ေတာင္ေျပာလို႕ရတယ္။ဒုတိယပိုင္းကစားပံုမ်ိဳးကိုလည္း ရာသီတေလ်ွာက္ထိမ္းသိမ္းထားနိုင္ဖို႔လိုအပ္ပါတယ္။VARစနစ္ကိုနွစ္သက္ပါတယ္။ ဒိုင္ေတြဟာ ဆံုးျဖတ္ခ်က္ေတြကို ခက္ခက္ခဲခဲခ်မွတ္ရတာပါ။ဒါေျကာင့္ သူတို႔ကိုလြယ္ကူေစရန္ ကူညီနိုင္မယ့္အရာေတြကို က်ေနာ္တို႔ျကိုဆိုရမွာေပါ့''လို႔ ေျပာသြားခဲ့ပါတယ္။
(Unicode)
2018 ခုနှစ်ပြက္ခဒိန်ကို ရိုနယ်ဒိုတစ်ယောက်မှတ်တမ်းကောင်းတွေနဲ့အဆုံးသတ်နိုင်ခဲ့ရဲ့လား?
စီရော်နယ်ဒိုအနေနဲ့ ၂၀၁၈ပြက္ခဒိန်နှစ်ကို မှတ်တမ်းကောင်းတွေနဲ့အဆုံးသတ်နိုင်ခဲ့ပြီး ရီးရဲအသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားဖြစ်ခဲ့ရုံသာမက ဂျူဗင်အသင်းမှာလည်းဒုတိယသွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။
ဘာနေဗျူးမှာရှိနေစဉ်အတွင်း 28ဂိုးထိသွင်းယူနိုင်ခဲ့တာကြောင့် ဒုတိယနေရာက ဂါရတ်ဘေးထက်တစ်ဂိုးအသာရခဲ့တာပါ။ဘန်ဇီမာကတော့သွင်းဂိုး၁၈ဂိုးနဲ့ တတိယနေရာမှာရှိနေခဲ့ပါတယ်။နွေရာသီမှာ ဂျူဗင်တပ်အသင်းကို ပေါင်၉၉.၂သန်းနဲ့ရောက်ရှိလာပြီးနောက်မှာလည်း Ballon d'Orငါးဆုပိုင်ရှင်ဟာ ရာသီသစ်ကို သွင်းဂိုးတွေနဲ့ခရီးဆက်ခဲ့ပါတယ်။ယခုနှစ်အတွက် အိုးလေဒီတို့ရဲ့ သွင်းဂိုးအများဆုံးနေရာမှာ ဒိုင်ဘားလားက ၁၆ဂိုးသွင်းပြီး ရပ်တည်နေခဲ့ပါတယ်။စီရော်နယ်ဒိုကတော့ ၁၅ဂိုးနဲ့ဒုတိယနေရာမှာရှိနေခဲ့ပြီး မန်ဇူကစ်ကတော့ ၁၃ဂိုးနဲ့တတိယနေရာမှာ အစဉ်အလိုက် ရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင်ရော်နယ်ဒို ဟာ ၂၀၁၈ခုနှစ်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့ ဆန်ဒိုးရီးယားနဲ့ပွဲမှာလည်း နှစ်ဂိုးသွင်းပြီးခြေစွမ်းကောင်းပြသခဲ့ပါသေးတယ်။အချက်အလက်တွေအရတော့ ၂၀၁၈ပြက္ခဒိန်နှစ်ရဲ့ ဂျူဗင်တပ်အသင်းအတွက်ဂိုး၁၀၀ မြောက်ကိုလည်း စီရော်နယ်ဒိုကပဲသွင်းယူပေးခဲ့တာပါ။မနေ့ကနိုင်ပွဲကြောင့် ဂျူဗင်တပ်အသင်းဟာ စီးရီအေ ရှုံးပွဲမရှိစံချိန်ကိုဆက်လက်ထိမ်းထားနိုင်ခဲ့ပေမယ့် ဆမ်ဒိုးရီးယားအသင်းကတော့ VARဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီး မပျော်မရွှင်ဖြစ်နေပါတယ်။ရော်နယ်ဒိုကတော့''ကျနော်တို့အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ပထမပိုင်းကစားပုံက ဒီရာသီအကောင်းဆုံးပုံစံလို့တောင်ပြောလို့ရတယ်။ဒုတိယပိုင်းကစားပုံမျိုးကိုလည်း ရာသီတလျှောက်ထိမ်းသိမ်းထားနိုင်ဖို့လိုအပ်ပါတယ်။VARစနစ်ကိုနှစ်သက်ပါတယ်။ ဒိုင်တွေဟာ ဆုံးဖြတ်ချက်တွေကို ခက်ခက်ခဲခဲချမှတ်ရတာပါ။ဒါကြောင့် သူတို့ကိုလွယ်ကူစေရန် ကူညီနိုင်မယ့်အရာတွေကို ကျနော်တို့ကြိုဆိုရမှာပေါ့''လို့ ပြောသွားခဲ့ပါတယ်။
Post a Comment