တစ္ဖက္အသင္းကိုမေလးစားသလိုေျပာခဲ့တာေၾကာင့္ေ၀ဖန္ခံေနရတဲ့စတီဗင္ဂ်ာရတ္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စတီဗင္ဂ်ာရတ္ရဲ ့ပြဲၿပီးအင္တာဗ်ဴးဟာ ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့စေကာတလန္ပရိတ္သတ္ေတြရဲ ့ေ၀ဖန္ျခင္းကိုခံေနရပါတယ္။
ရိန္းဂ်ားအသင္းဟာ စိန္ ့ဂြ်န္စတုန္းအသင္းကို ကိုလံဘီယာကစားသမား မိုေလာ့စ္ရဲ ့ဒုတိယပိုင္းသြင္းဂိုး၂ဂိုးနဲ ့ပြဲအၿပီးမွာ ၂-၁ ျဖင့္အနိုင္ရခဲ့ပါတယ္။ဂ်ာရတ္ကိုင္တြယ္ေနတဲ့ ရိန္းဂ်ားအသင္းဟာအဆိုပါနိုင္ပြဲေၾကာင့္ဇယားထိပ္ကိုဦးေဆာင္ဖို ့အခြင့္အေရးရရိွေတာ့မွာပဲျဖစ္ပါတယ္။
ဂ်ာရတ္ရဲ ့ရိန္းဂ်ားအသင္းဟာ ပြဲကစားခ်ိန္ပထမပိုင္းမွာ ပံုစံေကာင္းေတြေပ်ာက္ဆံုးေနခဲ့ၿပီး သူ ့အသင္းရဲ ့စြမ္းေဆာင္ရည္နဲ ့ပတ္သတ္ၿပီးဂ်ာရတ္ကအားမလိုအားမရျဖစ္ခဲ့ပါတယ္။ဒါပင္မယ့္ စိန္ဂၽြန္စတုန္းပရိတ္သတ္ေတြနဲ ့အျခားစေကာတလန္ပရိတ္သတ္ေတြကေတာ့ ဂ်ာရတ္ရဲ ့ ပြဲအၿပီးအင္တာဗ်ဴးစကားကို အရိုအေသမဲ့တဲ့ ေလးစားမႈမရိွတဲ့သူတစ္ေယာက္လို ့ေ၀ဖန္အျပစ္တင္ေနၾကတာပဲျဖစ္ပါတယ္။
“ ကၽြန္ေတာ္တို ့ေတြ ဒီလိုေနရာမ်ိဳးမွာ ဒီေလာက္ခက္ခက္ခဲခဲကစားေနစရာကိုမလိုတာပါ။” လို ့BT Sport ကိုေျပာၾကားခဲ့တာပါ။
ဂ်ာရတ္ဆိုလိုတာက ရိန္းဂ်ားအသင္းဟာ အရင္တုန္းထဲက စိန္ ့ဂၽြန္စတုန္းလို အသင္းကို အျမဲတမ္းအနိုင္ယူေနၾကျဖစ္တာေၾကာင့္ ဒီလိုမ်ိဳးခက္ခက္ခဲခဲကစားရတာကို ပြင့္ပြင့္လင္းလင့္ဒဲ့ေျပာခ်လိုက္မိတာပဲျဖစ္ပါတယ္။
စေကာတလန္ပရိတ္သတ္ေတြကေတာ့ လူမႈကြန္ယက္စာမ်က္နွာေတြမွာ နည္းျပဂ်ာရတ္ကို ဂုဏ္ေမာက္ၿပီးေလးစားမႈမရိွတဲ့သူတစ္ေယာက္လို ့ေ၀ဖန္ေနၾကတာပဲျဖစ္ပါတယ္။
ဂ်ာရတ္ရဲ ့ေျပာစကားအေပၚ Friday ပရိတ္သတ္ေတြရဲ ့အျမင္ကေရာဘယ္လိုလဲ?
(Unicode)
တစ်ဖက်အသင်းကိုမလေးစားသလိုပြောခဲ့တာကြောင့်ဝေဖန်ခံနေရတဲ့စတီဗင်ဂျာရတ်
စတီဗင်ဂျာရတ်ရဲ့ပွဲပြီးအင်တာဗျူးဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့စကောတလန်ပရိတ်သတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်။
ရိန်းဂျားအသင်းဟာ စိန့်ဂျွန်စတုန်းအသင်းကို ကိုလံဘီယာကစားသမား မိုလော့စ်ရဲ့ဒုတိယပိုင်းသွင်းဂိုး၂ဂိုးနဲ့ပွဲအပြီးမှာ ၂-၁ ဖြင့်အနိုင်ရခဲ့ပါတယ်။ဂျာရတ်ကိုင်တွယ်နေတဲ့ ရိန်းဂျားအသင်းဟာအဆိုပါနိုင်ပွဲကြောင့်ဇယားထိပ်ကိုဦးဆောင်ဖို့အခွင့်အရေးရရှိတော့မှာပဲဖြစ်ပါတယ်။
ဂျာရတ်ရဲ့ရိန်းဂျားအသင်းဟာ ပွဲကစားချိန်ပထမပိုင်းမှာ ပုံစံကောင်းတွေပျောက်ဆုံးနေခဲ့ပြီး သူ့အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီးဂျာရတ်ကအားမလိုအားမရဖြစ်ခဲ့ပါတယ်။ဒါပင်မယ့် စိန်ဂျွန်စတုန်းပရိတ်သတ်တွေနဲ့အခြားစကောတလန်ပရိတ်သတ်တွေကတော့ ဂျာရတ်ရဲ့ ပွဲအပြီးအင်တာဗျူးစကားကို အရိုအသေမဲ့တဲ့ လေးစားမှုမရှိတဲ့သူတစ်ယောက်လို့ဝေဖန်အပြစ်တင်နေကြတာပဲဖြစ်ပါတယ်။
“ ကျွန်တော်တို့တွေ ဒီလိုနေရာမျိုးမှာ ဒီလောက်ခက်ခက်ခဲခဲကစားနေစရာကိုမလိုတာပါ။” လို့BT Sport ကိုပြောကြားခဲ့တာပါ။
ဂျာရတ်ဆိုလိုတာက ရိန်းဂျားအသင်းဟာ အရင်တုန်းထဲက စိန့်ဂျွန်စတုန်းလို အသင်းကို အမြဲတမ်းအနိုင်ယူနေကြဖြစ်တာကြောင့် ဒီလိုမျိုးခက်ခက်ခဲခဲကစားရတာကို ပွင့်ပွင့်လင်းလင့်ဒဲ့ပြောချလိုက်မိတာပဲဖြစ်ပါတယ်။
စကောတလန်ပရိတ်သတ်တွေကတော့ လူမှုကွန်ယက်စာမျက်နှာတွေမှာ နည်းပြဂျာရတ်ကို ဂုဏ်မောက်ပြီးလေးစားမှုမရှိတဲ့သူတစ်ယောက်လို့ဝေဖန်နေကြတာပဲဖြစ်ပါတယ်။
ဂျာရတ်ရဲ့ပြောစကားအပေါ် Friday ပရိတ်သတ်တွေရဲ့အမြင်ကရောဘယ်လိုလဲ?
Post a Comment