ဆိုးလ္ရွားကို ယာယီနည္းျပအျဖစ္တရား၀င္ခန္ ့အပ္ခဲ့တဲ့မန္ခ်က္စတာယူနိုက္တက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယူနိုက္တက္အသင္းဟာ အဂၤါေန႔က ေမာ္ရင္ဟုိကုိ ထုတ္ပစ္ျပီးတဲ့ေနာက္ ယာယီနည္းျပအျဖစ္ အသင္းရဲ႕ တုိက္စစ္မွဴး ေဟာင္း အုိးလ္ ဆုိးလ္ရွားကုိ ခန္႔အပ္ခဲ့ပါတယ္။ ၄၅ ႏွစ္အရြယ္ ဆုိးလ္ရွားဟာ နည္းျပေဟာင္း ဆာ အဲလက္စ္ ဖာဂူဆန္ရဲ႕ လက္ေအာက္မွာ ၁၁ ရာသီ ကစားခဲ့ျပီး သြင္းဂုိး ၁၂၆ ဂုိး သြင္းယူခဲ့ပါတယ္။
ဆုိးလ္ရွားဟာ လက္ရွိ ေနာ္ေ၀းအေျခစုိက္ မုိလ္အသင္းကုိ ကုိင္တြယ္ ေနေပမယ့္ ၂၀၁၈ ခုႏွစ္ ေဆာင္းရာသီက အဆုံးသတ္ခဲ့ျပီ ျဖစ္သလို ျပိဳင္ပဲြကုိလည္း မတ္လမွ ျပန္လည္ စတင္မွာပါ။ ဒါေႀကာင့္ မန္ယူနိုက္တက္အသင္းက လက္ရွိ ၂၀၁၈-၁၉ ခုႏွစ္ ရာသီမကုန္ခင္အထိ သူ႔ကုိ ယာယီ နည္းျပ အေနနဲ႔ ခန္႔အပ္သြားမွာ ျဖစ္ပါတယ္။
မန္ယူနိုက္တက္အသင္းရဲ႕ တရား၀င္ ၀က္ဆုိက္မွာ ၁၉၉၉ ခုႏွစ္က ဘုိင္ယန္အသင္းနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဗုိလ္လုပဲြစဥ္မွာ ဆုိးလ္ရွား သြင္းယူခဲ့တဲ့ အႏုိင္ဂုိးကုိ ဗီဒီယုိနဲ႔ တင္ထားျပီး “ဆုိးလ္ရွားက ေဘာလုံးရာသီ၂၀ ရာသီ ကုန္လြန္ျပီးတဲ့ေနာက္ မန္ယူယူနိုက္တက္အသင္းရဲ႕ ယာယီနည္းျပ ျဖစ္လာခဲ့ပါတယ္” လုိ႔ ေရးသားခဲ့ပါတယ္။
ေနာ္ေ၀းသား ဆိုးလ္ရွားကုိ မန္ယူနိုက္တက္အသင္းမွာ ခန္႔အပ္ခဲ့တာနဲ႔ ပက္သက္ျပီး ေနာ္ေ၀းႏုိင္ငံရဲ႕ ၀န္ႀကီးခ်ဳပ္ အာနာ ဆုိလ္ဘတ္က“ေနာ္ေ၀းေဘာလုံးအတြက္ ႀကီးျမတ္တဲ့ ေန႔ပါပဲ။ မန္ယူနိုက္တက္အသင္းကုိကုိင္တြယ္တဲ့ တစ္ေလွ်ာက္လုံး ကံေကာင္းပါေစ” လုိ႔ တြမ္တာမွာ ေရးခဲ့ေပမယ့္လည္း ေနာက္ပုိင္း သူမ ျပန္ဖ်က္ခဲ့ပါတယ္။
ဆုိးလ္ရွားဟာ ၂၀၁၄ ခုႏွစ္တုန္းက ကာဒစ္ဖ္အသင္းကုိ ကုိင္တြယ္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ကေန တန္းဆင္း ခဲ့ရတဲ့အတြက္ ၈ လသာ ႀကာရွည္ခံခဲ့ျပီး အခု သူ႔ရဲ႕ ပထမဆုံး မန္ယူနိုက္တက္ ပဲြစဥ္အျဖစ္ လာမယ့္ စေနေန႔က်ရင္ ပရီးမီးယား လိဂ္မွာ ပထမဆုံး ကိုင္တြယ္ခဲ့တဲ့ အသင္းေဟာင္း ကာဒစ္ဖ္အသင္းနဲ႔ ျပန္လည္ ရင္ဆုိင္ရမွာပါ။
နည္းျပ ဆုိးလ္ရွားဟာ ၂၀၁၅ ခုႏွစ္မွာ ေနာ္ေ၀းအေျခစုိက္ မုိလ္အသင္းကုိ ကုိင္တြယ္ခဲ့ျပီး ယခုလ အေစာပိုင္း ပုိင္းက အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့ပါတယ္။ ဆုိးလ္ရွားဟာ ကစားသမားအျဖစ္ ယူနိုက္တက္အသင္းမွာ ပရီးမီးယား လိဂ္ ဆုဖလား ၆ ႀကိမ္ နဲ႔ အက္ဖ္ေအ ဆုဖလား ၂ ႀကိမ္ ရရွိခဲ့ပါတယ္။ အခု ကာဒစ္ဖ္အသင္းက အဆင့္ ၁၆ ေနရာမွာပါ။
သူ႔ရဲ႕ ပထမဆုံး ယူနိုက္တက္ ပဲြစဥ္အျဖစ္ လာမယ့္ စေနေန႔က်ရင္ ပရီးမီးယား လိဂ္မွာ ပထမဆုံး ကိုင္တြယ္ခဲ့တဲ့ အသင္းေဟာင္း ကာဒစ္ဖ္အသင္းနဲ႔ ျပန္လည္ ရင္ဆုိင္ရမွာပါ
(Unicode)
ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်တရားဝင်ခန့်အပ်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်
ယူနိုက်တက်အသင်းဟာ အင်္ဂါနေ့က မော်ရင်ဟိုကို ထုတ်ပစ်ပြီးတဲ့နောက် ယာယီနည်းပြအဖြစ် အသင်းရဲ့ တိုက်စစ်မှူး ဟောင်း အိုးလ် ဆိုးလ်ရှားကို ခန့်အပ်ခဲ့ပါတယ်။ ၄၅ နှစ်အရွယ် ဆိုးလ်ရှားဟာ နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ လက်အောက်မှာ ၁၁ ရာသီ ကစားခဲ့ပြီး သွင်းဂိုး ၁၂၆ ဂိုး သွင်းယူခဲ့ပါတယ်။
ဆိုးလ်ရှားဟာ လက်ရှိ နော်ဝေးအခြေစိုက် မိုလ်အသင်းကို ကိုင်တွယ် နေပေမယ့် ၂၀၁၈ ခုနှစ် ဆောင်းရာသီက အဆုံးသတ်ခဲ့ပြီ ဖြစ်သလို ပြိုင်ပွဲကိုလည်း မတ်လမှ ပြန်လည် စတင်မှာပါ။ ဒါကြောင့် မန်ယူနိုက်တက်အသင်းက လက်ရှိ ၂၀၁၈-၁၉ ခုနှစ် ရာသီမကုန်ခင်အထိ သူ့ကို ယာယီ နည်းပြ အနေနဲ့ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းရဲ့ တရားဝင် ဝက်ဆိုက်မှာ ၁၉၉၉ ခုနှစ်က ဘိုင်ယန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဆိုးလ်ရှား သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို ဗီဒီယိုနဲ့ တင်ထားပြီး “ဆိုးလ်ရှားက ဘောလုံးရာသီ၂၀ ရာသီ ကုန်လွန်ပြီးတဲ့နောက် မန်ယူယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
နော်ဝေးသား ဆိုးလ်ရှားကို မန်ယူနိုက်တက်အသင်းမှာ ခန့်အပ်ခဲ့တာနဲ့ ပက်သက်ပြီး နော်ဝေးနိုင်ငံရဲ့ ဝန်ကြီးချုပ် အာနာ ဆိုလ်ဘတ်က“နော်ဝေးဘောလုံးအတွက် ကြီးမြတ်တဲ့ နေ့ပါပဲ။ မန်ယူနိုက်တက်အသင်းကိုကိုင်တွယ်တဲ့ တစ်လျှောက်လုံး ကံကောင်းပါစေ” လို့ တွမ်တာမှာ ရေးခဲ့ပေမယ့်လည်း နောက်ပိုင်း သူမ ပြန်ဖျက်ခဲ့ပါတယ်။
ဆိုးလ်ရှားဟာ ၂၀၁၄ ခုနှစ်တုန်းက ကာဒစ်ဖ်အသင်းကို ကိုင်တွယ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကနေ တန်းဆင်း ခဲ့ရတဲ့အတွက် ၈ လသာ ကြာရှည်ခံခဲ့ပြီး အခု သူ့ရဲ့ ပထမဆုံး မန်ယူနိုက်တက် ပွဲစဉ်အဖြစ် လာမယ့် စနေနေ့ကျရင် ပရီးမီးယား လိဂ်မှာ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်း ကာဒစ်ဖ်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာပါ။
နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၅ ခုနှစ်မှာ နော်ဝေးအခြေစိုက် မိုလ်အသင်းကို ကိုင်တွယ်ခဲ့ပြီး ယခုလ အစောပိုင်း ပိုင်းက အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ဆိုးလ်ရှားဟာ ကစားသမားအဖြစ် ယူနိုက်တက်အသင်းမှာ ပရီးမီးယား လိဂ် ဆုဖလား ၆ ကြိမ် နဲ့ အက်ဖ်အေ ဆုဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။ အခု ကာဒစ်ဖ်အသင်းက အဆင့် ၁၆ နေရာမှာပါ။
သူ့ရဲ့ ပထမဆုံး ယူနိုက်တက် ပွဲစဉ်အဖြစ် လာမယ့် စနေနေ့ကျရင် ပရီးမီးယား လိဂ်မှာ ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ အသင်းဟောင်း ကာဒစ်ဖ်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ရမှာပါ
Post a Comment