Header Ads


ဒီအခ်က္၇ခ်က္ေၾကာင့္မန္ခ်က္စတာယူနိုက္တက္အသင္းကိုလူမုန္းမ်ားေနရတာပါ။



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ယွဥ္ျပိဳင္မႈေတြရဲ႕စည္းမ်ဥ္းက အသင္းတစ္သင္း(သို႔မဟုတ္)လူတစ္ေယာက္ကသာ အနိုင္ရျပီး က်န္တဲ့သူေတြကရံႈးနိမ့္ရပါတယ္။သေဘာထားမျပည့္ဝသူေတြဟာကိုယ့္အေပၚ ေရာက္ေနရင္ဆြဲခ်ခ်င္ျကျပီး  ကိုယ့္အထက္မွာအျမဲရွိသူတစ္ေယာက္ကို မနာလိုအမုန္းထားျကပါတယ္။ဒါေျကာင့္ သတင္းမီဒီယာ အားေကာင္းလာတဲ့ေခတ္ျကီးမွာ စဥ္ဆက္မပ်က္ေအာင္ျမင္ေနတဲ့အသင္းတစ္သင္း ခတၲခနက်ဆံုးခ်ိန္မွာ လက္ညိွဳးတစ္ေထာင္မက ဝိုင္းထိုးျကတာျဖစ္နိုင္ပါတယ္။ဟုတ္ပါတယ္...ဒီအသင္းကေတာ့ မန္ခ်က္စတာယူနိုက္တက္ပါပဲ။ ယူနိုက္တက္အေနနဲ႕ ဘာေျကာင့္လူမုန္းမ်ားေနရလဲဆိုတာေဖာ္ထုတ္ၾကည့္လိုက္ေတာ့....

ေက်ာ္ျကားမႈနဲ႕အရွိန္အဝါ

ယူနိုက္တက္ဟာကလပ္တစ္ခုမဟုတ္ပါဘူး။အမွတ္တံဆိပ္တစ္ခုျဖစ္ေနပါၿပီ။အာင္ျမင္ေက်ာ္ျကားမႈေတြ သမိုင္းအစဥ္အလာေတြဆိုတာေငြနဲ႔ဝယ္ယူလို႔မရပဲ စဥ္ဆက္မျပတ္တည္ေဆာက္ရတာမ်ိဳးပါ။ယူနိုက္တက္ဟာ ေျခစြမ္ပိုင္း,ရလဒ္ပိုင္းက်ဆင္းေနခ်ိန္မွာေတာင္ အသင္းပံုရိပ္ထိုးမက်သြားပဲ စံခ်ိန္တင္ဝင္ေငြေတြရျခင္းဟာ အစဥ္အလာေကာင္းေတြေျကာင့္ပါပဲ။လက္ရွိေငြဝင္ေပါက္ေတြထဲမွာ စပြန္ဆာကုမၸဏီတင္ ၃၀ထက္မနည္းရွိနိုင္ပါတယ္။ဒီလို တဖိတ္လက္လက္ ေက်ာ္ျကားမႈေတြကလည္း ျပိဳင္ဘက္ေလာလံုးအသင္းဖန္ေတြအတြက္ အားက်စရာပါပဲ။

အရွိန္အဝါဆိုတဲ့ လႊမ္းမိုးနိုင္မႈနဲ႕ပတ္သတ္ျပီး ယူနိုက္တက္မွာ ျသဇာရွိတဲ့ဆာမတ္ဘတ္ဘီ ,ဆာေဘာ္ဘီခ်ာတန္, ဆာအဲလက္ဖာဂူဆန္တို႕လိုမ်ိဳး ဆာဘြဲ႔ရ ဂႏၲဝင္ျကီး ေတြ မ်ားစြာရွိရွိခဲ့ပါတယ္။ အရန္ခံုတန္းကေန ကြင္းေဘးစည္းကို ဖာဂူဆန္ေအာ္ဟစ္ဆင္းလာရင္ ကြင္းလည္ဒိုင္ပါ ျပာျပာသလဲ ျဖစ္သြားတက္တဲ့ လႊမ္းမိုးနိုင္စြမ္းမ်ိဳး တစ္ျခားပရီးမီးယားလိဂ္အသင္းေတြမွာရွိမေနပါဘူး။ဒါေျကာင့္ပဲ ယူနိုက္တက္ဟာဒိုင္ေတြရဲ႕သက္ညွာမႈကိုရေနတယ္လို႔ ေကာလဟာဟေတြထြက္လာတာပါ။အိုးထရက္ဖို႔ဒ္ဆိုတဲ့ ကြင္းကလည္း ျပိဳင္ဘက္ေတြအနိုင္ယူဖို႔ခက္တဲ့ ငရဲခန္းတစ္ခုျဖစ္ခဲ့ဖူးပါတယ္။ဒီလို အရွိန္အဝါေတြေျကာင့္လည္း ျပိဳင္ဘက္ေဘာလံုးဖန္ေတြအေနနဲ႔ ယူနိုက္တက္ကို မုန္းစြဲ စြဲေနတာျဖစ္နိုင္ပါတယ္။

ဖာဂီtimeလို႔ေခၚရတဲ့ထိ အနိုင္မခံအရံႈးမေပးစိတ္ဓာတ္

အားလံုးသိတဲ့ဇာတ္လမ္းေလးတစ္ခုရွိပါတယ္။၁၉၉၈-၉၉ေဘာလံုးရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ  ယူနိုက္တက္ဟာ ဂ်ာမန္ဘီလူးျကီး ဘိုင္ယန္ျမဴးနစ္ကို မိနစ္၉၀အတြင္း -၀နဲ႕ရံႈးေနခဲ့ပါတယ္။
အခ်ိန္ပို၃မိနစ္မွာေတာ့ တယ္ဒီရွရဂမ္ ,ဆိုးရွားတို႕ရဲ႕ဂိုးေတြနဲ႕အနိုင္ရခဲ့ျပီးတစ္ရာသီအတြင္း ဖလားသံုးလံုးရတဲ့ တစ္သင္းထဲေသာအဂၤလန္ကလပ္ျဖစ္လာပါတယ္။

ယူနိုက္တက္ ရံႈးနိမ့္ေနခ်ိန္ေတြဆို အခ်ိန္ပို မိနစ္မ်ားမ်ားရတက္လို႔ ျဗိတိန္မီဒီယာေတြက ဖာဂီtimeလို႕ ေနာက္ေျပာင္ေခၚေဝၚခဲ့ပါတယ္။ဒီလိုေနာက္ဆံုးမိနစ္ေတြမွာ ဖာဂူဆန္ရဲ႕အသင္းဟာ အရံႈးကေနပြဲရလဒ္ကို အျကိမ္ျကိမ္ေျပာင္းျပန္လွန္ျပီး သရဲနီစိတ္ဓာတ္ျပခဲ့တဲ့ အခ်က္ကလည္း ျပိဳင္ဘက္ဖန္ေတြအတြက္မ်က္မုန္းက်ိဳးစရာပါပဲ။

ကစားသမားေဟာင္းေတြရဲ႕ေလးစားမႈ

ေနာက္ထပ္EPLျပိဳင္ဘက္ဖန္ေတြ အားက်စရာအခ်က္ပါပဲ။အိုးထရက္ဖို႔ဒ္ကြင္းျကီးရဲ႕ အရိပ္ကို ခိုလႈံသြားသူတိုင္း အသင္းရဲ႕ဂုဏ္ျဒပ္ကိုေလးစားျကပါတယ္။


ရာေဖးလိုင္ယြန္ေျပာင္းေတာ့ ''က်ေတာ့ ဒီမွာေက်ာနံပါတ္၂၀ကို ဝတ္ဆင္တာ ယူနိုက္တက္နဲ႔ အျကိမ္၂၀ေျမာက္ ပရီးမီးယားလိဂ္ဖလားရခဲ့လို႔ပါ''တဲ့။ဗန္ပါစီကလည္း''အာဆင္နယ္က ထြက္ခြာခဲ့တာေနာင္တမရဘူး။ယူနိုက္တက္ကို ေစာေစာမလာမိတာပဲေနာင္တရစရာရွိပါတယ္''လို႔ဆိုျပန္တယ္။စီေရာ္နယ္ဒိုထြက္ခြာေတာ့လည္း အိုးထရက္ဖို႔ဒ္ဟာက်ေနာ္ရဲ႕ အိမ္လို႔ဆိုခဲ့ျပီးေဖာ္လန္,ဘာဘာေတာ့တို႔ကအစ ေမာက္မာပါတယ္ဆိုတဲ့ အီဗရာဗိုဗစ္အဆံုး ယူနိုက္တက္ကထြက္ခြာခ်ိန္မွာ လြမ္းဆြတ္ေျကာင္းတြင္တြင္ေျပာခဲ့ျကပါတယ္။လက္ရွိယူနိုက္တက္ရဲ႕ ေျခစြမ္းပိုင္းကိုအျမဲေဝဖန္မႈျပဳေနတဲ့ ေပါစခိုးဆိုရင္ကစားသမားဘဝက ေအးဂ်င့္ေတာင္မထားပဲ က်ေနာ့္ကိုလိုခ်င္ရင္ ယူနိုက္တက္ကိုဝယ္လိုက္ပါလို႔ေျပာခဲ့ဖူးသူပါ။

အရင္ကမိုရက္ထြက္ခြာခ်ိန္မွာclass of 92ဆိုျပီးေက်ာ္ျကားတဲ့ ဂစ္တို႔တေတြ ယာယီနည္းျပဝင္လုပ္ေပးခဲ့ပါတယ္။အခုလည္း ကေမာက္ကမျဖစ္ေနတဲ့အသင္းကို ထိန္းေက်ာင္းဖို႔ သူကိုင္တြယ္ေနတဲ့အသင္းကိုထားျပီး ဆိုးရွားေရာက္လာျပန္ပါျပီ။ဒီလိုသံေယာစဥ္ ျကီးတဲ့ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ့အသင္း ပရီးမီးယားလိဂ္မွာ ဘယ္အသင္းရွိေနလို႔လဲ။

ဘ႑ာေရးအင္အားေတာင့္တင္းခိုင္မာမႈ

ဟုတ္ပါတယ္။ဖာဂီေခတ္ယူနိုက္တက္ဟာ ဘယ္တုန္းကမွ ေငြကိုဗဟိုျပဳတည္မတည္ေဆာက္ခဲ့ပါဘူး။ဒါေပမယ့္ ပရီးမီးယားလိဂ္ေခတ္ဦးပိုင္းထဲ ကသူစင္တင္ေပးခဲ့တဲ့ လူငယ္စစ္သူရဲေတြကို ထိန္းေက်ာင္းဖို႔  စစ္သူျကီးေနရာအတြက္ ကန္တိုနာကို ေငြပံုေပးေခၚယူခဲ့ပါတယ္။ဒီေခၚယူမႈဟာ ဖာဂူဆန္ရဲ႕အေစာပိုင္းကာလေအာင္ျမင္မႈေတြအတြက္ အဓိကေနရာမွာရွိေနတယ္ဆိုတာျငင္းမရပါဘူး။ေနာက္ပိုင္းအသင္းကိုျပန္လည္တည္ေဆာက္ရာမွာလည္း ရြန္းနီ ,ဖာဒီနန္ ,စီေရာ္နယ္ဒိုတို႔လိုလူငယ္ေလးေတြကို ေတာင္းသေလာက္ေပးျပီးေတာ္ေကာက္ခဲ့ပါတယ္။

ဆာအဲလက္ထြက္ခြာသြားျပီးခ်ိန္မွာလည္း ေပါ့ဘာကို ကလပ္စံခ်ိန္တင္ေျကးနဲ႕ေခၚယူခဲ့ပါတယ္။ယူနိုက္တက္မွာ ဘယ္ကစားသမားမ်ိဳးကိုမဆိုေခၚယူနိုင္တဲ့ ေငြေျကးအင္အားရွိေနတာအမွန္ပါပဲ။ဒီေငြေတြဟာ အသင္းပိုင္ရွင္လိုမ်ိဳးတစ္ဦးတစ္ေယာ က္စိုက္ထုတ္ေပးတာ ေမ်ွာ္ရတဲ့ အေျခေနမ်ိဳး မဟုတ္ပဲ စီးဆင္းေနတဲ့ ေစ်းကြက္ကရတဲ့ အျမတ္အစြန္းေတြသာျဖစ္ပါတယ္။ဒါေျကာင့္ ဘယ္သူလာလာ ခိုင္မာတဲ့ ဘ႑ာေရးအင္အားရွိေနမွာပါ။ဒါဟာ က်ယ္က်ယ္ေလာင္ေလာင္ေဝဖန္ေနတဲ့ျပိဳင္ဘက္ဖန္ေတြ အတြက္ တိတ္တိတ္ပုန္း အားက်စရာ အခ်က္လည္းျဖစ္ပါတယ္။

ဆုဖလားအိမ္မက္ေတြကို ရိုက္ခ်ိဳးခဲ့တာ

ဒီအခ်က္ကေတာ့ ယူနိုက္တက္ကိုျကည့္မရတဲ့သူေတြရင္ထဲခိုေအာင္းေနတဲ့ အဓိကအခ်က္ျဖစ္နိုင္ပါတယ္။
နယူးကာဆယ္အေနနဲ႔အလန္ရွီးယားနဲ႔အတူ အေတာက္ပဆံုးအခ်ိန္ေတြျဖတ္သန္းေနခ်ိန္ ရာသီဝက္ကာလမွာ ယူနိုက္တက္ကို ဆယ္မွတ္ေက်ာ္ျဖတ္ျပီး အမွတ္ေပးဇယားကိုဦးေဆာင္ေနခဲ့ပါတယ္။ဒါေပမယ့္ အဆံုးမွာေတာ့ ယူနိုက္တက္ကပဲေက်ာ္ျဖတ္ဗိုလ္စြဲသြားခဲ့ပါတယ္။ 

အမွတ္ေပးျပိဳင္ပြဲသမိုင္းရဲ႕ ထာဝရဂိုးသြင္းအမ်ားဆံုးကစားသမားျကီးခမ်ာ ယူနိုက္တက္ေျကာင့္ EPLမကိုင္သြားရရွာဘူး။ဒါေျကာင့္အလန္ရွီးယားကိုယ္တိုင္ ယူနိုက္တက္ကို အလိုလိုျကည့္မရတာလို႔ဆိုခဲ့တဲ့အထိပါပဲ။ဒီလိုပဲပရီးမီးယားလိဂ္လို႔ေခၚတြင္ျပီးေနာက္ပိုင္း အမွတ္ေပးဖလားမရေတာ့တဲ့ လီဗာပူးအသင္းရဲ႕အျကိမ္ျကိမ္ျကိဳးပမ္းမႈေတြဟာလည္း ယူနိုက္တက္ေျကာင့္ပဲ ပ်က္ျပယ္ခဲ့ရတယ္။ခ်ယ္ဆီးအသင္းရဲ႕ ပထမဆံုးခ်န္ပီယံလိဂ္ဗိုလ္လုပြဲဟာလည္း ယူနိုက္တက္ကို လက္ေျမွာက္ခဲ့ရတာပါပဲ။အာဆင္နယ္အသင္းရဲ႕၄၉ပြဲဆက္ရံႈးပြဲမရွိစံခ်ိန္ယူနိုက္တက္နဲ႔ပြဲမွာက်ိဳးပ်က္ခဲ့ျခင္း ,ဝင္ဂါးကိုအျမဲအသာရခဲ့တဲ့ဖာဂူဆန္တို႔ေျကာင့္လည္း ျပိဳင္ဘက္ထိပ္သီးဖန္ေတြရဲ႕ အမုန္းတရား ဟာ သရဲနီအသင္းအေပၚ စုေပါင္းက်ေရာက္ေနတာျဖစ္နိုင္ပါတယ္။

အသင္းအတြက္အနစ္နာခံတဲ့ဗီလိန္ျကီးေတြရွိေနတာ

ရြိဳင္ကိန္းေျပာဖူးတဲ့စကားေလးတစ္ခြန္းရွိတယ္။''အသင္းက၂ဂိုးျပတ္၃ဂိုးျပတ္နိုင္ေနခ်ိန္ဆို က်ေနာ္အနီကတ္ျပခံရေလ့မရွိပါဘူး''


တစ္ခ်ိဳ႕ကစားသမားေတြဟာ အနိုင္ရလိုစိတ္ျပင္းထန္လြန္းလို႔တစ္ခါတစ္ရံ ကြင္းထဲမွာဗီလိန္ျကီးေတြျဖစ္သြားတက္ပါတယ္။ရြိဳင္ကိန္း,ဗီဒစ္ ,ကန္တိုနာ,ရြန္းနီတို႔ ဆိုရင္ အသင္းအနိုင္ရဖို႔ သူညစ္ကိုညစ္ဆိုလည္းရတယ္။သူခ်ကိုယ္ခ်ဆိုလည္းရတယ္။ျပိဳင္ဘက္ေတြကို အိမ္မက္ဆိုးေပးဖို႔ဝန္ေလးမေနပါဘူး။အနီကဒ္နဲ႔အနိုင္ရလဒ္ လဲရဲျကသူေတြပါ။ ရြိဳင္ကိန္းနဲ႕ဗီအဲရာတို႕ တြန္းတြန္းတိုက္တိုက္အခ်င္းမ်ားျကတာဟာ ဟန္ေဆာင္လွဲခ်ျပီး အမူအရာပိုေနသူေတြေလာက္ေတာ့ျကည့္ရမဆိုးပါဘူး။အကယ္ဒမီ မွာထဲက အတူရွိခဲ့ျကတဲ့ class of 92အုပ္စုဟာ အသင္းျကီးကိုအတူေရာက္သြားျပီး တစ္ေယာက္ကိုထိရင္စပ္စပ္ထိမခံတဲ့ ရြာေဇာ္ေတြျဖစ္သြားပါတယ္။ဒါေတြဟာျပိဳင္ဘက္ပရိတ္သတ္ေတြအတြက္ေတာ့ အမုန္းပြားခ်င္စရာအမွန္ပါပဲ။

ဒီအခ်က္ေတြေျကာင့္ပဲ အဂၤလန္ရဲ႕အေအာင္ျမင္ဆံုးအသင္းက လူမုန္းအမ်ားဆံုးျဖစ္ေနတာထင္ပါတယ္။ေနာက္ဆံုးအခ်က္အေနနဲ ့အဓိကေျပာခ်င္တာကေတာ့မန္ခ်က္စတာယူနို္က္တက္ကိုမုန္းၾကတဲ့ ပရိတ္သတ္ေတြထဲမွာ (ျပည္တြင္းကိုဆိုလို) မန္ဖန္ေတြကိုၾကည့္မရလို ့၊မန္ဖန္ေတြဟာ ေလက်ယ္လို ့၊ မန္ဖန္ေတြဟာ သမိုင္းလွန္တတ္လို ့စသည္ျဖင့္ေျပာေျပာေနၾကပါတယ္။

ဒီအခ်က္ကိုရွင္းျပခ်င္တာကေတာ့ ေအာင္ျမင္မႈရရိွဖူးတဲ့အသင္းတိုင္းကို အားေပးၾကတဲ့အသင္းပရိတ္သတ္ေတြမွာလည္း အဆိုပါအသင္းရဲ ့လက္ရိွပကတိအေျခအေနမ်က္ကြယ္ျပဳထားၾကတဲ့ (တစ္ဖတ္ပိတ္) တစ္ခ်ိဳ ့ေသာပရိတ္သတ္ေတြရိွေကာင္းရိွစၿမဲပါ။အဲ့ဒါကို မွ မင္းတို ့မန္ဖန္ေတြက ပိုမ်ားပါတယ္လို ့လာေျပာရင္ေတာ့ ဟုတ္ကဲ ့မန္ခ်က္စတာယူနိုက္တက္ပရိတ္သတ္ဆိုတာ ကမာၻ အနွံ ေရာျမန္မာျပည္မွာ ဒုနဲ ့ေဒး အမ်ားဆံုးရိွပါတယ္လို ့ဆိုလိုက္ပါရေစ။

မန္ခ်က္စတာယူနိုက္တက္ဆိုတာကလပ္မဟုတ္ပါဘူး။Brand(အမွတ္တံဆိပ္တစ္ခု) ျဖစ္ေနပါၿပီ။

အျခားေသာအသင္းမ်ားနဲ ့ပရိတ္သတ္ေတြကို ထိခိုက္နစ္နာေစလိုေသာ၊ အရိုအေသမဲ့ေသာရည္ရြယ္ခ်က္ျဖင့္ ယခုေဆာင္းပါးအားေရးသားထားျခင္းလံုး၀မဟုတ္ပါ။နွစ္သက္သည္ဆိုပါက Like and Share လုပ္ေပးသြားနိုင္ပါတယ္။

Oppa Nyi Zaw( Friday Sports)

(Unicode)



ယှဉ်ပြိုင်မှုတွေရဲ့စည်းမျဉ်းက အသင်းတစ်သင်း(သို့မဟုတ်)လူတစ်ယောက်ကသာ အနိုင်ရပြီး ကျန်တဲ့သူတွေကရှုံးနိမ့်ရပါတယ်။သဘောထားမပြည့်ဝသူတွေဟာကိုယ့်အပေါ် ရောက်နေရင်ဆွဲချချင်ကြပြီး  ကိုယ့်အထက်မှာအမြဲရှိသူတစ်ယောက်ကို မနာလိုအမုန်းထားကြပါတယ်။ဒါကြောင့် သတင်းမီဒီယာ အားကောင်းလာတဲ့ခေတ်ကြီးမှာ စဉ်ဆက်မပျက်အောင်မြင်နေတဲ့အသင်းတစ်သင်း ခတ္တခနကျဆုံးချိန်မှာ လက်ညှိုးတစ်ထောင်မက ဝိုင်းထိုးကြတာဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်...ဒီအသင်းကတော့ မန်ချက်စတာယူနိုက်တက်ပါပဲ။ ယူနိုက်တက်အနေနဲ့ ဘာကြောင့်လူမုန်းများနေရလဲဆိုတာဖော်ထုတ်ကြည့်လိုက်တော့....

ကျော်ကြားမှုနဲ့အရှိန်အဝါ

ယူနိုက်တက်ဟာကလပ်တစ်ခုမဟုတ်ပါဘူး။အမှတ်တံဆိပ်တစ်ခုဖြစ်နေပါပြီ။အာင်မြင်ကျော်ကြားမှုတွေ သမိုင်းအစဉ်အလာတွေဆိုတာငွေနဲ့ဝယ်ယူလို့မရပဲ စဉ်ဆက်မပြတ်တည်ဆောက်ရတာမျိုးပါ။ယူနိုက်တက်ဟာ ခြေစွမ်ပိုင်း,ရလဒ်ပိုင်းကျဆင်းနေချိန်မှာတောင် အသင်းပုံရိပ်ထိုးမကျသွားပဲ စံချိန်တင်ဝင်ငွေတွေရခြင်းဟာ အစဉ်အလာကောင်းတွေကြောင့်ပါပဲ။လက်ရှိငွေဝင်ပေါက်တွေထဲမှာ စပွန်ဆာကုမ္ပဏီတင် ၃၀ထက်မနည်းရှိနိုင်ပါတယ်။ဒီလို တဖိတ်လက်လက် ကျော်ကြားမှုတွေကလည်း ပြိုင်ဘက်လောလုံးအသင်းဖန်တွေအတွက် အားကျစရာပါပဲ။

အရှိန်အဝါဆိုတဲ့ လွှမ်းမိုးနိုင်မှုနဲ့ပတ်သတ်ပြီး ယူနိုက်တက်မှာ သြဇာရှိတဲ့ဆာမတ်ဘတ်ဘီ ,ဆာဘော်ဘီချာတန်, ဆာအဲလက်ဖာဂူဆန်တို့လိုမျိုး ဆာဘွဲ့ရ ဂန္တဝင်ကြီး တွေ များစွာရှိရှိခဲ့ပါတယ်။ အရန်ခုံတန်းကနေ ကွင်းဘေးစည်းကို ဖာဂူဆန်အော်ဟစ်ဆင်းလာရင် ကွင်းလည်ဒိုင်ပါ ပြာပြာသလဲ ဖြစ်သွားတက်တဲ့ လွှမ်းမိုးနိုင်စွမ်းမျိုး တစ်ခြားပရီးမီးယားလိဂ်အသင်းတွေမှာရှိမနေပါဘူး။ဒါကြောင့်ပဲ ယူနိုက်တက်ဟာဒိုင်တွေရဲ့သက်ညှာမှုကိုရနေတယ်လို့ ကောလဟာဟတွေထွက်လာတာပါ။အိုးထရက်ဖို့ဒ်ဆိုတဲ့ ကွင်းကလည်း ပြိုင်ဘက်တွေအနိုင်ယူဖို့ခက်တဲ့ ငရဲခန်းတစ်ခုဖြစ်ခဲ့ဖူးပါတယ်။ဒီလို အရှိန်အဝါတွေကြောင့်လည်း ပြိုင်ဘက်ဘောလုံးဖန်တွေအနေနဲ့ ယူနိုက်တက်ကို မုန်းစွဲ စွဲနေတာဖြစ်နိုင်ပါတယ်။

ဖာဂီtimeလို့ခေါ်ရတဲ့ထိ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်

အားလုံးသိတဲ့ဇာတ်လမ်းလေးတစ်ခုရှိပါတယ်။၁၉၉၈-၉၉ဘောလုံးရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ  ယူနိုက်တက်ဟာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်ကို မိနစ်၉၀အတွင်း ၁-ဝနဲ့ရှုံးနေခဲ့ပါတယ်။
အချိန်ပို၃မိနစ်မှာတော့ တယ်ဒီရှရဂမ် ,ဆိုးရှားတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပြီးတစ်ရာသီအတွင်း ဖလားသုံးလုံးရတဲ့ တစ်သင်းထဲသောအင်္ဂလန်ကလပ်ဖြစ်လာပါတယ်။

ယူနိုက်တက် ရှုံးနိမ့်နေချိန်တွေဆို အချိန်ပို မိနစ်များများရတက်လို့ ဗြိတိန်မီဒီယာတွေက ဖာဂီtimeလို့ နောက်ပြောင်ခေါ်ဝေါ်ခဲ့ပါတယ်။ဒီလိုနောက်ဆုံးမိနစ်တွေမှာ ဖာဂူဆန်ရဲ့အသင်းဟာ အရှုံးကနေပွဲရလဒ်ကို အကြိမ်ကြိမ်ပြောင်းပြန်လှန်ပြီး သရဲနီစိတ်ဓာတ်ပြခဲ့တဲ့ အချက်ကလည်း ပြိုင်ဘက်ဖန်တွေအတွက်မျက်မုန်းကျိုးစရာပါပဲ။


ကစားသမားဟောင်းတွေရဲ့လေးစားမှု

နောက်ထပ်EPLပြိုင်ဘက်ဖန်တွေ အားကျစရာအချက်ပါပဲ။အိုးထရက်ဖို့ဒ်ကွင်းကြီးရဲ့ အရိပ်ကို ခိုလှုံသွားသူတိုင်း အသင်းရဲ့ဂုဏ်ဒြပ်ကိုလေးစားကြပါတယ်။

ရာဖေးလိုင်ယွန်ပြောင်းတော့ ''ကျတော့ ဒီမှာကျောနံပါတ်၂၀ကို ဝတ်ဆင်တာ ယူနိုက်တက်နဲ့ အကြိမ်၂၀မြောက် ပရီးမီးယားလိဂ်ဖလားရခဲ့လို့ပါ''တဲ့။ဗန်ပါစီကလည်း''အာဆင်နယ်က ထွက်ခွာခဲ့တာနောင်တမရဘူး။ယူနိုက်တက်ကို စောစောမလာမိတာပဲနောင်တရစရာရှိပါတယ်''လို့ဆိုပြန်တယ်။စီရော်နယ်ဒိုထွက်ခွာတော့လည်း အိုးထရက်ဖို့ဒ်ဟာကျနော်ရဲ့ အိမ်လို့ဆိုခဲ့ပြီးဖော်လန်,ဘာဘာတော့တို့ကအစ မောက်မာပါတယ်ဆိုတဲ့ အီဗရာဗိုဗစ်အဆုံး ယူနိုက်တက်ကထွက်ခွာချိန်မှာ လွမ်းဆွတ်ကြောင်းတွင်တွင်ပြောခဲ့ကြပါတယ်။

လက်ရှိယူနိုက်တက်ရဲ့ ခြေစွမ်းပိုင်းကိုအမြဲဝေဖန်မှုပြုနေတဲ့ ပေါစခိုးဆိုရင်ကစားသမားဘဝက အေးဂျင့်တောင်မထားပဲ ကျနော့်ကိုလိုချင်ရင် ယူနိုက်တက်ကိုဝယ်လိုက်ပါလို့ပြောခဲ့ဖူးသူပါ။အရင်ကမိုရက်ထွက်ခွာချိန်မှာclass of 92ဆိုပြီးကျော်ကြားတဲ့ ဂစ်တို့တတွေ ယာယီနည်းပြဝင်လုပ်ပေးခဲ့ပါတယ်။အခုလည်း ကမောက်ကမဖြစ်နေတဲ့အသင်းကို ထိန်းကျောင်းဖို့ သူကိုင်တွယ်နေတဲ့အသင်းကိုထားပြီး ဆိုးရှားရောက်လာပြန်ပါပြီ။ဒီလိုသံယောစဉ် ကြီးတဲ့ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့အသင်း ပရီးမီးယားလိဂ်မှာ ဘယ်အသင်းရှိနေလို့လဲ။

ဘဏ္ဍာရေးအင်အားတောင့်တင်းခိုင်မာမှု


ဟုတ်ပါတယ်။ဖာဂီခေတ်ယူနိုက်တက်ဟာ ဘယ်တုန်းကမှ ငွေကိုဗဟိုပြုတည်မတည်ဆောက်ခဲ့ပါဘူး။ဒါပေမယ့် ပရီးမီးယားလိဂ်ခေတ်ဦးပိုင်းထဲ ကသူစင်တင်ပေးခဲ့တဲ့ လူငယ်စစ်သူရဲတွေကို ထိန်းကျောင်းဖို့  စစ်သူကြီးနေရာအတွက် ကန်တိုနာကို ငွေပုံပေးခေါ်ယူခဲ့ပါတယ်။ဒီခေါ်ယူမှုဟာ ဖာဂူဆန်ရဲ့အစောပိုင်းကာလအောင်မြင်မှုတွေအတွက် အဓိကနေရာမှာရှိနေတယ်ဆိုတာငြင်းမရပါဘူး။နောက်ပိုင်းအသင်းကိုပြန်လည်တည်ဆောက်ရာမှာလည်း ရွန်းနီ ,ဖာဒီနန် ,စီရော်နယ်ဒိုတို့လိုလူငယ်လေးတွေကို တောင်းသလောက်ပေးပြီးတော်ကောက်ခဲ့ပါတယ်။

ဆာအဲလက်ထွက်ခွာသွားပြီးချိန်မှာလည်း ပေါ့ဘာကို ကလပ်စံချိန်တင်ကြေးနဲ့ခေါ်ယူခဲ့ပါတယ်။ယူနိုက်တက်မှာ ဘယ်ကစားသမားမျိုးကိုမဆိုခေါ်ယူနိုင်တဲ့ ငွေကြေးအင်အားရှိနေတာအမှန်ပါပဲ။ဒီငွေတွေဟာ အသင်းပိုင်ရှင်လိုမျိုးတစ်ဦးတစ်ယော က်စိုက်ထုတ်ပေးတာ မျှော်ရတဲ့ အခြေနေမျိုး မဟုတ်ပဲ စီးဆင်းနေတဲ့ ဈေးကွက်ကရတဲ့ အမြတ်အစွန်းတွေသာဖြစ်ပါတယ်။ဒါကြောင့် ဘယ်သူလာလာ ခိုင်မာတဲ့ ဘဏ္ဍာရေးအင်အားရှိနေမှာပါ။ဒါဟာ ကျယ်ကျယ်လောင်လောင်ဝေဖန်နေတဲ့ပြိုင်ဘက်ဖန်တွေ အတွက် တိတ်တိတ်ပုန်း အားကျစရာ အချက်လည်းဖြစ်ပါတယ်။

ဆုဖလားအိမ်မက်တွေကို ရိုက်ချိုးခဲ့တာ

ဒီအချက်ကတော့ ယူနိုက်တက်ကိုကြည့်မရတဲ့သူတွေရင်ထဲခိုအောင်းနေတဲ့ အဓိကအချက်ဖြစ်နိုင်ပါတယ်။

နယူးကာဆယ်အနေနဲ့အလန်ရှီးယားနဲ့အတူ အတောက်ပဆုံးအချိန်တွေဖြတ်သန်းနေချိန် ရာသီဝက်ကာလမှာ ယူနိုက်တက်ကို ဆယ်မှတ်ကျော်ဖြတ်ပြီး အမှတ်ပေးဇယားကိုဦးဆောင်နေခဲ့ပါတယ်။ဒါပေမယ့် အဆုံးမှာတော့ ယူနိုက်တက်ကပဲကျော်ဖြတ်ဗိုလ်စွဲသွားခဲ့ပါတယ်။ အမှတ်ပေးပြိုင်ပွဲသမိုင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားကြီးခမျာ ယူနိုက်တက်ကြောင့် EPLမကိုင်သွားရရှာဘူး။ဒါကြောင့်အလန်ရှီးယားကိုယ်တိုင် ယူနိုက်တက်ကို အလိုလိုကြည့်မရတာလို့ဆိုခဲ့တဲ့အထိပါပဲ။ဒီလိုပဲပရီးမီးယားလိဂ်လို့ခေါ်တွင်ပြီးနောက်ပိုင်း အမှတ်ပေးဖလားမရတော့တဲ့ လီဗာပူးအသင်းရဲ့အကြိမ်ကြိမ်ကြိုးပမ်းမှုတွေဟာလည်း ယူနိုက်တက်ကြောင့်ပဲ ပျက်ပြယ်ခဲ့ရတယ်။ချယ်ဆီးအသင်းရဲ့ ပထမဆုံးချန်ပီယံလိဂ်ဗိုလ်လုပွဲဟာလည်း ယူနိုက်တက်ကို လက်မြှောက်ခဲ့ရတာပါပဲ။အာဆင်နယ်အသင်းရဲ့၄၉ပွဲဆက်ရှုံးပွဲမရှိစံချိန်ယူနိုက်တက်နဲ့ပွဲမှာကျိုးပျက်ခဲ့ခြင်း ,ဝင်ဂါးကိုအမြဲအသာရခဲ့တဲ့ဖာဂူဆန်တို့ကြောင့်လည်း ပြိုင်ဘက်ထိပ်သီးဖန်တွေရဲ့ အမုန်းတရား ဟာ သရဲနီအသင်းအပေါ် စုပေါင်းကျရောက်နေတာဖြစ်နိုင်ပါတယ်။

အသင်းအတွက်အနစ်နာခံတဲ့ဗီလိန်ကြီးတွေရှိနေတာ

ရွိုင်ကိန်းပြောဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်။''အသင်းက၂ဂိုးပြတ်၃ဂိုးပြတ်နိုင်နေချိန်ဆို ကျနော်အနီကတ်ပြခံရလေ့မရှိပါဘူး''

တစ်ချို့ကစားသမားတွေဟာ အနိုင်ရလိုစိတ်ပြင်းထန်လွန်းလို့တစ်ခါတစ်ရံ ကွင်းထဲမှာဗီလိန်ကြီးတွေဖြစ်သွားတက်ပါတယ်။ရွိုင်ကိန်း,ဗီဒစ် ,ကန်တိုနာ,ရွန်းနီတို့ ဆိုရင် အသင်းအနိုင်ရဖို့ သူညစ်ကိုညစ်ဆိုလည်းရတယ်။သူချကိုယ်ချဆိုလည်းရတယ်။ပြိုင်ဘက်တွေကို အိမ်မက်ဆိုးပေးဖို့ဝန်လေးမနေပါဘူး။အနီကဒ်နဲ့အနိုင်ရလဒ် လဲရဲကြသူတွေပါ။ ရွိုင်ကိန်းနဲ့ဗီအဲရာတို့ တွန်းတွန်းတိုက်တိုက်အချင်းများကြတာဟာ ဟန်ဆောင်လှဲချပြီး အမူအရာပိုနေသူတွေလောက်တော့ကြည့်ရမဆိုးပါဘူး။အကယ်ဒမီ မှာထဲက အတူရှိခဲ့ကြတဲ့ class of 92အုပ်စုဟာ အသင်းကြီးကိုအတူရောက်သွားပြီး တစ်ယောက်ကိုထိရင်စပ်စပ်ထိမခံတဲ့ ရွာဇော်တွေဖြစ်သွားပါတယ်။ဒါတွေဟာပြိုင်ဘက်ပရိတ်သတ်တွေအတွက်တော့ အမုန်းပွားချင်စရာအမှန်ပါပဲ။

ဒီအချက်တွေကြောင့်ပဲ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းက လူမုန်းအများဆုံးဖြစ်နေတာထင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့အဓိကပြောချင်တာကတော့မန်ချက်စတာယူနိုက်တက်ကိုမုန်းကြတဲ့ ပရိတ်သတ်တွေထဲမှာ (ပြည်တွင်းကိုဆိုလို) မန်ဖန်တွေကိုကြည့်မရလို့၊မန်ဖန်တွေဟာ လေကျယ်လို့၊ မန်ဖန်တွေဟာ သမိုင်းလှန်တတ်လို့စသည်ဖြင့်ပြောပြောနေကြပါတယ်။

ဒီအချက်ကိုရှင်းပြချင်တာကတော့ အောင်မြင်မှုရရှိဖူးတဲ့အသင်းတိုင်းကို အားပေးကြတဲ့အသင်းပရိတ်သတ်တွေမှာလည်း အဆိုပါအသင်းရဲ့လက်ရှိပကတိအခြေအနေမျက်ကွယ်ပြုထားကြတဲ့ (တစ်ဖတ်ပိတ်) တစ်ချို့သောပရိတ်သတ်တွေရှိကောင်းရှိစမြဲပါ။အဲ့ဒါကို မှ မင်းတို့မန်ဖန်တွေက ပိုများပါတယ်လို့လာပြောရင်တော့ ဟုတ်ကဲ့မန်ချက်စတာယူနိုက်တက်ပရိတ်သတ်ဆိုတာ ကမ္ဘာ အနှံ ရောမြန်မာပြည်မှာ ဒုနဲ့ဒေး အများဆုံးရှိပါတယ်လို့ဆိုလိုက်ပါရစေ။

မန်ချက်စတာယူနိုက်တက်ဆိုတာကလပ်မဟုတ်ပါဘူး။Brand(အမှတ်တံဆိပ်တစ်ခု) ဖြစ်နေပါပြီ။

အခြားသောအသင်းများနဲ့ပရိတ်သတ်တွေကို ထိခိုက်နစ်နာစေလိုသော၊ အရိုအသေမဲ့သောရည်ရွယ်ချက်ဖြင့် ယခုဆောင်းပါးအားရေးသားထားခြင်းလုံးဝမဟုတ်ပါ။နှစ်သက်သည်ဆိုပါက Like and Share လုပ်ပေးသွားနိုင်ပါတယ်။
Oppa Nyi Zaw( Friday Sports)



No comments

Powered by Blogger.