Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ယူနိုက်တက်ကနေမထွက်ခွာခင်ဒီပေးတစ်ယောက်မော်ရင်ဟိုကိုဘာပြောခဲ့တာလဲ?
မန်ချက်စတာယူနိုက်တက်ပရိတ်သတ်အများစုကတော့ အသင်းကစားသမားဟောင်းမာဖစ်ဒီပေးကို အသင်းဆီပြန်ခေါ်စေချင်နေကြတာပဲဖြစ်ပါတယ်။
သရဲနီတို့ရဲ့နည်းပြဟောင်းလူးဝစ်ဗန်ဟားက အသက်၂၄နှစ်အရွယ် နယ်သာလန်စတားကို PSV ကနေ ပြီးခဲ့တဲ့ ၂၁၀၅ က ပေါင်၃၁သန်းဖြင့်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။သို့ပင်မယ့်လည်း အိုထရက်ဖို့ဒ်ရက်စွဲတွေမှာ ဒီပေးတစ်ယောက်ရုန်းကန်နေခဲ့ရပြီး ၂၀၁၇ ဇန်နဝါရီအရောက်မှာတော့ ဂျို့စ်မော်ရင်ဟိုရဲ့ရောင်းထုတ်ခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။
သူဟာ လိုင်ယွန်အသင်းကိုပြန်လည်ပြောင်းရွှေ့ပြီးနောက်ပိုင်း သူ့ရဲ့PSV မှာတုန်းကပြသခဲ့တဲ့ခြေစွမ်းမျိုးပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။သူဟာလိုင်ယွန်အတွက် ၆၉  ပွဲကစားပြီးချိန် ၂၉ ဂိုးသွင်းယူပေးထားနိုင်တာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ ဒီပေးကသူယူနိုက်တက်ကနေမထွက်ခွာခင် နည်းပြမော်ရင်ဟိုအား နောက်ဆုံးပြောခဲ့တဲ့စကားတွေကို ပြန်လည်ပြောကြားလိုက်ပါတယ်။
“ ကျွန်တော်မော်ရင်ဟိုကပြောခဲ့တယ်။ခင်ဗျားကျွန်တော့်ကိုထိပ်ဆုံးမှာတွေ့စေရမယ်လို့။ သူက ပြောတယ်။ အိုကေ ငါလည်းအဲ့လို့မေ ျှာ်လင့်တယ်။ငါတို့မင်းကို တစ်နေ့ပြန်ခေါ်မယ်။ကျွန်တော်နဲ့သူ့ကြားမှာဆိုးရွားတဲ့ဆက်ဆံရေးတွေမရှိပါဘူး” လို့The Times ကိုပြောကြားခဲ့ပါတယ်။
ဒီပေးရဲ့ပြောကြားချက်အရ သူဟာမော်ရင်ဟိုလက်အောက်ထက် အရင်နည်းပြဗန်ဟားလက်အောက်မှာ ပိုပြီးပြဿနာရှိခဲ့တယ်လို့သိရပါတယ်။
“ တစ်နေ့ကျွန်တော့်ရဲ့ဘယ်ခြေကနေ ဖြတ်တင်ဘောတွေတိုးတက်အောင်လေ့ကျင်ချင်နေခဲ့တာပါ။အဲ့တော့ ဂစ်နဲ့ကျွန်တော်အပိုထပ်ဆောင်းလေ့ကျင့်ခန်းတွေလုပ်နေခဲ့တယ်။ဗန်ဟားကကျွန်တော့်ကို သူ့ရုံးခန်းဆီလာဖို့ခေါ်တယ်။ပြီးတော့ မေးတယ်။ မင်ဘာလို့လေ့ကျင်နေတာလဲတဲ့။ ကျွန်တော်က ကျွန်တော့်ဘယ်ခြေနဲ့ ဖြတ်တင်ဘောတွေတင်တဲ့နေရာမှာတိုးတက်လာအောင်လုပ်ချင်တာပါလို့ပြောလိုက်တယ်။သူကပြောတယ်။မင်းဖြတ်တင်ဘောတွေကကောင်းပြီးသားတဲ့။အဲ့ဒါမင်းခေါင်းထဲမှာရှိတယ်တဲ့။ ” 
မော်ရင်ဟို အနေနဲ့ယူနိုက်တက်စတားဟောင်းကိုရောင်းချလိုက်မိတဲ့အတွက်နောင်တရကောင်းရနိုင်သော်လည်း ကလပ်အနေနဲ့ပြန်လည်ခေါ်ယူခွင့်အချက်ထည့်သွင်းချူပ်ဆိုထားတာကြောင့်စိတ်ပူစရာတော့မလိုတာအမှန်ပါပဲ။
“ ဗန်ဟားတစ်ယောက် သူ့ကိုဝယ်ဖို့ဆုံးဖြတ်ခဲ့တာကမှန်ကန်တယ်ပြောရပါမယ်။သူ့အကြောင်းကို ဗန်ဟားဟာ နယ်သာလန်အသင်းမှာထဲကကောင်းကောင်းသိပါတယ်။သူဟာငယ်ရွယ်တယ်။ကမ္ဘာ့ဖလားမှာလည်း ထိပ်တန်းအရည်အသွေးကိုပြခဲ့တယ်။သူဟာနယ်သာလန်မှာကောင်းကောင်းကစားနိုင်ခဲ့တယ်။နယ်သာလန်လိပ်တွေဟာမတူဘူးဆိုတာကျွန်တော်တို့တွေသိပါတယ်။ဒါပင်မယ့်သူကအလန်းဇယားတွေခင်းပြခဲ့တယ်။ဒါကြောင့်ဗန်ဟားနဲ့မန်ယူနိုက်တက်ကလည်းသူ့ကိုခေါ်ယူခဲ့တာပေ့ါ။” လို့မော်ရင်ဟိုကပြောကြားခဲ့ဖူးပါတယ်။ဆက်လက်ပြီးမော်က ” သူ ဒီ၁၈လအတွင်းကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။သူဟာငယ်ရွယ်သေးပါတယ်။ဒါကြောင့်ကျွန်တော်ကတော့ ကလပ်အနေနဲ့သူ့ရဲ့ပါရမီအရည်အသွေးကိုထိန်းချုပ်ပေးဖို့လိုလိမ့်မယ်လို့ထင်ပါတယ်။သူ လိုင်ယွန်မှာအကောင်းဆုံးကစားနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။သူဒီကိုဘာလို့ပြန်မလာနိုင်ရမလဲ။ဘာလို့လဲဆိုတော့ ဒီမှာရှိတဲ့သူတိုင်းသူ့ကိုနှစ်သက်ကြပါတယ်။” လို့ဆိုထားတာပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ဒီပေးဟာ ယူနိုက်တက်အသင်းတကယ်လိုအပ်နေတဲ့ ကစားသမားမျိူးဖြစ်နေတာတော့အမှန်ပါပဲ။အသင်းရဲ့တိုက်စစ်မှူးဟောင်းကြီးဝိန်းရူနီးကိုယ်တိုင်က သူ့ကို Fancy ကစားသမားလို့ဝေဖန်ခဲ့ဖူးသော်လည်းအခုချိန်မှာတော့ဝေဖန်သံတွေက ဒီပေးတစ်ယောက်အတိတ်မှာထားခဲ့နိုင်ပြီပဲဖြစ်ပါတယ်။
ဒီပေးကို ယူနိုက်တက်အသင်းမှာ ပြန်မြင်တွေ့လိုချင်လား?
No comments
Powered by Blogger.