Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှုးရိုနယ်လ်ဒိုကသူရဲ့လာလီဂါပြိုင်ဖက်ဟောင်းကြီးလီယွန်မက်ဆီကို ဘာစီလိုနာကိုစွန့်ခွာပြီးစီးရီးအေ ဖက်ကိုပြောင်းရွေ့လာဖို့အတွက်တိုက်တွန်းပြောကြားလိုက်ပါတယ်။
(Unicode)
အီတလီကလပ်တွေနဲ့တွေ့တိုင်းမက်ဆီတစ်ယောက်ဘယ်လောက်ထိအစွမ်းပြလဲသက်သေပြနေတဲ့ဗီဒီယိုများ
ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှုးရိုနယ်လ်ဒိုကသူရဲ့လာလီဂါပြိာင်ဖက်ဟောင်းကြီးလီယွန်မက်ဆီကို ဘာစီလိုနာကိုစွန့်ခွာပြီးစီးရီးအေ ဖက်ကိုပြောင်းရွေ့လာဖို့အတွက်တိုက်တွန်းပြောကြားလိုက်ပါတယ်။
"သူကိုအီတလီမြေကိုတစ်နေ့အရောက်လာဖို့အတွက်မျှော်လင့်ပါတယ်လို့"ရိုနယ်လ်ဒို ကဆိုပါတယ်။
"သူကျွန်တော်ရဲ့တိုက်တွန်းစိန်ခေါ်မှုကိုလက်ခံမယ်လို့မျှော်လင့်မိပါတယ်။ဒါပေမယ့်သူလာလီဂါမှာပျော်တယ်ဆိုရင်လည်း ကျွန်တော်သူ့ကိုလေးစားပါတယ်။"
သေချာတာကတော့ရိုနယ်လ်ဒိုရဲ့ပြောဆိုချက်ဟာ အသက်၃၁နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဆီကိုရဲတင်းခုတ်သတ်ပြီးမြေမြုပ်သဂြိုလ်လိုက်သလိုပါပဲ။ဒါပေမယ်သူတို့နှစ်ယောက်ကြားမှာရှိတဲ့ဆက်ဆံရေးတွေကဝေးကွာသွားမှာမဟုတ်ဘဲအဝေးရောက်နေရင်တောင်ပြိုင်ဆိုင်ဖို့အတွက် ကစားနေကြတဲ့ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။
"ကျွန်တော် ပေါ်တူဂီ စပိန် အင်္ဂလန် အခုအီတလီမှာကစားတယ်လက်ရွေးစင်အသင်းအတွက်ရောကစားနေတုန်းပဲ။အဲဒီအတောအတွင်းထဲကသူစပိန်မှာကစားနေတာ အခုထိပဲ"
"သူကိုအခုထပ်ပိုလာစေဖို ကျွန်တော်လိုအပ်တယ်ဗျ ဘဝဆိုတာစိန်ခေါ်မှုတွေနဲ့ပြည့်နှံ့နေရမယ် အဲဒါကိုကျွန်တော်ကြိုက်တာ ပြီးတော့လူတွေကိုပျော်ရွင်အောင်လုပ်ရတာ ကျွန်တော်အရမ်းကြိုက်တယ်"
"သူကတကယ်လူကောင်းသူကောင်းကစားသမားကောင်းပါ။ဒါပေမယ့်ဒီမှာတော့သူကိုဘယ်လိုမှသတိမရပါဘူး။ဒီမှာ ကျွန်တော် ဘဝအသစ်စနေပြီလေဗျ"
"ကျွန်တော်အဆင်ပြေချောင်ချိတဲ့နေရာကနေထွက်ခွာလာတာပါ၊တူရင်မြေရဲ့စိန်ခေါ်မှုတွေကိုလိုချင်လို့ရောက်လာတာပါ။အရာရာအားလုံးကအဆင်ပြေပြေပြီးသွားပြီ၊ကျွန်တော်ကအခုထိတက်ကြွနေတဲ့ကစားသမားတစ်ဦးဖြစ်နေတုန်းပါပဲ"
ဘာလို့ပင်ဖြစ်နေပါစေ မတူညီတဲ့အီတလီကလပ်အသင်းတွေနဲ့တွေ့ဆုံတိုင်းမက်ဆီ တစ်ယောက်ကောင်းကောင်းဆုံးမပေးတတ်တယ်ဆိုတာ ဗီဒီယိုအများအပြားက သက်သေပြလျက်ရှိပြီး အောက်က ဗီဒီယိုကိုကြည့်ရင်တွေ့နိုင်ပါတယ်။
Post a Comment