ဂ်ာဂန္ကေလာ့ရဲ ့ဆက္ဆံပံုေတြကုိမေပ်ာ္မရႊင္ျဖစ္ေနရတဲ့လီဗာပူးလ္ကစားသမားတစ္ေယာက္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ပရီးမီးယားလိပ္မွာ ၆မွတ္ျပတ္ျဖင့္လီဗာပူးလ္တို ့ထိပ္ဆံုးေရာက္ေနၿပီးေနာက္ နည္းျပၾကီးဂ်ာဂန္ကေလာ့အတြက္ေတာ့ရာသီ၀က္ကစားၿပီး စင္ေပၚမွာေအးေဆးျဖစ္ေနပါၿပီ။မန္စီးတီးအသင္းဟာ Boxing Day မွာပဲလက္စတာစီးတီးကို အမွတ္မထင္ ၂-၁ ျဖင့္အေရးနိုမ့္ခဲ့ၿပီးေနာက္ခ်န္ပီယံေျပးလမ္းေၾကာင္းေပၚမွာ အနီေရာင္ၾကိဳးၾကာနီတို ့ကို အရိွန္ဟုန္ေကာင္းေကာင္းရရိွေစခဲ့တာပဲျဖစ္ၿပီး လီဗာပူးလ္ကစားသမားေတြအတြက္လည္းေကာင္းေသာေန ့ရက္မ်ားဆိုရင္ မွန္တယ္လို ့သင္ထင္ပါသလား?
အဲလ္ဘတ္တိုမိုရီနိုအတြက္ေတာ့ေပ်ာ္ရႊင္စရာမေကာင္းခဲ့တာအမွန္ပါပဲ။အသက္၂၆နွစ္အရြယ္စပိန္သားဟာ နည္းျပဂ်ာဂန္ကေလာ့ရဲ ့သူ ့အေပၚျပဳမႈဆက္ဆံပံုေတြကို မေက်မနပ္ျဖစ္ေနတာေတာ့အမွန္ပါပဲ။
“ ကၽြန္ေတာ္စိတ္မေကာင္းဘူးဗ်ာ။ဒါဟာအမွန္တရားပါ။“ လို ့Cadena SER ကို ေျပာၾကားခဲ့ပါတယ္။
“ အသင္းအတြက္အရာအားလံုးေပးဆပ္ခဲ့တဲ့အတြက္ကၽြန္ေတာ္ကိုယ့္ကိုယ္ကိုနာက်င္ရပါတယ္။ၿပီးေတာ့ ကၽြန္ေတာ္ထင္ခဲ့တာကဒဏ္ရာကေနသက္သာလာရင္အခြင့္အေရးတစ္ခုေလာက္ေတာ့ရလိမ့္မယ္ေပါ့။အေျခအေနက ကစားသမားေတြအားလံုးအတြက္ပံုမွန္ပါပဲ။ဒါပင္မယ့္ ရိုးရိုးေလးပါပဲ။သူ(ကေလာ့)ကၽြန္ေတာ့္အေပၚ ျပဳမႈဆက္ဆံတဲ့နည္းလမ္းေတြကို ကၽြန္ေတာ္မၾကိဳက္ဘူးဗ်ာ။ခင္ဗ်ားတို ့ေျပာခ်င္သလိုေျပာၾကေတာ့။” လို ့ဆိုခဲ့ပါတယ္။
လာမယ့္ေႏြရာသီမွာ လီဗာပူးလ္နဲ ့စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ဆီဗီးလာၾကယ္ပြင့္ေဟာင္းဟာအန္ဖီးလ္ကေနေ၀းရာထြက္သြားဖို ့စီစဥ္ေနပါတယ္။
“စပိန္ကို ျပန္သြားဖို ့ဆိုတာကၽြန္ေတာ္စဥ္းစားေနတဲ့အရာတစ္ခုပါပဲ။ဒီမွာ အေအးဒဏ္ေၾကာင့္ကၽြန္ေတာ္ပင္ပမ္းေနပါၿပီ။ဒါပင္မယ့္အျခားကလပ္ေတြရဲ့စိတ္၀င္စားမႈေတြကိုေတာ့ကၽြန္ေတာ္မသိဘူး။ကၽြန္ေတာ္ဒီမွာ ၅နွစ္ေျမာက္ျဖစ္ေနၿပီ။စာခ်ဳပ္သစ္အတြက္လည္းဘာမွွသေဘာတူခ်က္မရိွေသးပါဘူး။ဇန္န၀ါရီမွာေတာ့ ကမ္းလွမ္းမႈေတြကိုေအးေဆးနားစြင့္ပါေတာ့မယ္။” လို ့ေျပာခဲ့တာပဲျဖစ္ပါတယ္။
လီဗာပူးလ္ဟာ Boxing Day မွာ နယူးကာဆယ္အသင္းကို ၄ ဂိုးအျပတ္ျဖင့္အနိုင္ယူခဲ့ပါတယ္။ကေလာ့ရဲ ့အဆိုအရေတာ့ ပရီးမီးယားလိပ္ခ်န္ပီယံအတြက္ၿပိဳင္ဆိုင္မႈေတြဟာ ရာသီကုန္ေနာက္ဆံုးရက္အထိရ္ိွေနလိမ့္မယ္လို ့ဆိုလိုက္တာပဲဲျဖစ္ပါတယ္။
“ ပြဲၿပီးသြားတဲ့အထိ မန္စီးတီးရလဒ္နဲ့ပတ္သတ္ၿပီးကၽြန္ေတာ္တို ့ေတြမသိပါဘူး။ကၽြန္ေတာ္တို ့အတြက္အေရးၾကီးဆံုးအရာကစြမ္းေဆာင္ရည္နဲ ့အဆိုပါစြမ္းေဆာင္ရည္အဆင့္ကိုထိန္းဖို ့ပါပဲ။အဲ့ဒါဟာေကာင္းပါတယ္။ဒါပင္မယ့္ၿပီးသြားပါၿပီ။ေတာ့တင္ဟမ္ဆိုေကာင္းေကာင္းလန္းေနပါတယ္။သူတို ့ဟာေႏြရာသီတုန္းကရုန္းကန္ခဲ့ရပါတယ္။ဒါပင္မယ့္ သူတို ့ဥာဏ္ပါပါလုပ္ေနၾကပါတယ္။ကၽြန္ေတာ္တို ့ကေတာ့ ရလဒ္ေကာင္းေပၚမွာရိွေနပါတယ္။ခ်ဲလ္ဆီးလည္းနိုင္ေနၾကသလို အာဆင္နယ္လည္းနိုင္ေနလ်က္ရိွေနပါတယ္။ေနာက္ဆံုးရက္မတိုင္ခင္ထိဒါဟာၿပိဳင္ပြဲတစ္ခုျဖစ္လာပါလိမ့္မယ္။ဒါပင္မယ့္ဒါဟာအေရးၾကီးပါတယ္။က်န္တဲ့ရာသီ၀က္အတြက္ကၽြန္ေတာ္တို ့ေတြအေျခခံအရာေတြပဲလုပ္ရေသးတာပါ။ရာသီ၀က္ၿပီးရင္ေတာ့ဒါေတြဟာ သိသိသာသာပိုေကာင္းလာေတာ့မွာပါ။” လို ့ကေလာ့တစ္ေယာက္ပြဲအၿပီးမွာေျပာၾကားခဲ့ပါတယ္။
လီဗာပူးလ္အသင္းအေနနဲ ့မိုရီနိုကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုသင့္သလား?
(Unicode)
ဂျာဂန်ကလော့ရဲ့ဆက်ဆံပုံတွေကိုမပျော်မရွှင်ဖြစ်နေရတဲ့လီဗာပူးလ်ကစားသမားတစ်ယောက်
ပရီးမီးယားလိပ်မှာ ၆မှတ်ပြတ်ဖြင့်လီဗာပူးလ်တို့ထိပ်ဆုံးရောက်နေပြီးနောက် နည်းပြကြီးဂျာဂန်ကလော့အတွက်တော့ရာသီဝက်ကစားပြီး စင်ပေါ်မှာအေးဆေးဖြစ်နေပါပြီ။မန်စီးတီးအသင်းဟာ Boxing Day မှာပဲလက်စတာစီးတီးကို အမှတ်မထင် ၂-၁ ဖြင့်အရေးနိုမ့်ခဲ့ပြီးနောက်ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ အနီရောင်ကြိုးကြာနီတို့ကို အရှိန်ဟုန်ကောင်းကောင်းရရှိစေခဲ့တာပဲဖြစ်ပြီး လီဗာပူးလ်ကစားသမားတွေအတွက်လည်းကောင်းသောနေ့ရက်များဆိုရင် မှန်တယ်လို့သင်ထင်ပါသလား?
အဲလ်ဘတ်တိုမိုရီနိုအတွက်တော့ပျော်ရွှင်စရာမကောင်းခဲ့တာအမှန်ပါပဲ။အသက်၂၆နှစ်အရွယ်စပိန်သားဟာ နည်းပြဂျာဂန်ကလော့ရဲ့သူ့အပေါ်ပြုမှုဆက်ဆံပုံတွေကို မကျေမနပ်ဖြစ်နေတာတော့အမှန်ပါပဲ။
“ ကျွန်တော်စိတ်မကောင်းဘူးဗျာ။ဒါဟာအမှန်တရားပါ။“ လို့Cadena SER ကို ပြောကြားခဲ့ပါတယ်။
“ အသင်းအတွက်အရာအားလုံးပေးဆပ်ခဲ့တဲ့အတွက်ကျွန်တော်ကိုယ့်ကိုယ်ကိုနာကျင်ရပါတယ်။ပြီးတော့ ကျွန်တော်ထင်ခဲ့တာကဒဏ်ရာကနေသက်သာလာရင်အခွင့်အရေးတစ်ခုလောက်တော့ရလိမ့်မယ်ပေါ့။အခြေအနေက ကစားသမားတွေအားလုံးအတွက်ပုံမှန်ပါပဲ။ဒါပင်မယ့် ရိုးရိုးလေးပါပဲ။သူ(ကလော့)ကျွန်တော့်အပေါ် ပြုမှုဆက်ဆံတဲ့နည်းလမ်းတွေကို ကျွန်တော်မကြိုက်ဘူးဗျာ။ခင်ဗျားတို့ပြောချင်သလိုပြောကြတော့။” လို့ဆိုခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ လီဗာပူးလ်နဲ့စာချုပ်သက်တမ်းကုန်တော့မယ့်ဆီဗီးလာကြယ်ပွင့်ဟောင်းဟာအန်ဖီးလ်ကနေဝေးရာထွက်သွားဖို့စီစဉ်နေပါတယ်။
“စပိန်ကို ပြန်သွားဖို့ဆိုတာကျွန်တော်စဉ်းစားနေတဲ့အရာတစ်ခုပါပဲ။ဒီမှာ အအေးဒဏ်ကြောင့်ကျွန်တော်ပင်ပမ်းနေပါပြီ။ဒါပင်မယ့်အခြားကလပ်တွေရဲ့စိတ်ဝင်စားမှုတွေကိုတော့ကျွန်တော်မသိဘူး။ကျွန်တော်ဒီမှာ ၅နှစ်မြောက်ဖြစ်နေပြီ။စာချုပ်သစ်အတွက်လည်းဘာမှသဘောတူချက်မရှိသေးပါဘူး။ဇန်နဝါရီမှာတော့ ကမ်းလှမ်းမှုတွေကိုအေးဆေးနားစွင့်ပါတော့မယ်။” လို့ပြောခဲ့တာပဲဖြစ်ပါတယ်။
လီဗာပူးလ်ဟာ Boxing Day မှာ နယူးကာဆယ်အသင်းကို ၄ ဂိုးအပြတ်ဖြင့်အနိုင်ယူခဲ့ပါတယ်။ကလော့ရဲ့အဆိုအရတော့ ပရီးမီးယားလိပ်ချန်ပီယံအတွက်ပြိုင်ဆိုင်မှုတွေဟာ ရာသီကုန်နောက်ဆုံးရက်အထိရ်ှိနေလိမ့်မယ်လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။
“ ပွဲပြီးသွားတဲ့အထိ မန်စီးတီးရလဒ်နဲ့ပတ်သတ်ပြီးကျွန်တော်တို့တွေမသိပါဘူး။ကျွန်တော်တို့အတွက်အရေးကြီးဆုံးအရာကစွမ်းဆောင်ရည်နဲ့အဆိုပါစွမ်းဆောင်ရည်အဆင့်ကိုထိန်းဖို့ပါပဲ။အဲ့ဒါဟာကောင်းပါတယ်။ဒါပင်မယ့်ပြီးသွားပါပြီ။တော့တင်ဟမ်ဆိုကောင်းကောင်းလန်းနေပါတယ်။သူတို့ဟာနွေရာသီတုန်းကရုန်းကန်ခဲ့ရပါတယ်။ဒါပင်မယ့် သူတို့ဉာဏ်ပါပါလုပ်နေကြပါတယ်။ကျွန်တော်တို့ကတော့ ရလဒ်ကောင်းပေါ်မှာရှိနေပါတယ်။ချဲလ်ဆီးလည်းနိုင်နေကြသလို အာဆင်နယ်လည်းနိုင်နေလျက်ရှိနေပါတယ်။နောက်ဆုံးရက်မတိုင်ခင်ထိဒါဟာပြိုင်ပွဲတစ်ခုဖြစ်လာပါလိမ့်မယ်။ဒါပင်မယ့်ဒါဟာအရေးကြီးပါတယ်။ကျန်တဲ့ရာသီဝက်အတွက်ကျွန်တော်တို့တွေအခြေခံအရာတွေပဲလုပ်ရသေးတာပါ။ရာသီဝက်ပြီးရင်တော့ဒါတွေဟာ သိသိသာသာပိုကောင်းလာတော့မှာပါ။” လို့ကလော့တစ်ယောက်ပွဲအပြီးမှာပြောကြားခဲ့ပါတယ်။
လီဗာပူးလ်အသင်းအနေနဲ့မိုရီနိုကို စာချုပ်သစ်ချုပ်ဆိုသင့်သလား?
Post a Comment