တိုရီနိုဂိုးသမားကိုရင္ဘတ္တိုက္ၿပီးေအာင္ပြဲခံခဲ့တာေၾကာင့္ေ၀ဖန္မႈေတြရင္ဆိုင္ေနရတဲ့ရိုနယ္ဒို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဂ်ဳဗင္တပ္စ္အသင္းရဲ႕တိုက္စစ္မႉး႐ိုနယ္ဒိုဟာ တူရင္ဒါဘီပြဲစဥ္မွာအသင္းအတြက္တစ္လံုးတည္းေသာအႏိုင္ဂုိးကိုသြင္းယူေပးခဲ့ၿပီး ဂိုးသြင္းယူၿပီးေနာက္မွာေအာင္ပြဲခံရာ တိုရီႏိုအသင္းရဲ႕ဂိုးသမား Salvador Ichazoကိုရင္ဘတ္ျခင္းတိုက္မိေအာင္ျပဳလုပ္ကာေအာင္ပြဲခံခဲ့ပါတယ္။
ပြဲခ်ိန္မိနစ္၇၀အေရာက္တိုရီႏိုိအသင္းရဲ႕ကြင္း Olimpico Grande Torinoမွာ႐ိုနယ္ဒိုကဂ်ဴဗင္တပ္စ္အသင္းရဲ႕ စီးရီးေအဂိုး၅၀၀၀ေျမာက္ကိုသူရဲ႕ပိုင္ႏိုင္ေသခ်ာတဲ့ပင္နယ္တီကေနတည္ၿငိမ္စြာကန္သြင္းခဲ့ၿပီး တိုရီႏိုအသင္းဂိုးသမားကလည္းအမိအရကာကြယ္ဖို႔ႀကိဳးစားခဲ့ေသာလည္းလက္တစ္လံုးေလာက္အလိုႏွင့္ခြင့္ျပဳေပးခဲ့ရပါတယ္။ထိုေနာက္ရိုနယ္ဒိုက တိုရီႏိုဂိုးသမားကိုမေတာ္တဆသေဘာမ်ိဳးမဟုတ္ဘဲရင္ဘတ္ကိုတိုက္ကာ ေအာင္ပြဲခံခဲ့ပါတယ္။
႐ိုနယ္ဒိုက အသင္းေဖာ္ေတြႏွင့္ေအာင္ပြဲခံၿပီးေနာက္မွာဒိုင္လူႀကိ္း ကသူရဲ႕လုပ္ရပ္နွင့္ပတ္သက္ၿပီး အဝါကဒ္ျပကာသတိေပးခဲ့ပါတယ္။အီတလီလက္ေရြးစင္တိုက္စစ္မႈး ဘာေလာ့တယ္လီက သူရဲ႕လူမႈကြန္ရက္အေကာင့္မွတဆင့္ဒီလုပ္ရပ္ကိုသာ အကယ္၍သူလုပ္ခဲ့မယ္ဆိုရင္သတိေပးအျပစ္ေပးမႈက အမ်ားႀကီးကြာျခားသြားႏိုင္တယ္လို႔မွတ္ခ်က္ျပဳေျပာဆိုထားပါတယ္။
အသက္၃၃ႏွစ္အရြယ္႐ိုနယ္လ္ဒိုကသူရဲ႕လုပ္ရပ္နွင့္ပတ္သက္ၿပီးတိုရီႏိုအသင္းဂိုးသမားကို ေခါင္းႏွင့္မ်က္ႏွာကိုကိုင္ကာ ဒီလုပ္ရက္အေပၚဘာစိတ္မွမပါေၾကာင္းအားလံုးကိုအဆံုးသတ္လိုေၾကာင္း႐ိုး႐ိုးသားသားေတာင္းပန္ပါတယ္လို႔ခ်က္ခ်င္းေတာင္းပန္စကားဆိုခဲ့ပါတယ္။
႐ိုနယ္လ္ဒိုဟာ အဆိုပါဂိုးအပါအဝင္ စီးရီးေအ၁၆ ပြဲမွာ ၁၁ဂိုးအထိသြင္းယူေပးထားၿပီး ဂ်ဴဗင္တပ္စ္ အသင္းကလည္းပြဲစဥ္၁၆ၿပီးေနာက္ ထိပ္ဆံုးမွ ေန၍ ဒုတိယေနရာမွအသင္းကို ၁၁မွတ္ျဖတ္ကာ ဦးေဆာင္ေနပါတယ္။
(Unicode)
တိုရီနိုဂိုးသမားကိုရင်ဘတ်တိုက်ပြီးအောင်ပွဲခံခဲ့တာကြောင့်ဝေဖန်မှုတွေရင်ဆိုင်နေရတဲ့ရိုနယ်ဒို
ဂျုဗင်တပ်စ်အသင်းရဲ့တိုက်စစ်မှူးရိုနယ်ဒိုဟာ တူရင်ဒါဘီပွဲစဉ်မှာအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့ပြီး ဂိုးသွင်းယူပြီးနောက်မှာအောင်ပွဲခံရာ တိုရီနိုအသင်းရဲ့ဂိုးသမား Salvador Ichazoကိုရင်ဘတ်ခြင်းတိုက်မိအောင်ပြုလုပ်ကာအောင်ပွဲခံခဲ့ပါတယ်။
ပွဲချိန်မိနစ်၇၀အရောက်တိုရီနိုအသင်းရဲ့ကွင်း Olimpico Grande Torinoမှာရိုနယ်ဒိုကဂျူဗင်တပ်စ်အသင်းရဲ့ စီးရီးအေဂိုး၅၀၀၀မြောက်ကိုသူရဲ့ပိုင်နိုင်သေချာတဲ့ပင်နယ်တီကနေတည်ငြိမ်စွာကန်သွင်းခဲ့ပြီး တိုရီနိုအသင်းဂိုးသမားကလည်းအမိအရကာကွယ်ဖို့ကြိုးစားခဲ့သောလည်းလက်တစ်လုံးလောက်အလိုနှင့်ခွင့်ပြုပေးခဲ့ရပါတယ်။ထိုနောက်ရိုနယ်ဒိုက တိုရီနိုဂိုးသမားကိုမတော်တဆသဘောမျိုးမဟုတ်ဘဲရင်ဘတ်ကိုတိုက်ကာ အောင်ပွဲခံခဲ့ပါတယ်။
ရိုနယ်ဒိုက အသင်းဖော်တွေနှင့်အောင်ပွဲခံပြီးနောက်မှာဒိုင်လူကြိး ကသူရဲ့လုပ်ရပ်နှင့်ပတ်သက်ပြီး အဝါကဒ်ပြကာသတိပေးခဲ့ပါတယ်။အီတလီလက်ရွေးစင်တိုက်စစ်မှုး ဘာလော့တယ်လီက သူရဲ့လူမှုကွန်ရက်အကောင့်မှတဆင့်ဒီလုပ်ရပ်ကိုသာ အကယ်၍သူလုပ်ခဲ့မယ်ဆိုရင်သတိပေးအပြစ်ပေးမှုက အများကြီးကွာခြားသွားနိုင်တယ်လို့မှတ်ချက်ပြုပြောဆိုထားပါတယ်။
အသက်၃၃နှစ်အရွယ်ရိုနယ်လ်ဒိုကသူရဲ့လုပ်ရပ်နှင့်ပတ်သက်ပြီးတိုရီနိုအသင်းဂိုးသမားကို ခေါင်းနှင့်မျက်နှာကိုကိုင်ကာ ဒီလုပ်ရက်အပေါ်ဘာစိတ်မှမပါကြောင်းအားလုံးကိုအဆုံးသတ်လိုကြောင်းရိုးရိုးသားသားတောင်းပန်ပါတယ်လို့ချက်ချင်းတောင်းပန်စကားဆိုခဲ့ပါတယ်။
ရိုနယ်လ်ဒိုဟာ အဆိုပါဂိုးအပါအဝင် စီးရီးအေ၁၆ ပွဲမှာ ၁၁ဂိုးအထိသွင်းယူပေးထားပြီး ဂျူဗင်တပ်စ် အသင်းကလည်းပွဲစဉ်၁၆ပြီးနောက် ထိပ်ဆုံးမှ နေ၍ ဒုတိယနေရာမှအသင်းကို ၁၁မှတ်ဖြတ်ကာ ဦးဆောင်နေပါတယ်။
Post a Comment