Header Ads


ဗီဒီယိုကြည့်ရင်အံသြသွားမယ့်ကမ္ဘာ့ ဈေးအကြီးဆုံးနောက်ခံလူဗန်ဒိုက်စ်ရဲ့ ဘောလုံးအထိန်းအသိမ်း




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဗန်ဒိုက်စ်ရဲ့ ဘောလုံးကိုပထမဆုံးလက်ခံတဲ့အထိန်းအသိမ်းကို ခင်ဗျားတို့ ကြည့်ဖို့ လိုပါလိမ့်မယ်။
အရပ်အမောင်းမြင့်မားတဲ့ ဗန်ဒိုက်စ်ဟာ အရာများစွာကိုသေချာလုပ်ပြနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။လီဗာပူးလ်အသင်းနဲ့ ထရိန်နင်မှာပြသခဲ့တဲ့ သူ့ ရဲ First Touch ကိုအောက်မှာကြည့်ရင်တွေ့ နိုင်ပါတယ်။

သူ့ ရဲ့ အသင်းဖော်တစ်ယောက်ကလေထဲဆီဘောလုံးကိုမြှောက်ကန်တင်ပေးလိုက်ပါတယ်။ဗန်ဒိုက်စ်ဟာ အဆိုပါဘောလုံးကို ခြေထောက်အောက်ညက်ညောအောင်ရောက်နေဖို့ ထိန်းပြခဲ့ပါတယ်။ငေးကြည့်ဖို့ အချိန်ပါပဲဗျာ။

သူဟာကမ္ဘာ့ အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးဖြစ်လို့ နေပါတယ်။အသက်၂၇နှစ်အရွယ် နယ်သာလန်လူ့ ဘီလူကြီးဟာ ဘောလုံးကို နောက်တန်းကနေကောင်းကောင်းဖြန့် ကျက်ပေးနိုင်ပြီး ပွဲတစ်ပွဲကိုကောင်းကောင်းဖတ်ရှုနိုင်တဲ့ သူလည်းဖြစ်လို့ နေပါတယ်။လီဗာပူးလ်ပရိတ်သတ်တွေက တော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ ဆုံမယ့် စူပါဆန်းဒေးပွဲမှာ ဗန်ဒိုက်စ်ကိုနောက်တန်းအတွက်အရမ်းအားထားမျှော်လင့်နေတာပဲဖြစ်ပါတယ်။

ပရီးမီးယားလိပ်ရဲ့ တကယ့်ပွဲကြီးပွဲကောင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ ပွဲ မတိုင်ခင်မှာတော့ ပေါလ်မာဆွန်နဲ့ ဖီးလ်သမ်ဆန်တို့ ကဗန်ဒိုက်စ်ရဲ့ ပြောင်မြောက်တဲ့စွမ်းရည်နဲ့ ပတ်သတ်ပြီးအခုလိုဆွေးနွေးခဲ့ကြပါတယ်။

ကျွန်တော်သာ မန်ယူနိုက်တက်ဆိုရင် ဗန်ဒိုက်စ်ကိုတကယ်လိုချင်မိမှာပဲ။လို့ မာဆွန်က ပြောလိုက်ပါတယ်။နောက်တန်းအရည်အသွေးက သူတို့ အသင်းအတွက်မလုံမလောက်ဖြစ်နေပါတယ်။ကျွန်တော့်အတွက်တော့ သူဟာ ကျွန်တော့်ရဲ့ အလုပ်မှာ အကောင်းဆုံးပါပဲ။ဒါဟာပြီးမှ လွယ်လွယ်ကူကူပြောလို့ ရတဲ့ဟာလို့ ဖြစ်နေပါတယ်။ဒါပင်မယ့်လည်း ဗန်ဒိုက်စ်က အသင်းကြီးမှာ ပိုကောင်းလာတာတကယ့်ဝမ်းသာစရာပဲ။ဘာလို့ လဲဆိုတော့ဆောက်တမ်တန်လို့ အသင်းမျိုးဟာ နိုင်တစ်လှည့် ရှုံးတစ်လှည့်အသင်းဖြစ်နေလို့ ပါပဲ။ ကျွန်တော်ဆိုလိုတာက မကောင်းဘူးလို့ ပြောတာမဟုတ်ဘူးနော်။လီဗာပူးလ်မှာဆိုလည်း ဗန်ဒိုက်စ်ဟာဆောက်တမ်တန် မှာကစားသလို ဖိအားကင်းကင်းကစားနိုင်တာပဲဖြစ်ပါတယ်။”  

ဗန်ဒိုက်စ်လို ဖြစ်သင့်ပါတယ်။ဘာလို့ လဲဆိုတာ သူ့ လိုကစားသမားမျိုးဆိုတာ ခင်ဗျားအနေနဲ့ သူ့ ကိုခြံရံပြီးအသင်းကို တည်ဆောက်နိုင်ပါတယ်။လို့ တွမ်ဆန်က ဘယ်လီဗာပူးလ်ကစားသမားကို မော်ရင်ဟိုတစ်ယောက်အလိုချင်ဆုံးဖြစ်မလဲမေးခွန်းအပေါ် ဖြေကြားခဲ့တာပဲဖြစ်ပါတယ်။သူဟာအနောက်ကနေ အသင်းကို ပံပိုးပေးနိုင်တယ်။သူ့ ဘေးနားက လူတွေကို ပိုမိုစုစည်းမှုရှိလာအောင်လုပ်နိုင်ပြီး အသင်းကို ကျစ်လစ်လာအောင်စွမ်းဆောင်နိုင်တယ်။အဓိကအားဖြင့် အသင်းတိုက်စစ်အတွက် ပိုပြီးအခြေခံကျအောင်အသင်းဖော်တွေကို သူပေးနိုင်တယ်။လို့ ပြောကြားခဲ့ပါတယ်။



ဗန်ဒိုက်စ်ဟာဂျာဂန်ကလော့ရဲ့ လူပဲဖြစ်ပါတယ်။ဒါ့အပြင်အဆိုပါ နယ်သာလန်အသင်းခေါင်းဆောင်ဟာ ကလော့အားထားရတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်လို့ နေပါတယ်။

No comments

Powered by Blogger.