Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လူမသိသူမသိရဖူးတဲ့ဖလားတွေကိုကလပ်ဝဘ်ဆိုဒ်မှာကြွားလုံးထုတ်ခဲ့တဲ့စပါးလ်အသင်း
တော့တင်ဟမ်ဟော့စပါးအသင်းဟာသူတို့ရရှိဆွတ်ခူးခဲ့တဲ့ဖလားတွေစာရင်းကိုတိတိကျကျတစ်လုံးမကျန်စာရင်းပြန်လည်ပြုစုကာဘောလုံးပရိသတ်တွေကိုအသင်းရဲ့တရားဝင်ဝဘ်ဆိုဒ်မှတဆင့် ကြွားခဲ့ပါတယ်။
အဲဒီစာရင်းထဲမှာ FA ဖလား UEFA ဖလား ဥရောပချန်ပီယံဖလား နှင့် အမှတ်ပေးဖလား၂ကြိမ်အပါအဝင်ဆုဖလားသေးသေးလေးများနှင့် လူမသိသူမသိဖလားများ ဒိုင်းများ လည်းပါဝင်ခဲ့တာကြောင့်ဝေဖန်စရာတွေရှိလာခဲ့ပါတယ်။
စပါးအသင်းကထည့်သွင်းကြွားခဲ့တဲ့ဖလားတွေထဲမှာတစ်ချို့ဆုဖလားများကဆိုရင်ဘယ်သူမှမကြားဖူးမမြင်ဘူးတဲ့ဖလားတွေဖြစ်ကြတဲ့ ဆွစ်ဇာလန်နိုင်ငံမှာကျင်းပခဲ့တဲ့ Sun International ဖိတ်ခေါ်ပြိုင်ပွဲ ဖလား၊ အန်ဂိုလာ အီတလီချစ်ကြည်ရေး ဖိတ်ခေါ်လိဂ်ဖလား နှင့် ကိုစတာဒဲလ်ဆိုလ် ဖိတ်ခေါ်ပြိုင်ပွဲ တို့ပါဝင်ခဲ့ကြပါတယ်။
ဒါ့အပြင်တောင်အာဖရိကမှာကျင်းပခဲ့တဲ့ Vodacom ဖိတ်ခေါ်ဖလား ဟော်လန်နိုင်ငံမှာကျင်းပခဲ့တဲ့ ဖီယင်နု ဂျူဗိလီ တံခွန်စိုက်ဖလား နှင့်အရှေတောင်အာရှ မှာကျင်းပခဲ့တဲ့တံခွန်စိုက်ဖလား ဂျပန်ငြိမ်းချမ်းရေးဖလား နော်ဝစ် ဆေးရုံရန်ပုံငွေဖလား လည်းအပါအဝင်ဖြစ်ပါတယ်။
တွစ်တာအသုံးပြုတစ်ဦးက အဆိုပါစာရင်းကိုသေချာစုစည်း၍ဖောက်သည်ချကာဝေဖန်လေကန်ခြင်းကိုစတင်ခဲ့ပြီး ဒီဆွေးနွေးမှုကိုအာဆင်နယ်ပရိသတ်အများစုက ဦးဆောင်နေတယ်လို့သိရပါတယ်။
"အားလုံးသိတဲ့အတိုင်း ရယ်စရာကြီးဗျာ ကြည့်ဦး Vodafone ဖိတ်ခေါ်ပွဲ ဖီယင်နု ဂျူဗီလီ တံခွန်စိုက်ဖလား ဘာကလေအာရှဖလား စုံနေရောပဲ အသင်းကစားသမားတွေကတော့ ဖလားသေချာကိုင်ဖူးတဲ့လူတွေမပါဝင်လောက်ဘူး"
Post a Comment