ကရာေဘာင္ဖလားဆီမီးဖိုင္နယ္မဲခြဲပြဲေနာက္ပြဲကဘယ္လာမီရဲ ့ေမွာ္ဆန္တဲ့ခန္ ့မွန္းခ်က္
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
Craig Bellamyရဲ႕TVအစီအစဥ္မွကာရာေဘာင္ဖလားႏွင့္ပတ္သက္ျပီးေျပာျကားခဲ့တဲ့စကာားေတြကထူးျခားတဲ့အစြမ္းလား ေမွာ္ဆန္တဲ့ထူးျခားခ်က္လား ဒါမွမဟုတ္ တိုက္ဆိုင္လြန္းတာလား?
.
ဒီေျပာၾကားခ်က္ကအေျဖထြက္ၿပီးစဥ္းစားဖို႔ဆိုတာလြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။အသက္၃၉ႏွစ္အရြယ္႐ွိၿပီတဲ့ မန္စီးတီးအသင္းႏွင့္လီဗာပူးလ္အသင္းကစားသမားေဟာင္းဘယ္လာမီရဲ့ ကာရာေဘာင္ဖလားမဲခြဲမႈမတိုင္ခင္ေျပာၾကားခ်က္ေတြကတိက်မွန္ကန္ေနၿပီး လူမႈကြန္ရက္ေပၚမွာလည္း ဒိီကိစၥဟာလူေျပာမ်ားေနၾကပါတယ္။သူက ပတ္ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းဟာ ဘာတန္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည္လို႔ေျပာၾကားခဲ့ၿပီး အမွန္တကယ္မဲခြဲတဲ့အခါ သူေျပာတဲ့အတိုင္းျဖစ္ေနတာကိုေတြ႔ရပါတယ္။
သူက sky sportရဲ႕တိုက္႐ိုက္ထုတ္လႊင္မႈမွာ တင္ဆက္သူက မဲခြဲမႈမလုပ္ရေသးေၾကာင္းေျပာၾကားအသိေပးလိုက္တဲ့ သူက လ်င္လ်င္ျမန္ျမန္ပါးနပ္စြာ အာရံုေျပာင္းစကားလြဲခဲ့ပါတယ္။
ဒါေပမယ့္စကားကကြၽံသြားခဲ့ပါတယ္။အဆုိပါမဲခြဲမႈကိုအာဆင္နယ္အသင္းႏွင့္စပါးအသင္းပြဲစဥ္ၿပီးမွသာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
လူမႈကြန္ရက္ေပၚမွာလည္း သူရဲ႕ေျပာၾကားခ်က္အေပၚအားမနာလ်ွာမက်ိဳးပိုးစိုးပက္စက္ေဝဖန္ေလကန္ေရးမ်ားကိုေဘာလံုးပရိသတ္ေတြကျပဳလုပ္ေနၾကပါတယ္။
"သူကမန္စီးတီး Vs ဘာတန္ ကိုမေန႔ထဲကႀကိဳသိေနၿပီးသားပါ ဘာလဲဟ"
“ဘယ္လာမီ ကမေန႔ထဲက တိုက္႐ိုက္ထုတ္လႊင္မႈမွာ မန္စီးတီး ဘယ္အသင္းနဲ႔ေနာက္တဆင္မွာေတြ႔မယ္ဆိုတာေျပာၾကားၿပီးသားေလ အားလံုးက ဒီညမွ ဘာလို႔မဲထပ္ႏိႈကိေနၾကတာလဲ? ဒီမဲခြဲမႈေတြမွာလာဘ္ထိုးမႈေတြ႐ွိေနလား?
ဆီမီးဖိုင္နယ္ပြဲထိပ္တိုက္ေတြ ့ဆံုေနမႈအရ စပါးလ္အသင္းဟာ ခ်ဲလ္ဆီးအသင္းနဲ့ ရင္ဆိုင္ကစားရေတာ့မွာပဲျဖစ္ပါတယ္။
တိတိက်က်သိေနတာတိုက္ဆိုင္မႈလား ႀကိဳသိေနတာလား ဘယ္လိုထင္လဲပရိသတ္ႀကီး
(Unicode)
ကရာဘောင်ဖလားမဲခွဲပွဲနောက်ကွယ်ကဘယ်လာမီရဲ့မှော်ဆန်တဲ့ခန့်မှန်းချက်
Craig Bellamyရဲ့TVအစီအစဉ်မှကာရာဘောင်ဖလားနှင့်ပတ်သက်ပြီးပြောကြားခဲ့တဲ့စကာားတွေကထူးခြားတဲ့အစွမ်းလား မှော်ဆန်တဲ့ထူးခြားချက်လား ဒါမှမဟုတ် တိုက်ဆိုင်လွန်းတာလား?
.
ဒီပြောကြားချက်ကအဖြေထွက်ပြီးစဉ်းစားဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။အသက်၃၉နှစ်အရွယ်ရှိပြီတဲ့ မန်စီးတီးအသင်းနှင့်လီဗာပူးလ်အသင်းကစားသမားဟောင်းဘယ်လာမီရဲ့ ကာရာဘောင်ဖလားမဲခွဲမှုမတိုင်ခင်ပြောကြားချက်တွေကတိကျမှန်ကန်နေပြီး လူမှုကွန်ရက်ပေါ်မှာလည်း ဒီကိစ္စဟာလူပြောများနေကြပါတယ်။သူက ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘာတန်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်လို့ပြောကြားခဲ့ပြီး အမှန်တကယ်မဲခွဲတဲ့အခါ သူပြောတဲ့အတိုင်းဖြစ်နေတာကိုတွေ့ရပါတယ်။
သူက sky sportရဲ့တိုက်ရိုက်ထုတ်လွှင်မှုမှာ တင်ဆက်သူက မဲခွဲမှုမလုပ်ရသေးကြောင်းပြောကြားအသိပေးလိုက်တဲ့ သူက လျင်လျင်မြန်မြန်ပါးနပ်စွာ အာရုံပြောင်းစကားလွဲခဲ့ပါတယ်။
ဒါပေမယ့်စကားကကျွံသွားခဲ့ပါတယ်။အဆိုပါမဲခွဲမှုကိုအာဆင်နယ်အသင်းနှင့်စပါးအသင်းပွဲစဉ်ပြီးမှသာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
လူမှုကွန်ရက်ပေါ်မှာလည်း သူရဲ့ပြောကြားချက်အပေါ်အားမနာလျှာမကျိုးပိုးစိုးပက်စက်ဝေဖန်လေကန်ရေးများကိုဘောလုံးပရိသတ်တွေကပြုလုပ်နေကြပါတယ်။
"သူကမန်စီးတီး Vs ဘာတန် ကိုမနေ့ထဲကကြိုသိနေပြီးသားပါ ဘာလဲဟ"
“ဘယ်လာမီ ကမနေ့ထဲက တိုက်ရိုက်ထုတ်လွှင်မှုမှာ မန်စီးတီး ဘယ်အသင်းနဲ့နောက်တဆင်မှာတွေ့မယ်ဆိုတာပြောကြားပြီးသားလေ အားလုံးက ဒီညမှ ဘာလို့မဲထပ်နှိုကိနေကြတာလဲ? ဒီမဲခွဲမှုတွေမှာလာဘ်ထိုးမှုတွေရှိနေလား?
ဆီမီးဖိုင်နယ်ပွဲထိပ်တိုက်တွေ့ဆုံနေမှုအရ စပါးလ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။
တိတိကျကျသိနေတာတိုက်ဆိုင်မှုလား ကြိုသိနေတာလား ဘယ်လိုထင်လဲပရိသတ်ကြီး
Post a Comment