Header Ads


ေပါင္္၁သန္းျဖင့္ေရာင္းခ်ခဲ့တဲ့ကစားသမားကိုေပါင္သန္း၄၀ေပးၿပီးျပန္ေခၚဖို ့ရိွေနတဲ့လီဗာပူးလ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ ၄နွစ္က ေအစီမီလန္အသင္းကို ေပါင္၁သန္းျဖင့္ေရာင္းခ်ခဲ့တဲ့ ေတာင္ပံကစားသမားဆူဆိုကို ေခၚယူဖို ့ခ်ိတ္ဆက္ေနေၾကာင္းသိရပါတယ္။လီဗာပူးလ္အသင္းအကယ္ဒမီနဲ ့စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့အဆိုပါလူငယ္စတားဟာ လီဗာပူးလ္အသင္းၾကီးမွာ ေတာ္ေကာက္ျခင္းခံခဲ့ရေသာ္လည္း၂၁ ပြဲသာပြဲထြက္ကစားခဲ့ရၿပီးသူ ့ရဲ ့စာခ်ဳပ္မျပည့္ခင္၆လအလိုမွာ ေအစီမီလန္အသင္းဆီ ေပါင္၁သန္းျဖင့္ေျပာင္းေရႊ ့သြားခဲ့တာပဲျဖစ္ပါတယ္။

သူဟာအခုခ်ိန္မွာေတာ့အီတလီမွာ ထြန္းေတာက္ေအာင္ျမင္လာေနၿပီး ဆန္ဆီိယို ကလပ္ကို ေျပာင္းေရႊ ့လာထဲက အေရးပါတဲ့ကစားသမားျဖစ္လာလို ့ေနပါတယ္။ဒီရာသီမွာလည္း သူဟာ စီးရီေအ ၁၅ပြဲကစားၿပီးခ်ိန္ ၄ဂိုးသြင္းယူခဲ့ၿပီး ၈ၾကိမ္အထိဖန္တီးေပးထားနိုင္ခဲ့ကာ နည္းျပဂတ္တူဆိုရဲ ့အားထားရတဲ့ လက္ရံုးသဖြယ္ျဖစ္လာေနပါတယ္။လီဗာပူးလ္အသင္းဟာ သူတို ့ကစားသမားေဟာင္းရဲ ့စြမ္းေဆာင္ရည္ေတြကို သတိျပဳမိလာခဲ့ၿပီးေနာက္ liga financial ရဲ ့ေဖာ္ျပခ်က္အရ အန္ဖီးကလပ္ဟာ အသက္၂၅နွစ္အရြယ္ကစားသမားေဟာင္ေပါင္သန္း၄၀ျဖင့္ျပန္ေခၚဖို ့ျပင္ဆင္ေနတယ္လို ့သိရပါတယ္။


စက္တင္ဘာ၂၀၁၇ မွာတုန္းက ဆူဆိုဟာ မီလန္အသင္းနဲ ၂၀၂၂ ခုနွစ္အထိ စာခ်ဳပ္သစ္ကိုခ်ဳပ္ဆိုခဲ့ထားတာပဲျဖစ္ပါတယ္။သူ ့ရဲ ့အေျပာင္းအေရႊ ့သတင္းေတြဟာ ဒီနွစ္ဇန္န၀ါရီထဲက ထြက္ေပၚေနခဲ့တာျဖစ္ၿပီး ကလပ္နဲ ့သူကိုယ္တိုင္က အဆိုပါသတင္းေတြကို ခပ္ျမန္ျမန္ျငင္းဆိုခဲ့ၾကပါတယ္။
မီလန္အသင္းဟာ ဒီနွစ္ေႏြရာသီတုန္းက ဆူဆိုနဲ ့ပတ္သတ္ၿပီး ေသခ်ာရွင္းလင္းေဆြးေႏြးမႈေတြျပဳလုပ္ခဲ့ၿပီးပါၿပီ။သူ ့ကို ေပါင္သန္း ၇၀ ရရင္ေတာင္ကၽြန္ေတာ္တို ့ေတြေရာင္းမွာမဟုတ္ပါဘူး။လို ့ကလပ္၀ဘ္ဆိုဒ္က တရား၀င္ထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။

ဒါဟာ မီလန္အသင္းအတြက္ ဒီစပိန္ေကာင္ေလးဟာ ဘယ္ေလာက္ထိအေရးပါေနမွန္းသက္ေသျပလိုက္တာပဲျဖစ္ပါတယ္။


ဆူဆိုဟာ လက္ရိွလီဗာပူးလ္အသင္းမွာ ျပန္ကစားမယ္ဆိုအေရးအေသြးအားျဖင့္လံုေလာက္မႈရိွပါ့မလား?


(Unicode)


ပေါင်၁သန်းဖြင့်ရောင်းချခဲ့တဲ့အသင်းကစားသမားကိုပေါင်သန်း၄၀ပေးပြီးပြန်ခေါ်ဖို့စီစဉ်နေတဲ့လီဗာပူးလ်



လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ၄နှစ်က အေစီမီလန်အသင်းကို ပေါင်၁သန်းဖြင့်ရောင်းချခဲ့တဲ့ တောင်ပံကစားသမားဆူဆိုကို ခေါ်ယူဖို့ချိတ်ဆက်နေကြောင်းသိရပါတယ်။လီဗာပူးလ်အသင်းအကယ်ဒမီနဲ့စာချုပ်ချုပ်ဆိုခဲ့တဲ့အဆိုပါလူငယ်စတားဟာ လီဗာပူးလ်အသင်းကြီးမှာ တော်ကောက်ခြင်းခံခဲ့ရသော်လည်း၂၁ ပွဲသာပွဲထွက်ကစားခဲ့ရပြီးသူ့ရဲ့စာချုပ်မပြည့်ခင်၆လအလိုမှာ အေစီမီလန်အသင်းဆီ ပေါင်၁သန်းဖြင့်ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။

သူဟာအခုချိန်မှာတော့အီတလီမှာ ထွန်းတောက်အောင်မြင်လာနေပြီး ဆန်ဆီယို ကလပ်ကို ပြောင်းရွှေ့လာထဲက အရေးပါတဲ့ကစားသမားဖြစ်လာလို့နေပါတယ်။ဒီရာသီမှာလည်း သူဟာ စီးရီအေ ၁၅ပွဲကစားပြီးချိန် ၄ဂိုးသွင်းယူခဲ့ပြီး ၈ကြိမ်အထိဖန်တီးပေးထားနိုင်ခဲ့ကာ နည်းပြဂတ်တူဆိုရဲ့အားထားရတဲ့ လက်ရုံးသဖွယ်ဖြစ်လာနေပါတယ်။လီဗာပူးလ်အသင်းဟာ သူတို့ကစားသမားဟောင်းရဲ့စွမ်းဆောင်ရည်တွေကို သတိပြုမိလာခဲ့ပြီးနောက် liga financial ရဲ့ဖော်ပြချက်အရ အန်ဖီးကလပ်ဟာ အသက်၂၅နှစ်အရွယ်ကစားသမားဟောင်ပေါင်သန်း၄၀ဖြင့်ပြန်ခေါ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။


စက်တင်ဘာ၂၀၁၇ မှာတုန်းက ဆူဆိုဟာ မီလန်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ်ကိုချုပ်ဆိုခဲ့ထားတာပဲဖြစ်ပါတယ်။သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေဟာ ဒီနှစ်ဇန်နဝါရီထဲက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ကလပ်နဲ့သူကိုယ်တိုင်က အဆိုပါသတင်းတွေကို ခပ်မြန်မြန်ငြင်းဆိုခဲ့ကြပါတယ်။
“ မီလန်အသင်းဟာ ဒီနှစ်နွေရာသီတုန်းက ဆူဆိုနဲ့ပတ်သတ်ပြီး သေချာရှင်းလင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးပါပြီ။သူ့ကို ပေါင်သန်း ၇၀ ရရင်တောင်ကျွန်တော်တို့တွေရောင်းမှာမဟုတ်ပါဘူး။” လို့ကလပ်ဝဘ်ဆိုဒ်က တရားဝင်ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

ဒါဟာ မီလန်အသင်းအတွက် ဒီစပိန်ကောင်လေးဟာ ဘယ်လောက်ထိအရေးပါနေမှန်းသက်သေပြလိုက်တာပဲဖြစ်ပါတယ်။

ဆူဆိုဟာ လက်ရှိလီဗာပူးလ်အသင်းမှာ ပြန်ကစားမယ်ဆိုအရေးအသွေးအားဖြင့်လုံလောက်မှုရှိပါ့မလား?

No comments

Powered by Blogger.