Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဝိုး!!!!
(unicode)
အာဆင်နယ်ကွင်းလယ်လူရမ်ဆေးရဲ့ရင်သပ်ရှုမောဖွယ်ကွင်းလယ်စပေးဘောကိုကြည့်ရအောင်ဗျာ
ပြီးခဲ့တဲ့ကြာသပတေးနေ့ညကစပါးလ်အသင်းနဲ့ကစားခဲ့တဲ့လိပ်ဖလားပွဲမှာ အာဆင်နယ်အသင်းရဲ့ကွင်းလယ်စပေးဘောအကြောင်းဟာပြောစမှတ်ဖြစ်ခဲ့ပါတယ်။ဒါဟာမြင်ဖူးသမ ျှထဲမှာအဆိုဆုံးပဲလို့ထင်ပါတယ်။
အဆိုပါကရာဘောင်ကွာတားဖိုင်နယ်ပွဲမှာ အာဆင်နယ်တိုက်စစ်မှူးအူဘာမီယန်းနဲ့ရမ်ဆေးတို့ဟာကွင်းလယ်စပေးဘောစတင်ပေးပို့ခဲ့ကြသော်လည်းတော်တော်လေးဆိုးဆိုးရွားရွားလွဲချော်ခဲ့တာပါ။
ကွင်းလယ်ဒိုင်ဂျိုနသန်မော့စ် ကပွဲကိုစတင်ဖို့ဝီစီမှုတ်လိုက်တဲ့အချိန်မှာတော့ ရမ်ဆေးက စပါးကစားသမားဆွန်ဟောင်မင်းဆီတန်းတန်းမတ်မတ်ဘောလုံးကိုပေးပို့လိုက်တာပဲဖြစ်ပါတယ်။ဒီတောင်ကိုရီးယားကစားသမားက ချက်ချင်းဆိုသလို အဆိုပါဘောလုံးကို ဘန်ဒေးဗီစ်ဆီပေးပို့ခဲ့ပြီး သူတို့အသင်းရဲ့တိုက်စစ်ကို ပုံဖော်ခဲ့ကြပါတယ်။
ဝိုး!!!!
တကယ့်ကို အံသြစရာမတော်တဆပဲလို့မထင်မိဘူးလား?
ဒီတောင်ကိုရီးယားသားဟာ အဆိုပါညမှာတော့ အာဆင်နယ်အသင်းကို အသဲခွဲခဲ့တာဖြစ်ပြီး ပွဲကစားချိန် မိနစ်၂၀မှာတင်အဖွင့်ဂိုးသွင်းယူခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်စပါးလ်အသင်းရဲ့ဒုတိယမြောက်ဦးဆောင်ဂိုးကိုတော့ အလီကသွင်းယူခဲ့ပြီးနောက်အောင်ပွဲခံရာ အာဆင်နယ်ပရိတ်သတ်တစ်ဦးက အလီရဲ့ခေါင်းကို ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့ပြီး အလီက ဂိုးရလဒ်ဖြစ်တဲ့ ၂-၀ ကို လက်အမူအရာဖြင့် အာဆင်နယ်ပရိတ်သတ်ဆီထောင်ပြကာပြန်လည်တုံ့ပြန်ခဲ့ပါသေးတယ်။
နောက်တစ်ဆင့်တက်သွားတဲ့ စပါးလ်အသင်းကတော့ ဆီမီးဖိုင်နယ်မှာချဲလ်ဆီးအသင်းနဲ့တွေ့ဆုံနေပြီး တစ်ဖက်မှာမန်စီးတီးအသင်းက လိပ်၁ကလပ် ဘာတန်အသင်းနဲ့ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်းအဆိုပါမဲခွဲပွဲရလဒ်မတိုင်ခင် ကျွန်တော်တို့တွေရလဒ်ကို ကစားသမားဟောင်းဘယ်လာမီကြောင့်ကြိုသိခဲ့ကြပါတယ်။
မန်စီးတီးအသင်းဟာ အင်္ဂါနေ့ညကလက်စတာစီးတီးအသင်းကို အနိုင်ရခဲ့ပြီးနောက် စီးတီးကစားသမားဟောင်း ဘယ်လာမီက သူတို့အသင်းဟာ နောက်တစ်ဆင့်မှာ ဘာတန်အသင်းနဲ့ရင်ဆိုင်ရမယ်လို့အတည်ပြုပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဒါဟာတိုက်ဆိုင်မှုလား? တမင်ဖန်တီးထားတာလား?

Post a Comment