Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
.
(unicode)
ဘော်လွန်ဒီအော်ဆုကိုမဲပေးခဲ့ကြတဲ့သူတွေဟာဂျာနယ်လစ်အဖြစ်လုပ်ကြတဲ့သူတွေမဟုတ်တော့ပါဘူး။
The Ballon D'orဆုကို၁၉၅၆ခုနှစ်မှစတင်၍ပြင်သစ်မဂ္ဂဇင်းမှကမကထပြုကာပြင်သစ်မဂ္ဂဇင်းရဲ့အယ်ဒီတာများစုပေါင်းပြီးထိပ်တန်းအယောက်၃၀ကိုရွေးချယ်ခဲ့ကြပါတယ်။နောက်တဆင့်အနေနှင့်ကမ္ဘာတဝန်းမှာဂျာနယ်လစ်များကိုတက်နိုင်သမျှတစ်နိုင်ငံတစ်ယောက်မဲပေးစေပြီးစုစုပေါင်းမဲ၁၇၆ခုနှင့်ဆုံးဖြတ်မဲပေးရွှေးချယ်၍ပေးအပ်သောဆုလည်းဖြစ်ပါတယ်။
The Timeသတင်းစာမှ အင်္ဂလန်သားဟင်နရီဝင်တာက လူကာမိုဒရစ်ကိုရွေးချယ်ခဲ့ပြီးသူနောက်မှတော့ ရိုနယ်လ်ဒို မက်ဆီ ဂရဇ်မန်း ဗာရိန်းတို့ကိုအစီအစဉ်အလိုက်၅ယောက်ရွေးချယ်ပေးခဲ့ပါတယ်။ကင်မရွန်းနိုင်ငံမှ အဗ်ဒူရူဘွိုနာ ရဲ့ albaladcomores.com ကပေးခဲ့ကြတဲ့ကြိုတင်မဲတွေကတော့စိတ်ကူးယဉ်ဆန်ဆန်ကြီးပါပဲ။
ဘွိုင်နာရဲ့ရွေးချယ်မှုကတော့ ထူးခြားစွာ အမ်ဘက်ပေးကိုပထမပေးရွေးချယ်ခဲ့ပြီးသူနောက်မှာတော့ မိုဒရစ် ရိုနယ်လ်ဒို ဟာဇက် ဆာလာ တွေကိုရွေးချယ်ခဲ့ပါတယ်။
နောက်တစ်ခုကတော့alwatwan.netကလည်းအပေါ်ကဆိုခဲ့တဲ့အတိုင်းရွေးချယ်ခဲ့ပြီးအဲဒီသတင်းစာတွေကတော့လှုပ်ရှားမှုမရှိတော့တာ၆နှစ်သက်တမ်းရှိနေခဲ့ပြီးအဆိုပါသတင်းစာရှိရာဒေသသူတို့သတင်းစာတိုက်အတွက်ဘယ်သူမှအလုပ်လုပ်ပေးနေခြင်းလည်းမရှိပါဘူး။ဒီလှုပ်ရှားမှုမရှိတော့သတင်းစာတိုက်တွေကိုမဲပေးရွေးချယ်မှုပါဝင်လာတဲ့အပေါ်အများကဝေဖန်နေပြီး တစ်ဖက်ကလည်းသူတို့သတင်းစာတွေကလူအနည်းငယ်ကျန်ရှိသေးပြီးအလုပ်တွေလုပ်ဆောင်နေသေးကြောင်းဆိုပါတယ်။လူမှုကွန်ရက်ပေါ်မှာလူပြောအများဆုံးအကြောင်းအရာတွေလည်းဖြစ်လျက်ရှိနေပါတယ်။
ပြင်သစ်သတင်းစာတစ်ခုက အဆိုပါ ကင်မရွန်းသတင်းစာနှင့်ပတ်သက်ပြီး "The Daily Albalad Comoresသတင်းစာတိုက်ကလွန်ခဲ့တဲ့၆နှစ်ထဲကပိတ်သိမ်းသွားတာပါ။ဒီသတင်းစာကိုသတင်းထောက်Abdou Boinaလို့ခေါ်တဲ့သူကတည်ထောင်ထားပြီ Toimimou Abdouက အဆိုပါသတင်းစာတိုက်ရဲ့ အားကစားဓာတ်ပုံသမားတစ်ဦးအဖြစ်လှုပ်ရှားခဲ့တာလို့သိထားပါတယ်။ လှုပ်ရှားမှုမရှိတော့တဲ့ သူတို့သတင်းစာတိုက်က ဒီမဲပေးတဲစာရင်းမှာပါဝင်လာတာအရမ်းအံသြမိတယ်လို့"ဆိုပါတယ်။
.
တခြား Ballon D'orမဲပေးမှုသတင်းမှာတော့ စင်ထရယ်အာဖရိကနိုင်ငံ,လူသူနည်းပါးတဲ့ St Kittsနိုင်ငံ, ကာဇက်စတန်နိုင်ငံတို့မှလည်းသူတို့အကြိုက်ကစားသမားများကိုမဲပေးခဲ့ကြပါတယ်။
St kitts မှ Merc-Ann Thompsonက ကို့ရို့ကားယားနိုင်တဲ့ရွေးချယ်မှုတွေပြုလုပ်ခဲ့ပါတယ်။နေမာ ရာမို့စ် ဆွာရဇ် အလီဆင် အဂူရို တို့ကိုရွေးချယ်ခဲ့ပြီး ကာဇက်စတန်မှ Bishkek Taras Hlypenkoက ကော်တိုရစ်ကို ဆုပေးရွေးချယ်ပေးခဲ့ပါတယ်။ဆန်ထရယ်အာဖရိကနိုင်ငံမှ Albert Stanislas Koumbobako က ဘင်ဇီးမာကိုဆုပေးရွေးချယ်ခဲ့ပါတယ်။
Post a Comment