Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ရိုးမားနဲ့ပွဲမှာအပိုင်ဂိုး၂ကြိမ်လွဲခဲ့တာကြောင့်ဒေါသအိုးတွေပေါက်ကွဲခဲ့တဲ့ရိုနယ်ဒို
ခရစ်တီယာနို ရိုနယ်ဒိုက သူကိုယ်သူအလုံးစုံပြည်ဝတဲ့အရည်အချင်းရှိနေပြီလို့ထင်မှတ်နေခြင်းဟာသူကိုထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်ပေါ်စေပါတယ်။ဘော်လွန်ဒီအော်၅ဆုပိုင်ရှင်ရိုနယ်လ်ဒိုဟာ စနေနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီအေ ပွဲစဉ်ဖြစ်တဲ့ရိုးမားအသင်းနှင့်ပွဲစဉ်မှာ အပိုင်ဂိုးသွင်းခွင့် ၂ကြိမ်ရရှိခဲ့သော်လည်းဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။သူရဲ့ပုံစံကလည်းဂိုးသွင်းခွင့်လွဲချော်ပြီးတဲ့နောက်မှာ ကျယ်ကျယ်လောင်လောင်အော်ဟစ်ကာပေါက်ကွဲသံစဉ်တွေရွတ်ခဲ့ပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ အိမ်ကွင်းမှာ ရိုးမားအသင်းကို ပထမပိုင်းအတွင်း မန်ဇူးကစ်သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနှင့်အနိုင်ရရှိခဲ့ကာ ဆောင်းရာသီ ရာသီဝက်အပိတ်မှာ ထိပ်ဆုံးမှ ဦးဆောင်ပြီး ဒုတိယနေရာမှအသင်းကို ၈မှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။ဒါပေမယ့်ရိုနယ်လ်ဒိုဟာသူရဲ့ကပျက်ကချော်လုပ်ရပ်ကြောင့်အပိုင်ဂိုးသွင်းခွင့်တွေကိုဆက်တိုက်ဖြုန်းတီးခဲ့ပါတယ်။
ရိုနယ်လ်ဒိုရဲ့ ဘယ်ခြေနဲ့ကန်ခဲ့တဲ့ ဗော်လီကန်ချက်ကို ရောဘင် အိုဆန်က ကာကွယ်ပြီး ပြန်ထွက်လာတဲ့ဘောလုံးကိုနောက်တစ်ကြိမ်အခွင့်အရေးရပြီး ကန်ဖို့်ချိန်နေတုန်းရိုနယ်လ်ဒိုဟာ စိတ်လှုပ်ရှားကာ ဂိုးပေါက်ပျောက်နေတာကြောင့် သူ့ကိုနောက်မှာ ဘရိုက်ယန်ခရစ်တန်တီက ဖိအားပေးလှမ်းကပ်လိုက်တာကြောင့်ဂိုးရမည့်အခွင့်အရေးလွဲချော်သွားခဲ့ပါတယ်။ဒါ့ကြောင့်သူဟာ ဂိုးတိုင်ကို ဒေါသတကြီးပြေးကန်ပြီး ဒေါသတွေပေါက်ကွဲခဲ့တာပါ။
ရိုနယ်လ်ဒိုရဲ့အဖြစ်အပျက်နှင့်ဆင်တူတဲ့လုပ်ရပ်အဖြစ်အပျက်တစ်ခုကတော့ဂျိမ်းမီယာဗာဒီရဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။သူလည်းပဲရိုနယ်လ်ဒိုလို ဂိုးသွင်းခွင့်အသုံးမချနိုင်ခဲ့တဲ့နောက်မှာဆိုးရွားလှတဲ့ပေါက်ကွဲတဲ့ပုံစံကြောင့်လူသူကြားမှာကျော်မကောင်းကြားမကောင်းဖြစ်ခဲ့ပါတယ်။ဗာဒီဟာ ပခုံးအကျော်မှာ ဘောလုံးကို ဗော်လီဆွဲခဲ့ပြီးဒါပေမယ့်သူရဲ့ကန်သွင်းမှုကို ဆောက်သမ်တန် ဂိုးသမား အဲလက်စ်မက်ကာသီက ကာကွယ်သွားခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်ဟောင်း ဗာဒီဟာ လုံးဝကိုသေချာပေါက်ဂိုးမည့်အနေအထားမှ အံသြသင့်ဖို့ကောင်းစွာ လွဲချော်သွားခဲ့ပြီးနောက်အကာအရံပြုလုပ်ထားတဲ့အရာနဲ့ပြေးဆောင့်ပြီး အဆုတ်ကွာမတက်ဖြစ်အောင်သူရဲ့ဖြုန်းတီးမှုကို အာသာဖြေခဲ့ပါတယ်။တကယ်တမ်းတော့သူညံ့လို့သာမဂိုးခဲ့ခြင်းဖြစ်ပါတယ်။
နောက်ပွဲစဉ်တစ်ခုဖြစ်တဲ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ်ဆီဗီလာအသင်း နှင့်ပွဲစဉ်မှာလည်း နောက်တစ်ကြိမ်ထပ်မံကြုံတွေခဲ့ပြီးသေချာပေါက်အခွင့်အရေးထပ်မံရရှိခဲ့သော်လည်း အဆုံးသတ်ညံ့ဖျင်းမှုကြောင့်ဂိုးရရှိမည့်အနေအထားကလွှဲချော်ခဲ့ပြီးနောက် သူမျက်နှာကို သူလက်နဲ့ပြန်ထိုးခဲ့ပြီးကိုယ့်ဒေါသကို ကိုယ်ဖြေခဲ့ပါတယ်။
သူရဲ့တမူထူးခြားတဲ့လုပ်ရပ်ကြောင့် အများကမေးမြန်းရာသူကလက်ဝှေ့ကျော် မိုက်တိုင်ဆန်ရဲ့ပုံစံနဲ့ကိုယ့်ကိုကိုယ်လုပ်တဲ့သူတဲ့သူလို့ Daily Mailကိုပြောကြားခဲ့ပါတယ်။ဗာဒီဟာကိုယ်ကိုကိုယ်အဲလိုလုပ်ခဲ့တာကြောင့် သူရဲ့နှုတ်ခမ်းကိုအနည်းငယ်ထိခိုက်မှုရရှိခဲ့ပါတယ်။
"ကျွန်တော် ဒီလိုအမြဲလုပ်နေကြအတိုင်းလုပ်လိုက်တာပဲ။ဒါကဖြုံးတီးသလိုဖြစ်သွားတယ်လို့ “လက်စတာစီးတီးတိုက်စစ်မှူး ဗာဒ်ီကရှင်းပြခဲ့ပါတယ်။
"ကျွန်တော်သူများကိုလုပ်လိုက်တာထပ်ကိုယ့်ကိုကိုယ် အပြစ်ဒဏ်လုပ်လိုက်တာပိုကောင်းတယ်လေ ကျွန်တော်နှုတ်ခမ်းကိုတော့အမြဲကိုက်ဖြစ်တယ်ဗျ"
Post a Comment