ေခါင္းေဆာင္အရည္အေသြးကိုျပသလိုက္တဲ့ဗန္ဒိုက္စ္ရဲ ့အာဆင္နယ္နဲ ့ပြဲကအျပဳအမူ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ဗန္ဒိုက္စ္ကေတာ့ လီဗာပူးလ္အသင္းရဲ့သမိုင္းတစ္ေလ ွ်ာက္ရွည္လ်ားတဲ့ေအာင္ျမင္မႈကိုရယူဖို ့အေရးပါအရာေရာက္တဲ့ေခၚယူမႈအျဖစ္သတ္မွတ္ခံရေတာ့မလိုျဖစ္ေနပါၿပီ။သူဟာလီဗာပူးလ္အသင္းကိုေရာက္ရိွလာခဲ့တာဟာ ၁နွစ္တာကလသာရိွေသးေသာ္လည္း လီဗာပူးလ္အသင္းကို ဒီရာသီရံႈးပြဲမရိွနိုင္ပြဲေတြဆီဦးေဆာင္မႈေပးေနခဲ့သလို အခ်ိန္တိုကာလအတြင္းမွာ အသင္းနဲ ့အတူလ်င္လ်င္ျမန္ျမန္အထိုင္က်လာတာကေတာ့ အံၾသစရာပါပဲ။
ဗန္ဒိုက္စ္ဟာလီဗာပူးလ္အသင္းအတြက္ေျခစြမ္းေကာင္းေတြကိုသာမက ေခါင္းေဆာင္ပိုင္းဆိုင္ရာအရည္အေသြးေတြကိုပါ ေဆာက္တမ္တန္ကေန ယူေဆာင္လာခဲ့တာပဲျဖစ္ပါတယ္။ဆိုလိုတာက သူဟာ အသင္းေဖာ္ေတြအတြက္လိုအပ္လာရင္အေကာင္းဆံုးရပ္တည္ေပးတာကို ၿပီးခဲ့တဲ့အာဆင္နယ္နဲ ့ပြဲမွာေတြ ့ခဲ့ရပါတယ္။အဆိုပါအာဆင္နယ္နဲ ့ပြဲမွာေတာ့ ပထမပိုင္းပြဲကစားခ်ိန္အၿပီး ဥမင္လိႈင္ေခါင္းဆီကစားသမားေတြ၀င္လာခ်ိန္မွာ အာဆင္နယ္ေနာက္ခံလူဆိုကရက္တီးစ္တစ္ေယာက္ မိုဟာမက္ဆာလာကိုေဘးကေနစကားမ်ားလာခဲ့တာပဲျဖစ္ပါတယ္။ဥမင္လိႈင္ေခါင္းအ၀င္၀ေရာက္မွာေတာ့ ဗန္ဒိုက္စ္တစ္ေယာက္ဆိုကရက္တီးစ္ ကိုထိပ္တိုက္ရင္ဆိုင္ေတာ့တာပဲျဖစ္ပါတယ္။ဆိုကရက္တီးစ္ဟာ ဆာလာကို ေဘးကေနစကားမ်ားလာတဲ့အေၾကာင္းအရင္းကေတာ့ အဆိုပါဂရိေနာက္ခံလူျဖတ္ထုတ္ရမွာဆာလာတစ္ေယာက္ပယ္နယ္တီဧရိယာအတြင္းလဲက်ခဲ့တာေၾကာင့္အာဆင္နယ္တို ့ပယ္နယ္တီေပးခဲ့ရတာပဲျဖစ္ပါတယ္။
ဒါပင္မယ့္ဗန္ဒိုက္စ္ကေတာ့ဒါေတြနားမလည္တဲ့ပံုရၿပီး သူ ့အသင္းေဖာ္ဆာလာကို စကားလာမ်ားေနတဲ့ဆိုကရက္တီးစ္ကို ထိပ္တိုက္ရင္ဆိုင္သြားခဲ့ၿပီး ဆာလာရဲ ့ေရွ ့ကေနမားမားမတ္မတ္ကာကြယ္ျပသြားခဲ့တာပဲျဖစ္ပါတယ္။
လီဗာပူးလ္အသင္းဟာအဆိုပါပြဲမွာ အာဆင္နယ္အသင္းကို မာေနး၊ဆာလာ၊ဖာမီနိုတို ့ရဲ့သြင္းဂိုးေတြနဲ့အတူ ၅-၁ ျဖင့့္အနို္င္ရခဲ့ၿပီး ဒုတိယေနရာကမန္စီးတီးအသင္းကို ၇မွတ္အျပတ္ျဖင့္ ဇယားထိပ္မွာရံႈးပြဲမရိွဦးေဆာင္ေနတာပဲျဖစ္ပါတယ္။
ကမာၻ ့ေစ်းအၾကီးဆံုးေနာက္ခံလူဗန္ဒိုက္စ္ဟာ အန္ဖီးလ္ကလပ္ရဲ ့အနာဂတ္အသင္းေခါင္းေဆာင္ျဖစ္လာနိုင္သလား?
(Unicode)
ဗန်ဒိုက်စ်ကတော့ လီဗာပူးလ်အသင်းရဲ့သမိုင်းတစ်လေ ျှာက်ရှည်လျားတဲ့အောင်မြင်မှုကိုရယူဖို့အရေးပါအရာရောက်တဲ့ခေါ်ယူမှုအဖြစ်သတ်မှတ်ခံရတော့မလိုဖြစ်နေပါပြီ။သူဟာလီဗာပူးလ်အသင်းကိုရောက်ရှိလာခဲ့တာဟာ ၁နှစ်တာကလသာရှိသေးသော်လည်း လီဗာပူးလ်အသင်းကို ဒီရာသီရှုံးပွဲမရှိနိုင်ပွဲတွေဆီဦးဆောင်မှုပေးနေခဲ့သလို အချိန်တိုကာလအတွင်းမှာ အသင်းနဲ့အတူလျင်လျင်မြန်မြန်အထိုင်ကျလာတာကတော့ အံသြစရာပါပဲ။
ဗန်ဒိုက်စ်ဟာလီဗာပူးလ်အသင်းအတွက်ခြေစွမ်းကောင်းတွေကိုသာမက ခေါင်းဆောင်ပိုင်းဆိုင်ရာအရည်အသွေးတွေကိုပါ ဆောက်တမ်တန်ကနေ ယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ဆိုလိုတာက သူဟာ အသင်းဖော်တွေအတွက်လိုအပ်လာရင်အကောင်းဆုံးရပ်တည်ပေးတာကို ပြီးခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာတွေ့ခဲ့ရပါတယ်။အဆိုပါအာဆင်နယ်နဲ့ပွဲမှာတော့ ပထမပိုင်းပွဲကစားချိန်အပြီး ဥမင်လှိုင်ခေါင်းဆီကစားသမားတွေဝင်လာချိန်မှာ အာဆင်နယ်နောက်ခံလူဆိုကရက်တီးစ်တစ်ယောက် မိုဟာမက်ဆာလာကိုဘေးကနေစကားများလာခဲ့တာပဲဖြစ်ပါတယ်။ဥမင်လှိုင်ခေါင်းအဝင်ဝရောက်မှာတော့ ဗန်ဒိုက်စ်တစ်ယောက်ဆိုကရက်တီးစ် ကိုထိပ်တိုက်ရင်ဆိုင်တော့တာပဲဖြစ်ပါတယ်။ဆိုကရက်တီးစ်ဟာ ဆာလာကို ဘေးကနေစကားများလာတဲ့အကြောင်းအရင်းကတော့ အဆိုပါဂရိနောက်ခံလူဖြတ်ထုတ်ရမှာဆာလာတစ်ယောက်ပယ်နယ်တီဧရိယာအတွင်းလဲကျခဲ့တာကြောင့်အာဆင်နယ်တို့ပယ်နယ်တီပေးခဲ့ရတာပဲဖြစ်ပါတယ်။
ဒါပင်မယ့်ဗန်ဒိုက်စ်ကတော့ဒါတွေနားမလည်တဲ့ပုံရပြီး သူ့အသင်းဖော်ဆာလာကို စကားလာများနေတဲ့ဆိုကရက်တီးစ်ကို ထိပ်တိုက်ရင်ဆိုင်သွားခဲ့ပြီး ဆာလာရဲ့ရှေ့ကနေမားမားမတ်မတ်ကာကွယ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာအဆိုပါပွဲမှာ အာဆင်နယ်အသင်းကို မာနေး၊ဆာလာ၊ဖာမီနိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ၅-၁ ဖြင့်အနိုင်ရခဲ့ပြီး ဒုတိယနေရာကမန်စီးတီးအသင်းကို ၇မှတ်အပြတ်ဖြင့် ဇယားထိပ်မှာရှုံးပွဲမရှိဦးဆောင်နေတာပဲဖြစ်ပါတယ်။
ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံလူဗန်ဒိုက်စ်ဟာ အန်ဖီးလ်ကလပ်ရဲ့အနာဂတ်အသင်းခေါင်းဆောင်ဖြစ်လာနိုင်သလား?
Post a Comment