ဂရတ္ေဘးတို ့ေၾကာင့္ေဘာလံုးေလာကကေနတဖန္ျပန္အနားယူဖို ့ဆံုးျဖတ္ခဲ့ရတယ္ဆိုတဲ့ေပါလ္စခိုး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ေပါစခိုးဟာ ၂၀၁၁ခုနွစ္က ေဘာလံုးေလာကမွ အနားယူျပီးမျကာခင္မွာပဲ ဖာဂူဆန္ရဲ႕ေတာင္းဆိုမႈေျကာင့္ ၂၀၁၂ခုနွစ္မန္ခ်က္စတာဒါဘီပြဲစဥ္မွာျပန္လည္ပါဝင္ကစားခဲ့ပါတယ္။ဒုတိယအျကိမ္ျမက္ခင္းစိမ္းေတြအေပၚေျခခ် ခ်ိန္မွာေတာ့ တကယ္အနားယူခ်ိန္တန္လာျပီဆိုတာ သေဘာေပါက္လာခဲ့ပါတယ္။လြန္ခဲ့တဲ့၇နွစ္ေက်ာ္အေျကာင္းျပန္ေတြးျကည့္ ရင္ ေပါစခိုးဟာ အနားယူျပီးေျခာက္လအျကာမွာပဲ သူ႔ဆံုးျဖတ္ခ်က္ကိုျပင္ဆင္ျပီး ေဘာလံုးကြင္းေတြဆီျပန္ေရာက္လာခဲ့ပါတယ္။
သူဟာ ဖာဂူဆန္နဲ႔ တစ္ခ်ိန္ထဲ အနားမယူခင္မန္ခ်က္စတာယူနိုက္တက္အတြက္၁၈လျကာကစားျပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုတစ္ေက်ာ့ျပန္ယူခဲ့ပါေသးတယ္။ေနာက္ပိုင္းမွာေတာ့ စပါးကစားသမားေတြျဖစ္တဲ့ ဂါရတ္ေဘးနဲ႔ဒမ္ဘီလီတို႔ေျကာင့္ ေဘာလံုးေလာကကို စြန္႔ခြာခ်ိန္တန္ျပီဆိုတာ ေသခ်ာေစခဲ့တယ္လို႔ စခိုးက ျပန္လည္ထုတ္ေဖာ္ခဲ့ပါတယ္။ေပါစခိုးတစ္ေယာက္အနားယူရာကေနျပန္လာျပီးမွ ဘာေျကာင့္ေစာလ်ွင္စြာ ေဘာလံုးသမားဘဝကေနစြန္႔ခြာခဲ့လဲဆိုတဲ့အေျကာင္းေဖာ္ျပပါမယ္။
''က်ေနာ္Joycey(အဲ့ဒီအခ်ိန္က ယူနိုက္တက္အရန္အသင္းမန္ေနဂ်ာ)ဆီသြားျပီး ယူနိုက္တက္အတြက္ ျပန္ကစားေပးျဖစ္မယ့္အေျကာင္းေျပာခဲ့ပါတယ္။ဂယ္ရီနဗီးလ္နဲ႔ဖီးနဗီးလ္ကို လဲ ငါျပန္ကစားဖို႔အဆင္ေျပေသးလားေမးခဲ့တယ္။ဂယ္ရီနဗီးလ္က လက္ေထာက္နည္းျပမိုက္ဖီလန္နဲ႔ေတြ႕ျပီး အက်ိဳးအေျကာင္းေျပာျကည့္ဖို႔တိုက္တြန္းတယ္။အဲ့ဒီအခ်ိန္က သူတို႔ဘာျပန္ေျပာမလဲပဲအာရံုေရာက္ေနတယ္။သူတို႔noလို႕ျငင္းလိုက္မလားေတြးမိတယ္။ေနာက္တစ္ျကိမ္ေဘာလံုးေလာကထဲျပန္ဝင္ဖို႔ကို သူတို႔(နည္းျပအဖြဲ႕ဝင္မ်ား)ကျငင္းလိုက္နိုင္တာကို ကိုယ့္ကိုယ္ကိုျပင္ဆင္ထားခဲ့တယ္။ဘာပဲျဖစ္ျဖစ္က်ေနာ္ျပန္ကစားျဖစ္ခဲ့ပါေသးတယ္။က်ေနာ္ကလည္း ယူနိုက္တက္ကလြဲျပီး တျခားအသင္းမွာ ကစားခ်င္တဲ့ေကာင္မဟုတ္ဘူး။မိုက္ဖီလန္နဲ႔ေတြ႕ေတာ့ သူဟာဝမ္းပမ္းတသာျကိုဆိုတယ္။မင္းျပန္ကစားဖို႔ေတြးမိတာ တကယ္ေကာင္းတဲ့အျကံပဲတဲ့။အဲ့ဒီအခ်ိန္ကမိုက္ဖီလန္ဟာ အသင္းအေပၚျသဇာသက္ေရာက္သူတစ္ေယာက္ပါ။ေနာက္ေန႔ေရာက္ေတာ့က်ေနာ္စိတ္လႈပ္ရွားေနဆဲျဖစ္ျပီး ဖာဂူဆန္ကိုက်ေနာ္ျပန္ကစားမယ့္အေျကာင္းေျပာလိုက္တယ္။သူကပြင့္ပြင့္လင္းလင္းျပန္ေျပာတယ္။
''တကယ္ေကာင္းတဲ့အျကံပဲ ။ငါတို႔ အမႈေဆာင္ခ်ဳပ္ဆီ ဖုန္းဆက္ျပီး သီးသန့္စာခ်ဳပ္တစ္ခုလုပ္ျကတာေပါ့''တဲ့။အဲ့ဒါနဲ႕က်ေနာ္ ယူနိုက္တက္ကစားသမားျပန္ျဖစ္သတည္းေပါ့။မျပီးေသးဘူးဗ်။ေနာက္ပိုင္းမွာေတာ့ တကယ္အနားယူခ်င္စိတ္ေပါက္သြားတယ္။ေနာက္တစ္ျကိမ္ဆာအဲလက္ရဲ႕ယံုျကည္မႈကိုရခဲ့ျပီး ေနာက္တစ္နွစ္ျဖတ္သန္းျပီးခ်ိန္မွာေတာ့ က်ေနာ့္အခ်ိန္ေတြကုန္ဆံုးသြားျပီဆိုတာသိလာတယ္။တကယ္လည္းေသခ်ာလာတယ္။ပြဲစဥ္၃လား၄မွာလားပဲ။က်ေနာ္တို႔စပါးနဲ႔ကစားရတယ္။ဒီအိမ္ကြင္းပြဲစဥ္မွာ၃-၂နဲ႔အနိုင္ရခဲ့ျပီး က်ေနာ္လည္းကြင္းလယ္ပိုင္းမွာေဘာလံုးပိုင္ဆိုင္မႈထိန္းသိမ္းရတဲ့တာဝန္ကို အေကာင္းဆံုးလုပ္နိုင္ခဲ့တယ္။ဒါေပမယ့္ က်ေနာ့္ေရွ႕မွာ ဂါရတ္ေဘးတို႔ဒမ္ဘီလီတို႔ လြတ္လြတ္လပ္လပ္ေျပးေနတာကိုျကည့္ျပီးငါဒီထက္ပို မလုပ္နိုင္ေတာ့ပါလားဆိုတဲ့အေတြးဝင္လာတယ္။အဲ့ဒီရာသီအစပိုင္းမွာပဲ ကစားသမားဘဝကအနားယူခ်င္လာခဲ့တယ္။ဒါေပမယ့္ ခ်က္ခ်င္းအနားယူလိုက္ရင္အေတာ္မိုက္မဲျပီး ရွက္စရာေကာင္းေနလိမ့္မယ္လို႔ေတြျပီး ရာသီကုန္ထိရွိေနခဲ့တယ္။''လို႔ေပါစခိုးကထုတ္ေဖာ္ေျပာခဲ့ပါတယ္။ေဘးနဲ႔ဒမ္ဘီလီနွစ္ေယာက္လံုးဟာ အေတာ္ျမန္တဲ့ကစားသမားေတြျဖစ္တာေျကာင့္ ေပါစခိုးဒီလိုအေတြးဝင္ခဲ့တာ အမွားေတာ့မဟုတ္ပါဘူး။ရာသီကုန္မွာေတာ့ ေပါစခိုးဟာ ပရီးမီးယားလိဂ္ဖလားကိုကိုင္ေျမွာက္ျပီး ကစားသမားဘဝကေနအနားယူသြားခဲ့ပါတယ္။အမွန္ေတာ့ သူဟာအဲ့ဒီေဘာလံုး ရာသီအစပိုင္းထဲက အနားယူခ်င္ခဲ့တာပါ။
(Unicode)
ဂရတ်ဘေးတို့ကြောင့်ဘောလုံးလောကကနေတဖန်ပြန်အနားယူဖို့ဆုံးဖြတ်ခဲ့ရတယ်ဆိုတဲ့ပေါလ်စခိုး
ပေါစခိုးဟာ ၂၀၁၁ခုနှစ်က ဘောလုံးလောကမှ အနားယူပြီးမကြာခင်မှာပဲ ဖာဂူဆန်ရဲ့တောင်းဆိုမှုကြောင့် ၂၀၁၂ခုနှစ်မန်ချက်စတာဒါဘီပွဲစဉ်မှာပြန်လည်ပါဝင်ကစားခဲ့ပါတယ်။ဒုတိယအကြိမ်မြက်ခင်းစိမ်းတွေအပေါ်ခြေချ ချိန်မှာတော့ တကယ်အနားယူချိန်တန်လာပြီဆိုတာ သဘောပေါက်လာခဲ့ပါတယ်။လွန်ခဲ့တဲ့၇နှစ်ကျော်အကြောင်းပြန်တွေးကြည့် ရင် ပေါစခိုးဟာ အနားယူပြီးခြောက်လအကြာမှာပဲ သူ့ဆုံးဖြတ်ချက်ကိုပြင်ဆင်ပြီး ဘောလုံးကွင်းတွေဆီပြန်ရောက်လာခဲ့ပါတယ်။
သူဟာ ဖာဂူဆန်နဲ့ တစ်ချိန်ထဲ အနားမယူခင်မန်ချက်စတာယူနိုက်တက်အတွက်၁၈လကြာကစားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုတစ်ကျော့ပြန်ယူခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့ စပါးကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးနဲ့ဒမ်ဘီလီတို့ကြောင့် ဘောလုံးလောကကို စွန့်ခွာချိန်တန်ပြီဆိုတာ သေချာစေခဲ့တယ်လို့ စခိုးက ပြန်လည်ထုတ်ဖော်ခဲ့ပါတယ်။ပေါစခိုးတစ်ယောက်အနားယူရာကနေပြန်လာပြီးမှ ဘာကြောင့်စောလျှင်စွာ ဘောလုံးသမားဘဝကနေစွန့်ခွာခဲ့လဲဆိုတဲ့အကြောင်းဖော်ပြပါမယ်။
''ကျနော်Joycey(အဲ့ဒီအချိန်က ယူနိုက်တက်အရန်အသင်းမန်နေဂျာ)ဆီသွားပြီး ယူနိုက်တက်အတွက် ပြန်ကစားပေးဖြစ်မယ့်အကြောင်းပြောခဲ့ပါတယ်။ဂယ်ရီနဗီးလ်နဲ့ဖီးနဗီးလ်ကို လဲ ငါပြန်ကစားဖို့အဆင်ပြေသေးလားမေးခဲ့တယ်။ဂယ်ရီနဗီးလ်က လက်ထောက်နည်းပြမိုက်ဖီလန်နဲ့တွေ့ပြီး အကျိုးအကြောင်းပြောကြည့်ဖို့တိုက်တွန်းတယ်။အဲ့ဒီအချိန်က သူတို့ဘာပြန်ပြောမလဲပဲအာရုံရောက်နေတယ်။သူတို့noလို့ငြင်းလိုက်မလားတွေးမိတယ်။နောက်တစ်ကြိမ်ဘောလုံးလောကထဲပြန်ဝင်ဖို့ကို သူတို့(နည်းပြအဖွဲ့ဝင်များ)ကငြင်းလိုက်နိုင်တာကို ကိုယ့်ကိုယ်ကိုပြင်ဆင်ထားခဲ့တယ်။ဘာပဲဖြစ်ဖြစ်ကျနော်ပြန်ကစားဖြစ်ခဲ့ပါသေးတယ်။ကျနော်ကလည်း ယူနိုက်တက်ကလွဲပြီး တခြားအသင်းမှာ ကစားချင်တဲ့ကောင်မဟုတ်ဘူး။မိုက်ဖီလန်နဲ့တွေ့တော့ သူဟာဝမ်းပမ်းတသာကြိုဆိုတယ်။မင်းပြန်ကစားဖို့တွေးမိတာ တကယ်ကောင်းတဲ့အကြံပဲတဲ့။အဲ့ဒီအချိန်ကမိုက်ဖီလန်ဟာ အသင်းအပေါ်သြဇာသက်ရောက်သူတစ်ယောက်ပါ။နောက်နေ့ရောက်တော့ကျနော်စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ဖာဂူဆန်ကိုကျနော်ပြန်ကစားမယ့်အကြောင်းပြောလိုက်တယ်။သူကပွင့်ပွင့်လင်းလင်းပြန်ပြောတယ်။
''တကယ်ကောင်းတဲ့အကြံပဲ ။ငါတို့ အမှုဆောင်ချုပ်ဆီ ဖုန်းဆက်ပြီး သီးသန့်စာချုပ်တစ်ခုလုပ်ကြတာပေါ့''တဲ့။အဲ့ဒါနဲ့ကျနော် ယူနိုက်တက်ကစားသမားပြန်ဖြစ်သတည်းပေါ့။မပြီးသေးဘူးဗျ။နောက်ပိုင်းမှာတော့ တကယ်အနားယူချင်စိတ်ပေါက်သွားတယ်။နောက်တစ်ကြိမ်ဆာအဲလက်ရဲ့ယုံကြည်မှုကိုရခဲ့ပြီး နောက်တစ်နှစ်ဖြတ်သန်းပြီးချိန်မှာတော့ ကျနော့်အချိန်တွေကုန်ဆုံးသွားပြီဆိုတာသိလာတယ်။တကယ်လည်းသေချာလာတယ်။ပွဲစဉ်၃လား၄မှာလားပဲ။ကျနော်တို့စပါးနဲ့ကစားရတယ်။ဒီအိမ်ကွင်းပွဲစဉ်မှာ၃-၂နဲ့အနိုင်ရခဲ့ပြီး ကျနော်လည်းကွင်းလယ်ပိုင်းမှာဘောလုံးပိုင်ဆိုင်မှုထိန်းသိမ်းရတဲ့တာဝန်ကို အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ဒါပေမယ့် ကျနော့်ရှေ့မှာ ဂါရတ်ဘေးတို့ဒမ်ဘီလီတို့ လွတ်လွတ်လပ်လပ်ပြေးနေတာကိုကြည့်ပြီးငါဒီထက်ပို မလုပ်နိုင်တော့ပါလားဆိုတဲ့အတွေးဝင်လာတယ်။အဲ့ဒီရာသီအစပိုင်းမှာပဲ ကစားသမားဘဝကအနားယူချင်လာခဲ့တယ်။ဒါပေမယ့် ချက်ချင်းအနားယူလိုက်ရင်အတော်မိုက်မဲပြီး ရှက်စရာကောင်းနေလိမ့်မယ်လို့တွေပြီး ရာသီကုန်ထိရှိနေခဲ့တယ်။''လို့ပေါစခိုးကထုတ်ဖော်ပြောခဲ့ပါတယ်။ဘေးနဲ့ဒမ်ဘီလီနှစ်ယောက်လုံးဟာ အတော်မြန်တဲ့ကစားသမားတွေဖြစ်တာကြောင့် ပေါစခိုးဒီလိုအတွေးဝင်ခဲ့တာ အမှားတော့မဟုတ်ပါဘူး။ရာသီကုန်မှာတော့ ပေါစခိုးဟာ ပရီးမီးယားလိဂ်ဖလားကိုကိုင်မြှောက်ပြီး ကစားသမားဘဝကနေအနားယူသွားခဲ့ပါတယ်။အမှန်တော့ သူဟာအဲ့ဒီဘောလုံး ရာသီအစပိုင်းထဲက အနားယူချင်ခဲ့တာပါ။
Post a Comment