Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
Supersub တွေနဲ့အတူဒီလတစ်လလုံးအကျိုးပြုခြင်းခံရတဲ့ လီဗာပူးလ်အသင်းနဲ့ဂျာဂန်ကလော့
မနေ့ညကအန်ဖီးလ်မှာကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပွဲကစားချိန် မိနစ်၇၀ မှာတော့ လီဗာပူးလ်အသင်းအတွက်အရေးပါတဲ့နိုင်ပွဲကိုယူဆောင်ပေးခဲ့တဲ့သူကတော့ ဂျာဂန်ကလော့ရဲ့လူစားဝင်ကစားသမား ရှာကွီရီပဲဖြစ်ပါတယ်။
အဆိုပါဆွစ်ဇာလန်ကွင်းလယ်လူဟာ ပွဲကစားချိန်မိနစ်၇၀အတွင်း ၁-၁ သရေကျနေတဲ့အချိန်မှာတော့ကွင်းလယ်လူကီတာနေရာလူစားလဲဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့သူဟာ ဒီပွဲရဲ့အောင်နိုင်သူအသင်းမှာအရေးကြီးတဲ့ကစားသမားဖြစ်ကြောင်းသက်သေပြပြခဲ့ပြီး ၂ဂိုးသွင်းယူခဲ့ကာ ပွဲပြီး ၃-၁ ရလဒ်ဖြင့်ဇယားထိပ်မှာဦးဆောင်နေခဲ့ပြီပဲဖြစ်ပါတယ်။
သူဟာလူစားဝင်ကစားပြီး၁၄၄ စက္ကန့်ပဲကြာချိန်မှာတော့ ညာခြေနဲ့အပြင်းကန်သွင်းကာ ယူနိုက်တက်နောက်ခံလူအက်ရှလေယန်းရဲ့ခြေထောက်နဲ့ထိပြီး ဂိုးဘားတန်းနဲ့ထိဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ဒီစတုတ်ကစားသမားဟောင်းဟာနောက်ဆုံးပရီးမီးယားလိပ် ၈ပွဲမှာ ၅ဂိုးမြောက်ဂိုးပဲဖြစ်ပါတယ်။နောက်ထပ်တစ်ဂိုးကတော့ ဂိုးဧရိယာထိပ်ကနေ အဲရစ်ဘိုင်လီဖြတ်ထုတ်ဖို့ဟန့်တားနေတဲ့ကြားက ဒေးဗစ်ဒီဂီယာရဲ့ညာဘက်ကို ကန်သွင်းလိုက်တာပဲဖြစ်ပါတယ်။
လူစားလဲတဲ့နေရာမှာကတော့ ကလော့ဟာ ဂန္တဝင်မြောက်အစွမ်းတွေကိုပိုင်ဆိုင်ထားပါတယ်။
ဒါ့အပြင်ဒီလတစ်လလုံးမှာ လူစားလဲ ဝင်လာပြီး အနိုင်ဂိုးတွေသွင်းယူပေးခဲ့ကြတဲ့ super subs တွေကြောင့်လီဗာပူးလ်အသင်းဟာ လက်ရှိမှာအရောင်အလင်စုံလင်စွာနဲ့လှပနေတာပဲဖြစ်ပါတယ်။ယခုလဒီဇင်ဘာလအစပိုင်းမှာ ကစားခဲ့တဲ့ မာဆေးဆိုက်ဒ်ဒါဘီပွဲမှာ လူစားဝင်ကစားသမား အိုရီဂီရဲ့နောက်ကျသွင်းဂိုးကြောင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။နောက်၃ရက်ကြာပြီးနောက် ဖာမီနိုက ဘန်လေအသင်းနဲ့ခက်ခက်ခဲခဲကစားခဲ့ရတဲ့ အဝေးကွင်းမှာ အရံခုံမှာဝင်ကစားပြီး ၅မိနစ်ကြာမှာဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ယုံချင်ယုံမယုံချင်နေ။ကလော့အတွက်လူစားဝင်ကစားတဲ့ကစားသမားတွေကြောင့် အသက်ရှုချောင်ခဲ့ရတာဖြစ်တဲ့အတွက်သူ့လူစားလဲမှုတွေအပေါ် ရပ်တည်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ဒါပင်မယ့်လည်း ကလော့က အသင်းအတွက်လွန်စွာအန္တရာယ်ရှိတဲ့လူစားလဲမှု ၃ခုလုပ်ခဲ့တာဖြစ်ပြီး ဇယားထိပ်မှာ ရှုံးပွဲမရှိရပ်တည်နိုင်ဖို့ရှေ့ဆက်သတိထားရမှာပဲဖြစ်ပါတယ်။
Post a Comment