ရိုနယ္ဒိုရဲ ့အီတလီကိုလာကစားသင့္တယ္လိုဆိုတဲ့စိန္ေခၚမႈကိုပညာသားပါပါတံု ့ျပန္လိုက္တဲ့မက္ဆီ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခရစ္စတီယာနိုရိုနယ္ဒိုတစ္ေယာက္သူ ့ရဲ ့ၿပိဳင္ဘက္ၾကီးမက္ဆီကိုအီတလီမွာလာကစားၾကည့္ဖို ့စိန္ေခၚခဲ့တာကိုမွတ္မိၾကေသးရဲ ့လား? ဟုတ္ပါၿပီ။ အခုခ်ိန္မွာေတာ့ မက္ဆီတစ္ေယာက္ျပန္လည္တံု ့ျပန္ေျပာၾကားလိုက္ၿပီပဲဲျဖစ္ပါတယ္။ရိုနယ္ဒိုနဲ ့မက္ဆီတို ့ဟာ လာလီဂါရပ္၀န္းမွာ ျပည္တြင္းဆုဖလားေတြ၊ဥေရာပဆုဖလားေတြသာမက တစ္ဦးခ်င္းထူးခၽြန္ဆုေတြအတြက္ပါ အၿပိဳင္အဆိုင္ဒိတ္ဒိတ္က်ဲ ျပိဳင္ဘက္ေတြျဖစ္ခဲ့ၾကပါတယ္။
ဒါပင္မယ့္လည္းေပၚတူဂီၾကယ္ပြင့္ကေတာ့ ဒီနွစ္ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းဆီေျပာင္းေရႊ ့သြားခဲ့ၿပီး စပိန္ေဘာလံုးေလာကနဲ ့လမ္းခြဲခဲ့တာပဲျဖစ္ပါတယ္။ရိုနယ္ဒိုက သူဟာ စိန္ေခၚမႈေတြကိုလိုခ်င္ေနတာျဖစ္ၿပီး သူ ့ရဲ ့စိန္ေခၚမႈကို အာဂ်င္တိုင္းကစားသမားလက္ခံေစဖို ့ဆိုခဲ့ပါတယ္။
“ ကၽြန္ေတာ္ဟာ အဂၤလန္၊စပိန္၊အီတလီ၊ေပၚတူဂီစတဲ့နိုင္ငံေတြမွာ ကစားေနခဲ့တဲ့အခ်ိန္ သူကေတာ့စပိန္မွာပဲရိွေနပါတယ္။သူ ့အတြက္အမ်ားၾကီးလိုအပ္ေသးတာျဖစ္နိုင္ပါတယ္” လို ့ယူနိုက္တက္နဲ ့ရီးရဲလ္ကစားသမားေဟာင္းက ဆိုလိုက္ပါတယ္။
” ကၽြန္ေတာ့္အတြက္ေတာ့ ဘ၀ဆိုတာစိန္ေခၚမႈပဲ။ကၽြန္ေတာ္ဒါကို ၾကိဳက္တယ္။ကၽြန္ေတာ္လူေတြကိုေပ်ာ္ေအာင္လုပ္ေပးရတာၾကိဳက္တယ္။သူ ့ကိုတစ္ေန ့က်ရင္အီတလီမွာလာကစားေစခ်င္ပါတယ္။ကၽြန္ေတာ့္လို စိန္ေခၚမႈေတြကို သူလက္ခံသင့္တယ္။” လို ့ရိုနယ္ဒိုကစိန္ေခၚခဲ့တာပါ။
ဒါပင္မယ့္လည္း မက္ဆီတစ္ေယာက္ ဘယ္တစ္ခုကိုမွေျပာင္းလဲဖို ့လိုအပ္ေနတာမဟုတ္ပါဘူး။ဘာလို ့လဲဆိုေတာ့သူဟာ ကမာၻ ့အေကာင္းဆံုးအသင္းမွာရိွေနလို ့ပါ။
“ ရိုနယ္ဒိုရဲ ့စိန္ေခၚမႈကိုလက္ခံၿပီး အီတလီမွာသြားကစားရမွာလား? ကၽြန္ေတာ့္အတြက္တစ္စံုတစ္ရာေျပာင္းလဲဖို ့မလိုအပ္လို ့ပါ။ကၽြန္ေတာ္ဟာကမာၻ ့အေကာင္းဆံုးအသင္းမွာရိွေနၿပီးသားပါ။ကၽြန္ေတာ့္စိန္ေခၚမႈေတြဟာ တစ္နွစ္ၿပီးတစ္နွစ္အသစ္ျပန္ျပန္ျဖစ္သြားပါတယ္။ကၽြန္ေတာ့္အတြက္ အသင္းေျပာင္းဖို ့မလိုသလို လိပ္ေျပာင္းၿပီး ဂိုးအသစ္ေတြရွာေဖြဖို ့မလိုတာပါ။ကၽြန္ေတာ္ဟာကိုယ့္အိမ္မွာကိုယ္ရိွေနတာပါ။ဘာမွေျပာင္းလဲစရာမလိုပါဘူး။”
ဒါ့အျပင္မက္ဆီဟာ ရိုနယ္ဒိုနဲ ့ထိပ္တိုက္ရင္ဆိုင္ရတဲ့အေၾကာင္းေတြကုိေျပာျပခဲ့ပါေသးတယ္။” ရိုနယ္ဒိုနဲ ့ၿပိဳင္ရတာဟာ တကယ့္ကို သင့္တင့္ေကာင္းမြန္ၿပီး ပရိတ္သတ္ေတြအတြက္ အရမ္းကိုမိုက္ေစပါတယ္။”
ေဘာ္လြန္ဒီေအာ္ဆုအတြက္ေဖာ္ျပေနစရာမလိုပါဘူး။၂ေယာက္စလံုးဟာ ၂၀၀၈ ခုနွစ္ကစၿပီး ေဘာ္လြန္ဒီေအာ္ဆုကို အလွည့္က်ဗိုလ္ဆြဲေနခဲ့တာျဖစ္ၿပီး ဒီနွစ္မွာမွ လူကာမိုဒရစ္က သူတို ့၂ေယာက္ရဲ ့လႊမ္းမိုးမႈကိုအဆံုးသတ္ခဲ့တာပဲျဖစ္ပါတယ္။ကံမေကာင္းစြာပဲမက္ဆီတစ္ေယာက္ဟာ ေဘာ္လြန္ဒီေအာ္စကာတင္ဆုစာရင္းမွာ အမ္ဘာေပး၊ဂရစ္ဇမန္း နဲ ့ရိုနယ္ဒိုတို ့ေနာက္အဆင့္၅ေနရာမွ မေရာက္စဖူးေရာက္သြားခဲ့တာပဲျဖစ္ပါတယ္။
” ကၽြန္ေတာ္ေဘာ္လြန္ဒီေအာ္စကာတင္ဆုစာရင္းကိုၾကားခဲ့သိခဲ့ပါတယ္။ၿပီးေတာ့ကၽြန္ေတာ္ဟာ တို္က္ခိုက္ေ၀ဖန္တဲ့အထဲမပါမွန္းလည္းသိပါတယ္။ေဘာလံုးေလာကကိုကၽြန္ေတာ္ျမတ္နိုးပါတယ္။ဒါ့မယ့္မိသားစုကေတာ့အားလံုးရဲ ့အထက္မွာပါပဲ” လို ့မက္ဆီကေျပာၾကားခဲ့ပါတယ္။
(Unicode)
ရိုနယ်ဒိုရဲ့အီတလီကိုလာကစားသင့်တယ်လိုဆိုတဲ့စိန်ခေါ်မှုကိုပညာသားပါပါတုံ့ပြန်လိုက်တဲ့မက်ဆီ
ခရစ်စတီယာနိုရိုနယ်ဒိုတစ်ယောက်သူ့ရဲ့ပြိုင်ဘက်ကြီးမက်ဆီကိုအီတလီမှာလာကစားကြည့်ဖို့စိန်ခေါ်ခဲ့တာကိုမှတ်မိကြသေးရဲ့လား? ဟုတ်ပါပြီ။ အခုချိန်မှာတော့ မက်ဆီတစ်ယောက်ပြန်လည်တုံ့ပြန်ပြောကြားလိုက်ပြီပဲဖြစ်ပါတယ်။ရိုနယ်ဒိုနဲ့မက်ဆီတို့ဟာ လာလီဂါရပ်ဝန်းမှာ ပြည်တွင်းဆုဖလားတွေ၊ဥရောပဆုဖလားတွေသာမက တစ်ဦးချင်းထူးချွန်ဆုတွေအတွက်ပါ အပြိုင်အဆိုင်ဒိတ်ဒိတ်ကျဲ ပြိုင်ဘက်တွေဖြစ်ခဲ့ကြပါတယ်။
ဒါပင်မယ့်လည်းပေါ်တူဂီကြယ်ပွင့်ကတော့ ဒီနှစ်နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းဆီပြောင်းရွှေ့သွားခဲ့ပြီး စပိန်ဘောလုံးလောကနဲ့လမ်းခွဲခဲ့တာပဲဖြစ်ပါတယ်။ရိုနယ်ဒိုက သူဟာ စိန်ခေါ်မှုတွေကိုလိုချင်နေတာဖြစ်ပြီး သူ့ရဲ့စိန်ခေါ်မှုကို အာဂျင်တိုင်းကစားသမားလက်ခံစေဖို့ဆိုခဲ့ပါတယ်။
“ ကျွန်တော်ဟာ အင်္ဂလန်၊စပိန်၊အီတလီ၊ပေါ်တူဂီစတဲ့နိုင်ငံတွေမှာ ကစားနေခဲ့တဲ့အချိန် သူကတော့စပိန်မှာပဲရှိနေပါတယ်။သူ့အတွက်အများကြီးလိုအပ်သေးတာဖြစ်နိုင်ပါတယ်” လို့ယူနိုက်တက်နဲ့ရီးရဲလ်ကစားသမားဟောင်းက ဆိုလိုက်ပါတယ်။
” ကျွန်တော့်အတွက်တော့ ဘဝဆိုတာစိန်ခေါ်မှုပဲ။ကျွန်တော်ဒါကို ကြိုက်တယ်။ကျွန်တော်လူတွေကိုပျော်အောင်လုပ်ပေးရတာကြိုက်တယ်။သူ့ကိုတစ်နေ့ကျရင်အီတလီမှာလာကစားစေချင်ပါတယ်။ကျွန်တော့်လို စိန်ခေါ်မှုတွေကို သူလက်ခံသင့်တယ်။” လို့ရိုနယ်ဒိုကစိန်ခေါ်ခဲ့တာပါ။
ဒါပင်မယ့်လည်း မက်ဆီတစ်ယောက် ဘယ်တစ်ခုကိုမှပြောင်းလဲဖို့လိုအပ်နေတာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့သူဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမှာရှိနေလို့ပါ။
“ ရိုနယ်ဒိုရဲ့စိန်ခေါ်မှုကိုလက်ခံပြီး အီတလီမှာသွားကစားရမှာလား? ကျွန်တော့်အတွက်တစ်စုံတစ်ရာပြောင်းလဲဖို့မလိုအပ်လို့ပါ။ကျွန်တော်ဟာကမ္ဘာ့အကောင်းဆုံးအသင်းမှာရှိနေပြီးသားပါ။ကျွန်တော့်စိန်ခေါ်မှုတွေဟာ တစ်နှစ်ပြီးတစ်နှစ်အသစ်ပြန်ပြန်ဖြစ်သွားပါတယ်။ကျွန်တော့်အတွက် အသင်းပြောင်းဖို့မလိုသလို လိပ်ပြောင်းပြီး ဂိုးအသစ်တွေရှာဖွေဖို့မလိုတာပါ။ကျွန်တော်ဟာကိုယ့်အိမ်မှာကိုယ်ရှိနေတာပါ။ဘာမှပြောင်းလဲစရာမလိုပါဘူး။”
ဒါ့အပြင်မက်ဆီဟာ ရိုနယ်ဒိုနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့အကြောင်းတွေကိုပြောပြခဲ့ပါသေးတယ်။” ရိုနယ်ဒိုနဲ့ပြိုင်ရတာဟာ တကယ့်ကို သင့်တင့်ကောင်းမွန်ပြီး ပရိတ်သတ်တွေအတွက် အရမ်းကိုမိုက်စေပါတယ်။”
ဘော်လွန်ဒီအော်ဆုအတွက်ဖော်ပြနေစရာမလိုပါဘူး။၂ယောက်စလုံးဟာ ၂၀၀၈ ခုနှစ်ကစပြီး ဘော်လွန်ဒီအော်ဆုကို အလှည့်ကျဗိုလ်ဆွဲနေခဲ့တာဖြစ်ပြီး ဒီနှစ်မှာမှ လူကာမိုဒရစ်က သူတို့၂ယောက်ရဲ့လွှမ်းမိုးမှုကိုအဆုံးသတ်ခဲ့တာပဲဖြစ်ပါတယ်။ကံမကောင်းစွာပဲမက်ဆီတစ်ယောက်ဟာ ဘော်လွန်ဒီအော်စကာတင်ဆုစာရင်းမှာ အမ်ဘာပေး၊ဂရစ်ဇမန်း နဲ့ရိုနယ်ဒိုတို့နောက်အဆင့်၅နေရာမှ မရောက်စဖူးရောက်သွားခဲ့တာပဲဖြစ်ပါတယ်။
” ကျွန်တော်ဘော်လွန်ဒီအော်စကာတင်ဆုစာရင်းကိုကြားခဲ့သိခဲ့ပါတယ်။ပြီးတော့ကျွန်တော်ဟာ တိုက်ခိုက်ဝေဖန်တဲ့အထဲမပါမှန်းလည်းသိပါတယ်။ဘောလုံးလောကကိုကျွန်တော်မြတ်နိုးပါတယ်။ဒါ့မယ့်မိသားစုကတော့အားလုံးရဲ့အထက်မှာပါပဲ” လို့မက်ဆီကပြောကြားခဲ့ပါတယ်။
Post a Comment