ဗုဒ္ဓဟူးနေ့ နံနက်ခင်းနောက်ဆုံးရသတင်းတိုများစုစည်းတင်ဆက်မှု
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အင်္ဂါနေ့နံနက်ခင်းနောက်ဆုံးရသတင်းတိုများစုစည်းတင်ဆက်မှု
လီဗာပူးလ် ၁-၀ နာပိုလီ လီဗာပူးလ်အသင်းဟာ အသင်းရဲ့စတား ဆာလာ ရဲ့ ပွဲကစားချိန် ၃၄မိနစ်က တစ်လုံးသောသွင်းဂိုးနဲ အတူ ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။တစ်ဖက်မှာလည်း PSG အသင်းက Red Star အသင်းကို ၄-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
ဘာစီလိုနာ ၁-၁ စပါးလ် လူကပ်စ်မော်ရာရဲ့နောက်ကျချေပဂိုးကြောင်း စပါးတို့၁၆သင်းအဆင့် ကို တက်ရောက်နိုင်ခဲ့ပြီးတစ်ဖက်က အင်တာမီလန်အသင်းဟာလည်း PSV အသင်းကို ၁-၁ သရေကျခဲ့တာကြောင့် အုပ်စုအဆင့်မှာတင်လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ဘာစီလိုနာအသင်းကို ၁-၁ သရေကျအောင်ကစားနိုင်ခဲ့တာကြောင့် အင်္ဂလန်ရဲ့လန်ဒန်အခြေစိုက်တော့တင်ဟမ်စပါးလ်အသင်းဟာ နောက်တစ်ဆင့် ၁၆သင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပြီး စပါးလ်ပရိတ်သတ်များက ယခုနှစ် ချန်ပီယံလိပ်မကစားရတဲ့ လန်ဒန်မြို့ခံကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ကို လှောင်ပြောင်ခဲ့ပါတယ်။ “လန်ဒန်မှာ ချန်ပီယံလိပ်ပွဲကြည့်ဖို့တစ်ခုတည်းသောနေရာ” လို့ဆိုလိုက်ကြတာပဲဖြစ်ပါတယ်။
လီဗာပူးလ်နည်းပြဂျာဂန်ကလော့ က နာပိုလီနဲ့ပွဲမှာ သူ့အသင်းသားတွေရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကို တွေ့ခဲ့ရကြောင်း ချီးကျုးပြောကြားခဲ့ပြီး သူတို့အသင်းဟာအနိုင်ရလဒ်နဲ့တကယ်ထိုက်တန်ကြောင်းပွဲအပြီးမှာပြောကြားလိုက်ပါတယ်။
ယူနိုက်တက်နည်းပြမော်ရင်ဟိုက သူ့ရဲ့အေးဂျင့် မန်ဒက်စ်ရဲ့သူနဲ့ပတ်သတ်ပြီး ထုတ်ပြန်ကြေညာချက်အပေါ် ဒါဟာ သူ့ထုတ်ပြန်ချက်မဟုတ်ကြောင်း သူ ထပ်မံဖြည့်စွက်စရာမလိုကြောင်း၊သူလုံးဝမသိပါကြောင်းနဲံ ပြီးတော့ ဒါနဲ့ပတ်သတ်ပြီးလည်းဂရုမစိုက်ပါကြောင်းပြောကြားလိုက်ပါတယ်။
မန်စီးတီးကွင်းလယ်လူဟောင်းကြီးယာယာတိုရေးဟာအိုလံပီယာကော့စ်အသင်းနဲ့၃လစာချုပ်ကစားခဲ့ပြီးနောက်အခုချိန်မှာတော့ အိုလံပီယာကော့စ်ကစားသမားအဖြစ်ကနေ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
မန်စီးတီးနည်းပြဂွာဒီယိုလာက စတာလင်ဟာ တကယ့်ကိုမယုံနိုင်စရာ လူသားတစ်ယောက်ဖြစ်တယ်လို့ချီးကျုးပြောကြားခဲ့ပါတယ်။ဒါ့အပြင်အသင်းရဲ့ကွင်းလယ်လူ ဆေးလ်ဗားဟာ ဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်အနားယူရလိမ့်မယ်လို့အတည်ပြုပြောကြားခဲ့ပြီး တိုက်စစ်မှူး အဂူရိုဟာ ဒီတစ်ပတ်မှာ အသင်းနဲ့အတူပြန်လည်ပူးပေါင်းလာနိုင်လိမ့်မယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။
ကိုလံဘတ်စ်ကရူအသင်းဂိုသမား စတီဖင်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးအသင်းဆီလာရောက်ဖို့တရားဝင်သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။
ပေါ်တိုအသင်းဟာ ဂါလတာစာရေးအသင်းကို ၃-၂ ဖြင့်အနိုင်ရရှိခဲ့ပြီးနောက်ဂိုးသမား ကာဆီလက်စ်ဟာ လည်း ချန်ပီယံလိပ် နိုင်ပွဲ၁၀၀ ပြည့်မြောက်ခဲ့ကာ ရိုနယ်ဒိုရဲ့စံချိန်ကို လိုက်မှီနိုင်ခဲ့ကြောင်းသိရပါတယ်။
ဘာကာကွင်းလယ်လူဟောင်းကြီးအင်နီယေစတာက သူ့အတွက်တော့ မက်ဆီသာလျှင်ဘောလုံးသမိုင်းမှာအကောင်းဆုံးကစားသမားဖြစ်တယ်လို့ချီးကျူးပြောကြားလိုက်ပါတယ်။
Post a Comment