Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ကျွန်မတို့၂ယောက်အချိန်တိုင်းချစ်ရည်လူးနေတာကြောင့်သူမကြာခဏဒဏ်ရာရနေတာဖြစ်နိုင်ပါတယ်။
ဘောလုံးသမားကီဗင်ပရင့်စ်ဘိုတန်ရဲ့ဇနီးသည်ဖြစ်တဲ့ မယ်လီဆာဆာတာဘိုတန်အကြောင်းကိုကျွန်တော်တို့တွေတဖန်ပြန်မိတ်ဆက်ပေးခြင်ပါတယ်။
ဘာလို့လဲဆိုတော့ ဘောလုံးပရိတ်သတ်တွေသိထားကြတဲ့ အီတလီTV အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့သူမရဲ့၂၀၁၂ က ပြောစကားကိုပြန်လည်ကာပြောပြချင်တာပဲဖြစ်ပါတယ်။
သူမက ဘာတွေကိုအတည်ပြုပြောကြားခဲ့တာလဲဆိုတော့ သူမရဲ့ယောင်္ကျား အေစီမီလန် အသင်းနဲ့စပါးလ်ကစားသမားဟောင်း ဘိုတန်တစ်ယောက်မကြာခဏဒဏ်ရာရနေတဲ့ သူစနက်တွေပါတယ်လို့ဆိုလိုက်တာပါပဲ။ဘာလို့လဲဆိုတော့ သူတို့၂ယောက်ချစ်တိုက်ပွဲတွေဆင်နွဲကြတာ တစ်ပတ်ကို ၁၀ကြိမ်မက လုပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။
“ သူအမြန်တမ်းဒဏ်ရာရနေရတဲ့အကြောင်းအရင်းကတော့ ကျွန်မတို့တစ်ပတ်က ၁၀ကြိမ်မက ချစ်ရည်လူးနေကြလို့ပါ။ဒါဟာ ကြွက်သားအကြောဒဏ်ဖြစ်သွားရတဲ့အကြောင်းဖြစ်သွားမှာကိုကျွန်မစိုးရိမ်ပါတယ်။”လို့ပြောကြားခဲ့ဖူးတာပဲဖြစ်ပါတယ်။
အသက်၃၇နှစ်အရွယ်မယ်လီဆာကတော့ သူ့ရဲ့လှပကျော့ရှင်းတဲ့ခန္တာကိုယ်ကို ဖော်ပြဖို့တော့မရှက်နေပါဘူး။
အသက်၃၁နှစ်အရွယ် ဂါနာလက်ရွေးစင်ကစားသမားဟောင်းဘိုတန်ဟာ ဒီနှစ်နွေရာသီမှာ ဆာဆူလိုအသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ကလပ်အတွက်၈ပွဲကစားပြီးချိန် ၄ဂိုးသွင်းယူခဲ့ပါတယ်။
Post a Comment