''အိမ္တစ္လံုးအဆင္သင့္ျဖစ္လာဖို႔ ပရိေဘာဂေတြဝယ္ရပါတယ္’’:: ေမာ္ရင္ဟို
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခုလာမယ့္တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္မယ့္ ျပိဳင္ဘက္လီဗာပူးအသင္းအေျကာင္းေမးျမန္းရာမွာ ေမာ္ရင္ဟိုက အနည္းငယ္ကို႔ရို႕ကားယားနိုင္တဲ့မွတ္ခ်က္မ်ိဳးေပးသြားခဲ့ပါတယ္။အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္မယ့္ အဂၤလန္အေနာက္ေျမာက္ဒါဘီပြဲမတိုင္မွီ လီဗာပူးအသင္းဟာ ဒီရာသီ PL၁၆ပြဲလံုးရံႈးပြဲမရွိေသးပဲ အမွတ္ေပးဇယားထိပ္ဆံုးမွာဦးေဆာင္ေနပါတယ္။လီဗာပူးအသင္းအေနန႔ဲ အခုလိုပံုစံေကာင္းေတြျပသနိုင္ျခင္းဟာ လြန္ခဲ့တဲ့ တစ္နွစ္အတြင္း ခံစစ္ကိုျပဳျပင္ဖို႔ အင္တိုက္အားတိုက္ ေငြေျကးသံုးစြဲခဲ့တာေျကာင့္လို႔ေမာ္ရင္ဟိုက ယံုျကည္ေနပါတယ္။
ဒါေပမယ့္ အသင္းအတြက္ဂ်ာဂ်င္ကေလာ့ခ်မွတ္ခဲ့တဲ့ ေပၚလစီကို ေမာ္ရင္ဟိုက ခ်ီးက်ဴးေထာမနာျပဳသြားခဲ့ပါတယ္။ပြဲျကိဳသတင္းစာရွင္းလင္းပြဲမွာ လီဗာပူးနဲ႔ပတ္သတ္ျပီးေမာ္ရင္ဟိုက ''ေႏြရာသီမွာ သူတို႔ေငြေလးပဲသံုးခဲ့တာမဟုတ္ပါဘူူး။အမ်ားျကီးလုပ္ေဆာင္ခဲ့တာပါ။လိုအပ္တဲ့ေနရာေတြကိုျမင့္မားတဲ့ေျပာင္းေရြ႕ေျကးေတြနဲ႕ျဖည့္တင္းနိုင္ခဲ့ပါတယ္။ေငြသံုးရံုနဲ႔မရပဲ အသင္းတစ္သင္းမွာ အခန္းက႑အမ်ားျကီးရွိပါတယ္။ဥပမာေျပာရင္ အိမ္တစ္လံုးလိုပါပဲ။ပရိေဘာကပစၥည္းေလးတစ္ခုနွစ္ခုဝယ္ထည့္ရံုနဲ႔မရပါဘူး။အလုပ္ေတြလုပ္ရဘာအံုးမယ္။ျပီးရင္ေတာ့ အေကာင္းဆံုးအိမ္ေထာင္ပရိေဘာကေတြအတြက္ေငြသံုးရပါမယ္။ဒါမွ ေနဖို႔အသင့္ျဖစ္ေနတဲ့ အံ့ျသဖြယ္ အိမ္ေလးတစ္လံုးျဖစ္မွာပါ''လို႔ဆိုသြားခဲ့ပါတယ္။
၂၀၁၈ခုနွစ္အတြင္း လီဗာပူးအသင္းဟာ အေျပာင္းေရြ႕စံခ်ိန္နွစ္ခုကိုရိုက္ခ်ိဳးခဲ့ပါတယ္။ဗန္ဒိုက္ကို ေနာက္ခံလူေတြထဲမွာေျကးအျမင့္ဆံုးစံခ်ိန္နဲ႔ေခၚယူခဲ့သလို အယ္လီဆန္ကိုဝယ္ခဲ့ရာမွာလည္း ခ်ယ္ဆီးကို ကီပါမေရာက္ခင္က ဂိုးသမားတစ္ေယာက္အတြက္ ကမာၻ ့စံခ်ိန္တင္ေျပာင္းေရြ႕ေျကးျဖစ္ခဲ့ပါတယ္။ဒါကိုေမာ္ရင္ဟိုက ရည္ညႊန္းခဲ့တာျဖစ္ေပမယ့္ သူကိုယ္တိုင္လည္း ယူနိုက္တက္မွာ ဝုန္းဒိုင္းျကဲေခၚယူမႈေတြလုပ္ခဲ့ပါေသးတယ္။
2016နွစ္က ေပါ့ဘာကိုကလပ္စံခ်ိန္တင္ေျပာင္းေရြ႕ေျကးနဲ႔ေခၚယူခဲ့သလို ဆန္းခ်က္ကို ေခၚယူရာမွာလည္း ပရီးမီးယားလိဂ္ရဲ႕အျမင့္ဆံုးလစာနႈန္းထားကို ေပးေခ်ခဲ့ပါတယ္။ဒါေတာင္မွ ေမာ္ရင္ဟိုကအသင္းဘုတ္အဖြဲ႕ကို ေငြေျကးသံုးစြဲခြင့္နည္းပါးစြာခြင့္ျပဳထားတယ္လို႔ျမင္ေနတာပါ။ဒါ့အျပင္ အသင္းရဲ႕လူအင္အားဟာ ခ်န္ပီယံဆုကို စိန္ေခၚဖို႔ မလံုေလာက္ေသးဘူးလို႔ ယူဆေနပါတယ္။သူလိုခ်င္တဲ့ ပံုစံရဖို႔ဘယ္ေလာက္လိုေသးလဲလို႔ေမးခဲ့ရာမွာ ေမာ္ရင္ဟိုက ေဝးဘာေသးတယ္လို႔ေျဖခဲ့ပါတယ္။ဘာေျကာင့္လဲလို႔ထပ္ေမးခဲ့ရာမွာေတာ့ ''ေငြလံုလံုေလာက္ေလာက္မသံုးစြဲခဲ့လို႔ပါ ''လို႔အေျဖေပးသြားခဲ့ပါတယ္။
(Unicode)
''အိမ်တစ်လုံးအဆင်သင့်ဖြစ်လာဖို့ ပရိဘောဂတွေဝယ်ရပါတယ်’’:: မော်ရင်ဟို
ခုလာမယ့်တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ပြိုင်ဘက်လီဗာပူးအသင်းအကြောင်းမေးမြန်းရာမှာ မော်ရင်ဟိုက အနည်းငယ်ကို့ရို့ကားယားနိုင်တဲ့မှတ်ချက်မျိုးပေးသွားခဲ့ပါတယ်။အန်ဖီးကွင်းမှာ ယှဉ်ပြိုင်မယ့် အင်္ဂလန်အနောက်မြောက်ဒါဘီပွဲမတိုင်မှီ လီဗာပူးအသင်းဟာ ဒီရာသီ PL၁၆ပွဲလုံးရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယားထိပ်ဆုံးမှာဦးဆောင်နေပါတယ်။လီဗာပူးအသင်းအနေနဲ့ အခုလိုပုံစံကောင်းတွေပြသနိုင်ခြင်းဟာ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ခံစစ်ကိုပြုပြင်ဖို့ အင်တိုက်အားတိုက် ငွေကြေးသုံးစွဲခဲ့တာကြောင့်လို့မော်ရင်ဟိုက ယုံကြည်နေပါတယ်။
ဒါပေမယ့် အသင်းအတွက်ဂျာဂျင်ကလော့ချမှတ်ခဲ့တဲ့ ပေါ်လစီကို မော်ရင်ဟိုက ချီးကျူးထောမနာပြုသွားခဲ့ပါတယ်။ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လီဗာပူးနဲ့ပတ်သတ်ပြီးမော်ရင်ဟိုက ''နွေရာသီမှာ သူတို့ငွေလေးပဲသုံးခဲ့တာမဟုတ်ပါဘူူး။အများကြီးလုပ်ဆောင်ခဲ့တာပါ။လိုအပ်တဲ့နေရာတွေကိုမြင့်မားတဲ့ပြောင်းရွေ့ကြေးတွေနဲ့ဖြည့်တင်းနိုင်ခဲ့ပါတယ်။ငွေသုံးရုံနဲ့မရပဲ အသင်းတစ်သင်းမှာ အခန်းကဏ္ဍအများကြီးရှိပါတယ်။ဥပမာပြောရင် အိမ်တစ်လုံးလိုပါပဲ။ပရိဘောကပစ္စည်းလေးတစ်ခုနှစ်ခုဝယ်ထည့်ရုံနဲ့မရပါဘူး။အလုပ်တွေလုပ်ရဘာအုံးမယ်။ပြီးရင်တော့ အကောင်းဆုံးအိမ်ထောင်ပရိဘောကတွေအတွက်ငွေသုံးရပါမယ်။ဒါမှ နေဖို့အသင့်ဖြစ်နေတဲ့ အံ့သြဖွယ် အိမ်လေးတစ်လုံးဖြစ်မှာပါ''လို့ဆိုသွားခဲ့ပါတယ်။
၂၀၁၈ခုနှစ်အတွင်း လီဗာပူးအသင်းဟာ အပြောင်းရွေ့စံချိန်နှစ်ခုကိုရိုက်ချိုးခဲ့ပါတယ်။ဗန်ဒိုက်ကို နောက်ခံလူတွေထဲမှာကြေးအမြင့်ဆုံးစံချိန်နဲ့ခေါ်ယူခဲ့သလို အယ်လီဆန်ကိုဝယ်ခဲ့ရာမှာလည်း ချယ်ဆီးကို ကီပါမရောက်ခင်က ဂိုးသမားတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးဖြစ်ခဲ့ပါတယ်။ဒါကိုမော်ရင်ဟိုက ရည်ညွှန်းခဲ့တာဖြစ်ပေမယ့် သူကိုယ်တိုင်လည်း ယူနိုက်တက်မှာ ဝုန်းဒိုင်းကြဲခေါ်ယူမှုတွေလုပ်ခဲ့ပါသေးတယ်။
2016နှစ်က ပေါ့ဘာကိုကလပ်စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူခဲ့သလို ဆန်းချက်ကို ခေါ်ယူရာမှာလည်း ပရီးမီးယားလိဂ်ရဲ့အမြင့်ဆုံးလစာနှုန်းထားကို ပေးချေခဲ့ပါတယ်။ဒါတောင်မှ မော်ရင်ဟိုကအသင်းဘုတ်အဖွဲ့ကို ငွေကြေးသုံးစွဲခွင့်နည်းပါးစွာခွင့်ပြုထားတယ်လို့မြင်နေတာပါ။ဒါ့အပြင် အသင်းရဲ့လူအင်အားဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ မလုံလောက်သေးဘူးလို့ ယူဆနေပါတယ်။သူလိုချင်တဲ့ ပုံစံရဖို့ဘယ်လောက်လိုသေးလဲလို့မေးခဲ့ရာမှာ မော်ရင်ဟိုက ဝေးဘာသေးတယ်လို့ဖြေခဲ့ပါတယ်။ဘာကြောင့်လဲလို့ထပ်မေးခဲ့ရာမှာတော့ ''ငွေလုံလုံလောက်လောက်မသုံးစွဲခဲ့လို့ပါ ''လို့အဖြေပေးသွားခဲ့ပါတယ်။
Post a Comment