ဥမင္လိႈင္ေခါင္းအတြင္းသူ ့ရဲ့အဆင့္အတန္းေကာင္းကိုျပသသြားခဲ့တဲ့အိုေလးဆိုလ္ရွား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
အိုထရက္ဖို ့ဒ္ဆီ ေပ်ာ္ရႊင္မႈေတြသယ္ေဆာင္လာတဲ့ အိုေလးဂန္နားဆိုလ္ရွားေၾကာင့္ ဂ်ိဳ ့စ္ေမာ္ရင္ဟိုရဲ ့မေပ်ာ္မရႊင္ေန ့ရက္မ်ားကုန္ဆံုးေစခဲ့ၿပီပဲျဖစ္ပါတယ္။ဒါ့အျပင္ အသင္းေဟာင္း ကာဒဖ္အသင္းကို ၅-၁ ျဖင့္အနိုင္ရရိွခဲ့ၿပီး ယာယီယူနိုက္္တက္နည္းျပအျဖစ္သူ ့ရဲ ့အိပ္မက္ေတြကို စတင္အေကာင္အထည္ေဖာ္ေစခဲ့ၿပီပဲျဖစ္ပါတယ္။
ယူနိုက္တက္အသင္းဟာ ရပ္ဖို ့ဒ္၊မာရွယ္၊ဟာရဲရား၊လင္ဂတ္စတဲ့ ဂိုးေတြနဲ ့အတူ ဒီရာသီသူတို ့အသင္းရဲ ့အေကာင္းဆံုးပံုစံကိုုျပသနိုင္ခဲ့ၿပီး နည္းျပဆိုလ္ရွားအတြက္လည္း ပြဲဦးထြက္အၾကီးမားဆံုးနိုင္ပြဲတစ္ခုကိုျဖစ္ေစခဲ့ပါတယ္။
အရင္နည္းျပေဟာင္းေမာ္ရင္ဟိုနဲ ့ယွဥ္ၾကည့္မယ္ဆို ဆိုလ္ရွားဟာ အသင္းဂိုးသြင္းတဲ့အခ်ိန္တိုင္း သူ ့နည္းျပအဖြဲ ့၀င္မ်ားနဲ ့ေအာင္ပြဲခံခဲ့ၿပီး ဥမင္လိႈင္ေခါင္းအတြင္းမွာ လည္းသူ ့ရဲ ့အဆင့္အတန္းေကာင္းကိုုျပသခဲ့ပါတယ္။အသက္၄၅နွစ္အရြယ္ဆိုလ္ရွားဟာအသင္း အ၀တ္လဲခန္းထဲသို ့ျပန္လာစဥ္ Sky Sports ရဲ ့အစီအစဥ္တင္ဆက္သူ ဂ်င္၀ိုက္က သူ ့ကို ဂုဏ္ယူပါတယ္လို ့ေျပာၾကားလိုက္ပါတယ္။
ဆိုလ္ရွားက ဂ်င္၀ိုက္ကို ျပန္လည္လက္ဆြဲနႈတ္ဆက္ခဲ့ၿပီး ” အရာရာအေကာင္းဆံုးျဖစ္ပါေစ” လို ့ ျပန္လည္ေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ သူ ့ရဲ ့နွစ္လိုဖြယ္ေကာင္းတဲ့အျပံဳးမ်က္နွာနဲ ့အသင္း၀န္ထမ္းေတြကိုပြဲအၿပီးမွာ လိုက္လံနႈတ္ဆက္ခဲ့ပါေသးတယ္။
လူအမ်ားစုက ယခင္နည္းျပေဟာင္းေမာ္ရင္ဟိုဟာ လူေတြနဲ ့ဆက္ဆံေရးသိပ္မေကာင္းေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။ဒါပင္မယ့္လည္း ဆိုလ္ရွားကေတာ့ သူ ့ရဲ ့အိမ္ကို အေပါင္းလကၡဏာေဆာင္တဲ့အရာေတြသယ္ေဆာင္လာတယ္လို ့ဆိုရမွာပဲျဖစ္ပါတယ္။ဒါ့အျပင္သူ ဟာ ယူနိုက္တက္ကို နည္းျပအျဖစ္ျပန္လာတဲ့အခ်ိန္မွာေတာ့ ကလပ္အသင္းရဲ ့အသက္၅၀အရြယ္ ဧည့္ၾကိဳ ကိတ္ဖီးလစ္ကို ေနာ္ေ၀းေခ်ာကလက္လက္ေဆာင္ေပးခဲ့တယ္လို ့သိရပါတယ္။
ကာဒဖ္အသင္းကို ၅-၁ ျဖင့္အနိုင္ရခဲ့တာဟာ ဖာဂူဆန္လက္ထက္ ၀က္စ္ဘရြန္းအသင္းကို ၅-၅ ျဖင့္သြင္းယူၿပီးေနာက္ပိုင္း ၅နွစ္အၾကာမွ အသင္းတိုက္စစ္ဟာ ပထမဆံုးအၾကိမ္ ၅ဂိုးသြင္းနိုင္ခဲ့ျခင္းပဲျဖစ္ပါတယ္။
(Unicode)
ဥမင်လှိုင်ခေါင်းအတွင်းသူ့ရဲ့အဆင့်အတန်းကောင်းကိုပြသသွားခဲ့တဲ့အိုလေးဆိုလ်ရှား
အိုထရက်ဖို့ဒ်ဆီ ပျော်ရွှင်မှုတွေသယ်ဆောင်လာတဲ့ အိုလေးဂန်နားဆိုလ်ရှားကြောင့် ဂျို့စ်မော်ရင်ဟိုရဲ့မပျော်မရွှင်နေ့ရက်များကုန်ဆုံးစေခဲ့ပြီပဲဖြစ်ပါတယ်။ဒါ့အပြင် အသင်းဟောင်း ကာဒဖ်အသင်းကို ၅-၁ ဖြင့်အနိုင်ရရှိခဲ့ပြီး ယာယီယူနိုက်တက်နည်းပြအဖြစ်သူ့ရဲ့အိပ်မက်တွေကို စတင်အကောင်အထည်ဖော်စေခဲ့ပြီပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ရပ်ဖို့ဒ်၊မာရှယ်၊ဟာရဲရား၊လင်ဂတ်စတဲ့ ဂိုးတွေနဲ့အတူ ဒီရာသီသူတို့အသင်းရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်ခဲ့ပြီး နည်းပြဆိုလ်ရှားအတွက်လည်း ပွဲဦးထွက်အကြီးမားဆုံးနိုင်ပွဲတစ်ခုကိုဖြစ်စေခဲ့ပါတယ်။
အရင်နည်းပြဟောင်းမော်ရင်ဟိုနဲ့ယှဉ်ကြည့်မယ်ဆို ဆိုလ်ရှားဟာ အသင်းဂိုးသွင်းတဲ့အချိန်တိုင်း သူ့နည်းပြအဖွဲ့ဝင်များနဲ့အောင်ပွဲခံခဲ့ပြီး ဥမင်လှိုင်ခေါင်းအတွင်းမှာ လည်းသူ့ရဲ့အဆင့်အတန်းကောင်းကိုပြသခဲ့ပါတယ်။အသက်၄၅နှစ်အရွယ်ဆိုလ်ရှားဟာအသင်း အဝတ်လဲခန်းထဲသို့ပြန်လာစဉ် Sky Sports ရဲ့အစီအစဉ်တင်ဆက်သူ ဂျင်ဝိုက်က သူ့ကို ဂုဏ်ယူပါတယ်လို့ပြောကြားလိုက်ပါတယ်။
ဆိုလ်ရှားက ဂျင်ဝိုက်ကို ပြန်လည်လက်ဆွဲနှုတ်ဆက်ခဲ့ပြီး ” အရာရာအကောင်းဆုံးဖြစ်ပါစေ” လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့နှစ်လိုဖွယ်ကောင်းတဲ့အပြုံးမျက်နှာနဲ့အသင်းဝန်ထမ်းတွေကိုပွဲအပြီးမှာ လိုက်လံနှုတ်ဆက်ခဲ့ပါသေးတယ်။
လူအများစုက ယခင်နည်းပြဟောင်းမော်ရင်ဟိုဟာ လူတွေနဲ့ဆက်ဆံရေးသိပ်မကောင်းကြောင်းပြောကြားခဲ့ဖူးပါတယ်။ဒါပင်မယ့်လည်း ဆိုလ်ရှားကတော့ သူ့ရဲ့အိမ်ကို အပေါင်းလက္ခဏာဆောင်တဲ့အရာတွေသယ်ဆောင်လာတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်။ဒါ့အပြင်သူ ဟာ ယူနိုက်တက်ကို နည်းပြအဖြစ်ပြန်လာတဲ့အချိန်မှာတော့ ကလပ်အသင်းရဲ့အသက်၅၀အရွယ် ဧည့်ကြို ကိတ်ဖီးလစ်ကို နော်ဝေးချောကလက်လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ကာဒဖ်အသင်းကို ၅-၁ ဖြင့်အနိုင်ရခဲ့တာဟာ ဖာဂူဆန်လက်ထက် ဝက်စ်ဘရွန်းအသင်းကို ၅-၅ ဖြင့်သွင်းယူပြီးနောက်ပိုင်း ၅နှစ်အကြာမှ အသင်းတိုက်စစ်ဟာ ပထမဆုံးအကြိမ် ၅ဂိုးသွင်းနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။
Post a Comment