Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
လီဗာပူးလ်ပရိတ်သတ်တစ်ယောက်ဖြစ်တဲ့ဂျာနယ်လစ်ကိုဆိုလ်ရှားတစ်ယောက်ဘယ်လိုတုံ့ပြန်ခဲ့သလဲ
အိုလေဂန်နားဆိုလ်ရှားတစ်ယောက်ဟာ မန်ချက်စတာယူနိုက်တက်ယာယီနည်းပြအဖြစ် ၂ပွဲဆက်အနိုင်ယူပြီး ပျော်ရွှင်တဲ့ဘဝကိုရယူထားနိုင်ပါတယ်။ဒါပင်မယ့်လည်း အသက်၄၅နှစ်အရွယ်နော်ဝေးနည်းပြတစ်ယောက်ကောင်းကောင်းသိထားတာကတော့ သူဟာယာယီနည်းပြအဖြစ်လီဗာပူးလ်အသင်းကိုရင်ဆိုင်မယ်ဆိုဘယ်လောက်ထိအရေးကြီးနေမှန်းဆိုတာပါပဲ။
သရဲနီတိုက်စစ်ကစားသမားဟာ အိုထရက်ဖို့ဒ်မှာကစားခဲ့စဉ်ကာလက ကြမ်းတမ်းခက်ထန်တဲ့ပြိုင်ဘက်၂သင်းကြားမှာနေထိုင်ကစားခဲ့တာပဲဖြစ်ပါတယ်။ဆိုလိုတာက သူဟာယူနိုက်တက်မှာကစားသမားဘဝမှာကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်းဆိုလ်ရှားတစ်ယောက်ဟာ အတိတ်ကဖြစ်ရပ်တွေချန်မထားနိုင်ခဲ့ပါဘူး။ဒီအကြောင်းတွေကို ဂျာနယ်လစ် ဒီဗာနေးကအကုန်သိပြီးသားဖြစ်ပါတယ်။သူဟာ ၂၀၁၃ခုနှစ်တုန်းက ဆိုလ်ရှားနဲ့တွေ့ဆုံခဲ့ဖူးပါတယ်။ “ ကျွန်တော်တက်ကြည့်လိုက်တော့ သူ့ဘေးမှာဂျာနယ်လစ်တွေဝိုင်းနေပါတယ်။ခင်ဗျားကျွန်တော့်ကို လူမှုဆိုရှယ်အသိုင်းအဝိုင်းမှာသိပြီးသားပါ။ကျွန်တော်လည်းအရှက်မရှိ ပြောချင်တဲ့စကားကိုဒဲ့ပြောမိလိုက်တယ်။ ” အိုလေး၊ခင်ဗျားကိုတွေ့ရတာဝမ်းသာပါတယ်။”လို့ပေါ့။” လို့Manchester Evening News ကဆိုထားပါတယ်။
“ ပြီးလည်းပြီးရော သူ့ရဲ့မျက်လုံးပြာကြီးတွေနဲ့ကျွန်တော့်ကို ကြည့်လိုက်တယ်။အဲ့မျက်လုံးတွေကတကယ့်ကိုစူးရှလွန်းတယ်။ပြီးတော့သူဟာ သူ့အသက်ရွယ်ထက်အတော်လေးနုနေတာကိုတွေ့ရတယ်။အဲ့ဒါနဲ့သူ့ရဲ့လက်ကိုကျွန်တော်ဆွဲပြီးနှုတ်ဆက်လိုက်တယ်။ ” ဒီမှာနားထောင် ခင်ဗျားဟာ အရမ်းတော်တဲ့ကစားသမားတစ်ယောက်လို့ကျွန်တော်ထင်ခဲ့တယ်။ပြီးတော့အရမ်းလည်းထက်တယ်။ကျွန်တော်ဟာ လီဗာပူးလ်ပရိတ်သတ်တစ်ယောက်ဖြစ်နေတာတောင် ခင်ဗျားကို လက်ဆွဲနှုတ်ဆက်ချင်နေမိပါတယ်။”
” ဒီလိုဆိုတော့ခင်ဗျားတို့ထင်မှာက အတော်လေးလန်းတယ်ပေါ့။ဒါပင်မယ့်သူက ပြုံးတောင်မပြုံးပြခဲ့ဘူးဗျ။သူကကျွန်တော့်ကို သေချာကြည့်ပြီး ပျော်စရာမပါတဲ့စကားတွေကို ဒဲ့ပြောချလိုက်တာပဲ။
“ ခင်ဗျားသာ လီဗာပူးလ်ပရိတ်သတ်တစ်ယောက်လို့ကျွန်တော်သိခဲ့တယ်ဆိုရင် ကျွန်တော်လက်ဆွဲနှုတ်ဆက်မှာမဟုတ်ပါဘူး” တဲ့ဗျာ။” 
ယူနိုက်တက်အသင်းဟာ နည်းပြမော်ရင်ဟိုကိုထုတ်ပယ်ခဲ့ပြီးနောက်ဆိုးလ်ရှားကို ရာသီကုန်ထိယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။သူ့ရဲ့ပထမဆုံးပွဲမှာ ကာဒဖ်စီးတီးအသင်းကို ၅-၁ ဖြင့်အနိုင်ရပြီး ဒုတိယမြောက်အိမ်ကွင်းမှာလည်း ၃-၁ ဖြင့်ထပ်မံအနိုင်ယူထားတာပဲဖြစ်ပါတယ်။
No comments
Powered by Blogger.