Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
ဥရောပထိပ်တန်း၅သင်းထက်ဖရီးကစ်ကနေဂိုးပိုမိုသွင်းယူထားတဲ့မက်ဆီ
လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ဖရီးကစ်မာစတာတစ်ယောက်ဖြစ်လာနေပါတယ်။ အချက်အလက်များအရလည်း မက်ဆီဟာ မာစတာတစ်ယောက်ဆိုတာအတည်ပြုလျက်ရှိနေပါတယ်။
ESPN ရဲ့အဆိုအရ ဘော်လွန်ဒီအော်၅ကြိမ်ဆုရ မက်ဆီဟာ ပြီးခဲ့တဲ့ ၄နှစ်အတွင်း ဥရောပထိပ်တန်း လိပ်၅လိပ်က အသင်းတွေရဲ့ဖရီးကစ်စုစုပေါင်းသွင်းဂိုးထက်ပိုများအောင်သွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။
ဂျူဗင်တပ်စ် အသင်းဟာ ဖရီးကစ် ၁၈ကြိမ်ကနေ တိုက်ရိုက်ဂိုးသွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။သို့သော်လည်း လီယွန်နယ်မက်ဆီက စုစုပေါင်း ၁၉ ကြိမ်ဖြင့် ဖရီးကစ်ကနေ တိုက်ရိုက်ဂိုးသွင်းယူထားတာကြောင့် ပြိုင်ဘက်အသင်းတွေထက် ပိုမိုသာလွန်လို့နေတာပဲဖြစ်ပါတယ်။
တကယ့်ဆရာပဲ ဟုတ်တယ်မလား?
အသက် ၃၁ နှစ်အရွယ် အာဂျင်းတိုင်းတိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့ အက်စပန်ညိုအသင်းနဲ့ပွဲမှာ ပထမပိုင်းအတွင်း ဖရီးကစ်ကနေ ၁ဂိုးသွင်းယူခဲ့ပြီး နောက်ထပ်ဒုတိယပိုင်းရောက်မှာ လှပတဲ့ ဖရီးကစ်ကို ထပ်မံသွင်းယူခဲ့ပြီး ပွဲအပြီး ၄-၀ ဖြင့်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
ဒီရာသီ ဘာစီလိုနာအသင်းအတွက် မက်ဆီတစ်ယောက် ဂိုးတွေ ဘယ်လောက်ထိသွင်းယူပေးနိုင်မလဲ?
Post a Comment