Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
သြဂတ်စ်လ ရဲ့လီဗာပူးအသင်းအကောင်းဆုံးကစားသမားဆု ဗန်ဒိုက် ရရှိ
ဗန်ဒိုက်ဟာ ယခုနှစ်ရာသီသြဂတ်စ်လ လီဗာပူးလ်အသင်းရဲ့ပထမဦးဆုံးအကြိမ်အကောင်းဆုံးကစားသမားဆုကိုရရှိဆွတ်ခူးလိုက်ပါတယ်။
ဗန်ဒိုက်ဟာ အသင်းဖော်တွေဖြစ်ကြတဲ့မာနေးနှင့်ဆာလာတို့ကိုကျော်ဖြတ်ကာရရှိခဲ့ပြီး၊အဆိုပါဆုကိုမဲပေးရွေးချယ်မှုနှင့် ရွေးချယ်ခဲ့ပြီး တိုက်စစ်မှူးနှစ်ဦးကတော့ ဗန်ဒိုက်ရဲ့အောက်မှာ အစဉ်အလိုက်တန်းစီရပ်တည်နေပါတယ်။
နယ်သာလန်အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ဗန်ဒိုက်က
လီဗာပူးလ်အသင်းကိုယခုနှစ်ရာသီမှာအကောင်းဆုံးကူညီပံ့ပိုးနေပြီးအသင်းရဲ့ပရီးမီးယားလိဂ်တာထွက်အောင်ကြိုးစားခဲ့တဲ့အပြင်အသင်းရဲ့နိုင်ပွဲစံချိန်ရရှိအောင်လည်းကူညီကစားခဲ့ပါတယ်။
သူကလီဗာပူးလ်အသင်းဝက်ဘ်ဆိုဒ်မှတဆင့် "ပထမဦးဆုံးအနေနဲ့ကျွန်တော်ကိုမဲပေးရွေးချယ်ခဲ့တဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေ။ဒီလက ကျွန်တော်တို့ အားလုံးအတွက်တကယ်ကိုအရေးပါအရာရောက်ခဲ့တဲ့လ လည်းဖြစ်ပါတယ်။မဲပေးတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။"
"ဒါကကျွန်တော်အတွက်ပထမဦးဆုံးအကြိမ်ပါပဲပြီးတော့ဒီဆုရလို့ကျွန်တော်အရမ်းဝမ်းသာမိပါတယ်။ဒါပေမယ့်အသင်းမှာရှိတဲ့လူအားလုံးကဒီလအတွက်ဒီဆုကထိုက်တန်ပါတယ်။သူတို့အားလုံးကိုဒီဆုပေးသင့်ပါတယ်။ဘာလို့လဲဆိုတော့အသင်းရလဒ်တွေကိုကြည့်ပါဦး။"
"ကျွန်တော်အမြဲဒီဆုအတွက်ကျေနပ်သာယာမိတယ်။ဒါပေမယ့်အဲဒါအရာအားလုံးက အသင်းသားအားလုံးနဲ့သက်ဆိုင်တယ်။ကျွန်တော်တစ်ယောက်တည်းနဲ့ဆိုင်တာမဟုတ်ဘူး။ကျွန်တော်တို့အားလုံးတူတူကစားတယ်ပြီးတော့ဒီအတွက်တူတူတလေ့ကျင့်ခဲ့ကြတယ်လေ။အဲဒါတွေကြောင့်ပါ။"
လီဗာပူးလ်အသင်းဟာလက်ရှိအချိန်ယခုထပ်မကပိုမိုထင်ရှားဖို့လိုလားနေပြီး ယခုလရဲ့ပွဲစဉ်တိုင်းကိုအမှတ်ပြည့်ရဖို့အတွက် ပြောင်မြောက်လှတဲ့တိုက်စစ်နှင့် အသေအကြေပိတ်နိုင်တဲ့ခံစစ်သမားတို့ရဲ့အစွမ်းနှင့်အမှတ်ပြည့်ရယူဖို့ကြိုးစားနေပါတယ်။
"ကျွန်တော်တို့ပွဲကစားနေတုန်း ပွဲကိုငြီးငွေ့ဖွယ်ရာအနေအထားရှိလာပြီဆိုရင်အဲဒါတွေမရှိ အောင်လုပ်ဖို့လိုအပ်တယ်။ပြီးတော့ကျွန်တော့်တို့ဒီအတွက်အရာရာကိုပေးဆပ်ခဲ့တယ်။ဒါအပြင်ကျွန်တော်တို့ရဲ့အရည်အသွေးကိုပါထုတ်ဖော်ပြသခဲ့တယ်"လို့ဗန်ဒိုက်ကဆိုပါတယ်။
"ဥပမာတစ်ခုပေးရမယ်ဆို ခရစ်စတယ်ပဲလေ့စ်အသင်း နှင့်ပွဲစဉ်ကိုကြည့်ပါ။သူတို့ရဲ့ပရိသတ်တွေအားပေးသံက ကျွန်တော်တို့ကိုအခက်အခဲတွေကြုံစေခဲ့ပါတယ်။ဒါပေမယ့်ကျွန်တော်တို့အနိုင်ရရှိခဲ့ပါတယ်။အဲဒါအတွက်ကျွန်တော်အားလုံးပျော်ရွှင်မိပါတယ်။"
Post a Comment