Header Ads


အျမင့္၁၄ ေပရွိတဲ့ ေရႊေရာင္ၾကက္ဖ႐ုပ္တုကို အိမ္ကြင္းသစ္ရဲ႕ေရွ ့မွာထားမယ့္ေတာ့တင္ဟမ္ေဟာ့စပါး



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။



ေတာ့တင္ဟမ္အသင္းရဲ႕ အိမ္ကြင္းသစ္တည္ေဆာက္ၿပီးစီးမႈဟာေႏွာင့္ေနးၾကန္ ့ၾကာမႈေတြရွိခဲ့ပါတယ္။ဒါပင္မယ့္လည္း ကလပ္အသင္းကေတာ့ သူတို ့ရဲ႕ အိမ္ကြင္းပရိတ္သတ္ေတြအတြက္ အရင္အိမ္ကြင္းေဟာင္းကဲ့သို႔ ခံစားမႈရွိေစရန္လုပ္ေဆာင္ေနတာပဲျဖစ္ပါတယ္။




အရင္အိမ္ကြင္းေဟာင္း ဝိုက္ဟိုက္လိန္း အေရွ ့မွာ အမွတ္တရထားခဲ့တဲ့ ေရႊေရာင္ၾကက္ဖ႐ုပ္တုႀကီးကို သူတို ့ရဲ႕ပရိတ္သတ္ ၆၂,၀၆၂ ဆန္႔ အိမ္ကြင္းသစ္ႀကီးေရွ ့မွာျပန္လည္ေနရာခ်ထားဖို ့စီစဥ္ေနပါတယ္။



ဒီၾကက္ဖ႐ုပ္တုႀကီးကို ၁၉၀၉ ခုႏွစ္က လန္ဒန္ၿမိဳ ့ရဲ႕ ႐ုပ္တုပံုေလာင္းတဲ့သူမ်ားက တည္ေဆာက္ခဲ့တာျဖစ္ၿပီး အဆိုပါ႐ုပ္တုရဲ႕ အရွည္ဟာ ၄.၅ မီတာ(၁၄ေပေက်ာ္) ရွည္လ်ားတာကိုေတြ ့ရပါတယ္။







ေတာ့တင္ဟမ္အသင္းကေတာ့ အဆိုပါ႐ုပ္တုကို အရင္ကြင္းေဟာင္းရဲ႕ အမိုးထိပ္မွာ တင္ထားတဲ့ အတိုင္း ျပန္လည္တပ္ဆင္သြားဖို ့ရွိေနၿပီး အရင္႐ုပ္ထုကို scan ဖတ္ၿပီး အသစ္ျပဳလုပ္ထားတဲ့ အဆိုပါ႐ုပ္ထုအသစ္ဟာ ေရႊေဆး ၂ထပ္နဲ႔ ျခယ္သထားတာကိုေတြ ့ရပါတယ္။

အဆိုပါ အသစ္ျပန္လည္တည္ေဆာက္ထားတဲ့ ေရႊေရာင္ၾကက္ဖ႐ုပ္တုသစ္ကို ကြင္းသစ္ရဲ႕ ေတာင္ဘက္ျခမ္း အမိုးေပၚမွာတပ္ဆင္ထားဖို ့ရွိေနပါတယ္။




London Mould Makers ရဲ႕ အာသာစတီးဝါ့ဒ္ကေတာ့

" ဒီၾကက္ဖ႐ုပ္မွာ သမိုင္းဝင္အျဖစ္အပ်က္ေတြမ်ားစြာရွိေနပါတယ္။အဲ့ဒီမွာ ကိုယ္ပိုင္ဇာတ္လမ္းေတြရွိပါတယ္။ဒီသမိုင္းဝင္ျဖစ္ရပ္ကို ေဖာ္ျပရတာဟာ ဂုဏ္ယူစရာေကာင္းၿပီး ဒီၾကက္ဖ႐ုပ္ကို ဖန္တီးခဲ့တဲ့ မူရင္းအႏုပညာရွင္တို ့ရဲ႕ လက္ရာကို ျပန္လည္ေဖာ္ထုတ္ခြင့္ရတာဟာ ဂုဏ္ယူစရာပါပဲ" လို ့ေျပာၾကားသြားပါတယ္။





ေတာ့တင္ဟမ္အသင္းရဲ႕ အိမ္ကြင္းသစ္မွာ ေဖ်ာ္ေျဖေရး အခန္းက႑ ေပါင္းမ်ားစြာပါဝင္ၿပီး ဘား ၃ခုထိပါဝင္တယ္လို ့သိရပါတယ္။

(Unicode)

အမြင့်၁၄ ပေရှိတဲ့ ရွှေရောင်ကြက်ဖရုပ်တုကို အိမ်ကွင်းသစ်ရဲ့ရှေ့မှာထားမယ့်တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်အသင်းရဲ့ အိမ်ကွင်းသစ်တည်ဆောက်ပြီးစီးမှုဟာနှောင့်နေးကြန့်ကြာမှုတွေရှိခဲ့ပါတယ်။ဒါပင်မယ့်လည်း ကလပ်အသင်းကတော့ သူတို့ရဲ့ အိမ်ကွင်းပရိတ်သတ်တွေအတွက် အရင်အိမ်ကွင်းဟောင်းကဲ့သို့ ခံစားမှုရှိစေရန်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။

အရင်အိမ်ကွင်းဟောင်း ဝိုက်ဟိုက်လိန်း အရှေ့မှာ အမှတ်တရထားခဲ့တဲ့ ရွှေရောင်ကြက်ဖရုပ်တုကြီးကို သူတို့ရဲ့ပရိတ်သတ် ၆၂,၀၆၂ ဆန့် အိမ်ကွင်းသစ်ကြီးရှေ့မှာပြန်လည်နေရာချထားဖို့စီစဉ်နေပါတယ်။

ဒီကြက်ဖရုပ်တုကြီးကို ၁၉၀၉ ခုနှစ်က လန်ဒန်မြို့ရဲ့ ရုပ်တုပုံလောင်းတဲ့သူများက တည်ဆောက်ခဲ့တာဖြစ်ပြီး အဆိုပါရုပ်တုရဲ့ အရှည်ဟာ ၄.၅ မီတာ(၁၄ပေကျော်) ရှည်လျားတာကိုတွေ့ရပါတယ်။

တော့တင်ဟမ်အသင်းကတော့ အဆိုပါရုပ်တုကို အရင်ကွင်းဟောင်းရဲ့ အမိုးထိပ်မှာ တင်ထားတဲ့ အတိုင်း ပြန်လည်တပ်ဆင်သွားဖို့ရှိနေပြီး အရင်ရုပ်ထုကို scan ဖတ်ပြီး အသစ်ပြုလုပ်ထားတဲ့ အဆိုပါရုပ်ထုအသစ်ဟာ ရွှေဆေး ၂ထပ်နဲ့ ခြယ်သထားတာကိုတွေ့ရပါတယ်။

အဆိုပါ အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ရွှေရောင်ကြက်ဖရုပ်တုသစ်ကို ကွင်းသစ်ရဲ့ တောင်ဘက်ခြမ်း အမိုးပေါ်မှာတပ်ဆင်ထားဖို့ရှိနေပါတယ်။

London Mould Makers ရဲ့ အာသာစတီးဝါ့ဒ်ကတော့

" ဒီကြက်ဖရုပ်မှာ သမိုင်းဝင်အဖြစ်အပျက်တွေများစွာရှိနေပါတယ်။အဲ့ဒီမှာ ကိုယ်ပိုင်ဇာတ်လမ်းတွေရှိပါတယ်။ဒီသမိုင်းဝင်ဖြစ်ရပ်ကို ဖော်ပြရတာဟာ ဂုဏ်ယူစရာကောင်းပြီး ဒီကြက်ဖရုပ်ကို ဖန်တီးခဲ့တဲ့ မူရင်းအနုပညာရှင်တို့ရဲ့ လက်ရာကို ပြန်လည်ဖော်ထုတ်ခွင့်ရတာဟာ ဂုဏ်ယူစရာပါပဲ" လို့ပြောကြားသွားပါတယ်။

တော့တင်ဟမ်အသင်းရဲ့ အိမ်ကွင်းသစ်မှာ ဖျော်ဖြေရေး အခန်းကဏ္ဍ ပေါင်းများစွာပါဝင်ပြီး ဘား ၃ခုထိပါဝင်တယ်လို့သိရပါတယ်။

No comments

Powered by Blogger.