Header Ads


မက္ဆီသာကမာၻ ့အေကာင္းဆံုးကစားသမားပါ။ဒါပင္မယ့္ ဒီႏွစ္အေကာင္းဆံုးကေတာ့ မိုဒရစ္ပါပဲ။##ရာကီတစ္




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ဘာစီလိုနာနဲ႔ ခ႐ိုေအးရွားကြင္းလယ္လူ ရာကီတစ္ကို ႏိုင္ငံအသင္းေဖာ္နဲ႔ ကလပ္အသင္းေဖာ္ၾကားဘယ္သူအေကာင္းဆံုးလည္းေမးျမန္းခဲ့ရာ ၂ေယာက္စလံုးကိုခ်ီးက်ဴးေျပာဆိုမႈေတြလုပ္ေဆာင္ခဲ့ပါတယ္။

မက္ဆီဟာ ထာဝရအေကာင္းဆံုးေဘာလံုးသမားတစ္ေယာက္ျဖစ္ေသာ္လည္း ၂၀၁၈ ခုႏွစ္ဟာ လူကာမိုဒရစ္ရဲ႕ ႏွစ္လို ့ရာကီတစ္ကဆိုလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကို ၃ရက္သီဆက္ခ်န္ပီယံဖလားရေအာင္ကူညီေပးခဲ့သူ၊ခ႐ိုေအးရွားအသင္းကို ကမာၻ ့ဖလားဖိုင္နယ္ထိေရာက္ေအာင္ဦးေဆာင္ေပးခဲ့သူလူကာမိုဒရစ္ဟာ UEFA ရဲ႕ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုရခဲ့တဲ့အျပင္ FIFA ရဲ႕ အေကာင္းဆံုးေနာက္ဆံုးစကာတင္လူစာရင္း၃ေယာက္မွာ ပါဝင္ေနခဲ့သူျဖစ္ပါတယ္။



ေဘာ္လြန္းဒီေအာ္ဆု ၅ ႀကိမ္ဆုရဘာစီလိုနာစတားမက္ဆီဟာ ဒီႏွစ္ရဲ႕ အေကာင္းဆံုးဇကာတင္ဆုစာရင္းမွာမပါဝင္ခဲ့ပါဘူး။

" ခင္ဗ်ားပိုေကာင္းလား၊မေကာင္းဘူးလား ဆိုတဲ့ အေၾကာင္းျပခ်က္ေတြရွိလို ့ေနပါတယ္။ကၽြန္ေတာ့္အတြက္ေတာ့ ကမာၻ ေပၚမွာအေကာင္းဆံုးနဲ႔ အႀကီးက်ယ္ဆံုးကစားသမားဟာ မက္ဆီပါပဲ။ဒါကေတာ့လြယ္လြယ္ေလးပါပဲ။ ေကာင္ေလးတစ္ေယာက္ကိုေခၚေမးေမး။၁၀ ေယာက္မွ ၉ ေယာက္က ကၽြန္ေတာ့္အေျဖနဲ႔ တူေနပါလိမ့္မယ္။"

" ဒါပင္မယ့္ ဒီႏွစ္ကေတာ့ လူကာ (မိုဒရစ္) ရဲ႕ႏွစ္ပါပဲ။လီယို(မက္ဆီ) ေရာ တျခားလူေတြေရာ မိုဒရစ္ဟာ ဒီႏွစ္ဆုေတြနဲ႔ ထိုက္တန္တဲ့သူလို ့သိႏိုင္တယ္ဆိုတာကို ကၽြန္ေတာ္ထင္ျမင္မိပါတယ္။"



"သူဟာ ဥေရာပရဲ႕ ဒီရာသီအေကာင္းဆံုးကစားသမားဆုကိုရခဲ့ၿပီးေတာ့ သူလုပ္ေဆာင္ႏိုင္ခဲ့တာေတြနဲ႔ ပတ္သတ္ၿပီး ကမာၻ ့အေကာင္းဆံုးကစားသမားဆုသူရႏိုင္မလားမသိပါဘူး။"



" ကၽြန္ေတာ္ဟာ သူရဲ႕ သူငယ္ခ်င္းေကာင္းတစ္ေယာက္ျဖစ္ေသာ္လည္း သူဟာ အကူအညီမလိုတဲ့သူပါ။သူ ဟာ သူကိုယ့္သူ သက္ေသျပၿပီးပါၿပီ။ ဘယ္သူမွ သူ႔ကို ကူညီေပးစရာမလိုပါဘူး။ ကၽြန္ေတာ့္အတြက္ေတာ့ ဒီႏွစ္အေကာင္းဆံုးကစားသမားက မိုဒရစ္ပါပဲ။" လို ့စပိန္ပြဲနဲ႔မတိုင္ခင္ရာကီတစ္ကေျပာၾကားသြားပါတယ္။
(Unicode)

မက်ဆီသာ ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ဒါပင်မယ့် ဒီနှစ်အကောင်းဆုံးကတော့ မိုဒရစ်ပါပဲ။##ရာကီတစ်

ဘာစီလိုနာနဲ့ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်ကို နိုင်ငံအသင်းဖော်နဲ့ ကလပ်အသင်းဖော်ကြားဘယ်သူအကောင်းဆုံးလည်းမေးမြန်းခဲ့ရာ ၂ယောက်စလုံးကိုချီးကျူးပြောဆိုမှုတွေလုပ်ဆောင်ခဲ့ပါတယ်။

မက်ဆီဟာ ထာဝရအကောင်းဆုံးဘောလုံးသမားတစ်ယောက်ဖြစ်သော်လည်း ၂၀၁၈ ခုနှစ်ဟာ လူကာမိုဒရစ်ရဲ့ နှစ်လို့ရာကီတစ်ကဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကို ၃ရက်သီဆက်ချန်ပီယံဖလားရအောင်ကူညီပေးခဲ့သူ၊ခရိုအေးရှားအသင်းကို ကမ္ဘာ့ဖလားဖိုင်နယ်ထိရောက်အောင်ဦးဆောင်ပေးခဲ့သူလူကာမိုဒရစ်ဟာ UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့အပြင် FIFA ရဲ့ အကောင်းဆုံးနောက်ဆုံးစကာတင်လူစာရင်း၃ယောက်မှာ ပါဝင်နေခဲ့သူဖြစ်ပါတယ်။

ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ဆုရဘာစီလိုနာစတားမက်ဆီဟာ ဒီနှစ်ရဲ့ အကောင်းဆုံးဇကာတင်ဆုစာရင်းမှာမပါဝင်ခဲ့ပါဘူး။

" ခင်ဗျားပိုကောင်းလား၊မကောင်းဘူးလား ဆိုတဲ့ အကြောင်းပြချက်တွေရှိလို့နေပါတယ်။ကျွန်တော့်အတွက်တော့ ကမ္ဘာ ပေါ်မှာအကောင်းဆုံးနဲ့ အကြီးကျယ်ဆုံးကစားသမားဟာ မက်ဆီပါပဲ။ဒါကတော့လွယ်လွယ်လေးပါပဲ။ ကောင်လေးတစ်ယောက်ကိုခေါ်မေးမေး။၁၀ ယောက်မှ ၉ ယောက်က ကျွန်တော့်အဖြေနဲ့ တူနေပါလိမ့်မယ်။"

" ဒါပင်မယ့် ဒီနှစ်ကတော့ လူကာ (မိုဒရစ်) ရဲ့နှစ်ပါပဲ။လီယို(မက်ဆီ) ရော တခြားလူတွေရော မိုဒရစ်ဟာ ဒီနှစ်ဆုတွေနဲ့ ထိုက်တန်တဲ့သူလို့သိနိုင်တယ်ဆိုတာကို ကျွန်တော်ထင်မြင်မိပါတယ်။"

"သူဟာ ဥရောပရဲ့ ဒီရာသီအကောင်းဆုံးကစားသမားဆုကိုရခဲ့ပြီးတော့ သူလုပ်ဆောင်နိုင်ခဲ့တာတွေနဲ့ ပတ်သတ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုသူရနိုင်မလားမသိပါဘူး။"

" ကျွန်တော်ဟာ သူရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သော်လည်း သူဟာ အကူအညီမလိုတဲ့သူပါ။သူ ဟာ သူကိုယ့်သူ သက်သေပြပြီးပါပြီ။ ဘယ်သူမှ သူ့ကို ကူညီပေးစရာမလိုပါဘူး။ ကျွန်တော့်အတွက်တော့ ဒီနှစ်အကောင်းဆုံးကစားသမားက မိုဒရစ်ပါပဲ။" လို့စပိန်ပွဲနဲ့မတိုင်ခင်ရာကီတစ်ကပြောကြားသွားပါတယ်။

No comments

Powered by Blogger.