Header Ads
Unicode သမားများအောက်ဆွဲဖတ်ပေးပါ
(Unicode)
ကျွန်တော့်ရဲ့ ဆံပင်ပုံစံနဲ့ပတ်သတ်ပြီးအကြောင်းပြချက်ရှာပြောတာတွေ မကြားချင်ပါဘူး။##ပေါ့ဘာ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ပေါလ်ပေါ့ဘာက သူ့ရဲ့ ဆံပင်ပုံစံဟာ အရေးပါတဲ့အရာမဟုတ်ကြောင်းရှင်းပြပြောဆိုသွားခဲ့ပါတယ်။
ပေါ့ဘာဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာတော့ သူ့ရဲ့ဆံပင်ပုံစံကို အာရုံမစိုက်ခဲ့ပဲ ပြင်သစ်အသင်းကိုဦးဆောင်ပြီးခြေစွမ်းပြကစားဖို့သာ အာရုံစိုက်ခဲ့ပါတယ်။
သို့ပင်မယ့်လည်း မန်ယူနိုက်တက်ဆီပြန်အရောက်မှာတော့ပေါ့ဘာတစ်ယောက်ဟာအရင်လို မော်ကြွားတဲ့ ဆံပင်ပုံစံ ဖက်ရှင်များကို တစ်ပတ်တစ်မျိုး မီဒီယာတွေ ရှေ့ဖော်ပြခဲ့ပြီး ခြေစွမ်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကပုံစံနဲ့ တခြားစီဖြစ်နေတာကိုတွေ့ရပါတယ်။
" ဆံပင်ပုံစံအကြောင်းကတော့ မီဒီယာတွေရဲ့ ပါးစပ်ပေါက်နေ အပြောလွတ်မှာမဟုတ်ပါဘူး။ဒါပင်မယ့် ဆံပင်ပုံစံအနေအထားက ကျွန်တော့်အတွက် သိပ်အရေးမပါပါဘူး" လို့ပေါ့ဘာကဆိုလိုက်ပါတယ်။
"ကျွန်တော့် ဆံပင်ပုံစံနဲ့ ပတ်သတ်ပြီး အကြောင်းပြချက်ပေးပြောတာတွေကို ကျွန်တော်နားမထောင်နေခဲ့ပါဘူး။ကျွန်တော်တို့ဟာအာရုံစိုက်ဖို့လိုပါတယ်။ဘောလုံးအကြောင်းပဲပြောကြပါ။ကွင်းထဲက အကြောင်းပဲပြောကြပါ။စွမ်းဆောင်ရည်အကြောင်းပဲပြောကြပါ။"
"လူတွေက ပြောကြတယ်။ကျွန်တော်ကခေါင်းဆောင်တစ်ယောက်တဲ့။ကျွန်တော်အဲ့လိုဘယ်တုန်းကမှမပြောဖူးဘူး။ဒါကိုကွင်းထဲမှာသက်သေပြဖို့လိုပါတယ်။" လို့ပေါ့ဘာက ပြောကြားသွားခဲ့ပါတယ်။
No comments
Powered by Blogger.