ေ၀ေ၀ဆာဆာဗုုဒၶဟူးေန ့နံနက္ခင္းေနာက္ဆံုုးရသတင္းတိုုမ်ား
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
၂၀၁၈ ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ဖိုင္နယ္ထိေရာက္ေအာင္ ေျခစြမ္းျပကစားခဲ့တဲ့ ခ႐ိုေအးရွားအသင္းဟာ UEFA Nation League ပြဲျဖစ္တဲ့ နည္းျပသစ္လူးဝစ္အင္နရစ္ရဲ႕ စပိန္အသင္းနဲ႔ ရင္ဆိုင္အေတြ ့မွာေတာ့ ၆-၀ ထိ အရွက္တကြဲရံႈးနိမ့္သြားခဲ့ပါတယ္။
ဆြစ္ဇာလန္နဲ႔ ပြဲမွာ အဂၤလန္အသင္းအတြက္တစ္လံုးတည္းေသာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တဲ့ယူႏိုက္တက္တိုက္စစ္မွဴးမားကပ္စ္ရပ္ဖို ့ဒ္ဟာ ကမာၻ ့အဆင့္ကစားသမားတစ္ေယာက္ျဖစ္လာဖို ့ယူႏိုက္တက္ကို စြန္႔ခြာသြားႏိုင္ၿပီး အဲဗာတန္အသင္းလို အပတ္တိုင္းပြဲထြက္ခြင့္ေပးႏိုင္တဲ့အသင္းမွာ သြားေရာက္ကစားႏိုင္လိမ့္မယ္လို ့လီဗာပူးကစားသမားေဟာင္းကာေရဂါက ဖြင့္ဟေျပာၾကားလိုက္ပါတယ္။
ဘိုင္ယန္ေနာက္ခံလူဘိုတန္က ယူႏိုက္တက္နဲ႔ PSG တို ့ရဲ႕ ေခၚယူကမ္းလွမ္းမႈေတြကို သူပယ္ခ်ခဲ့ေၾကာင္း၊ဘိုက္ယန္လို ကမာၻ ့အေကာင္းဆံုးအသင္းတစ္သင္းကေန ဘယ္နည္းနဲ႔မွ ထြက္ခြာဖို ့မရွိေၾကာင္းဖြင့္ဟဝန္ခံသြားပါတယ္။
အာဂ်င္တီးနားအသင္းနဲ႔ ယူႏိုက္တက္တိုက္စစ္မွဴးေဟာင္းတီးဗက္စ္က မက္ဆီကို Gym မွာဘယ္ေတာ့မွမေတြ ့ရေၾကာင္း၊ေလ့က်င့္ေရးကြင္းမွာ ေဘာလံုးလိုက္လုတာတို ့၊အျခား အဲ့လို ေလ့က်င့္ခန္းေတြမလုပ္ေၾကာင္း၊ သို ့ေသာ္လည္း ပယ္နယ္တီ ကန္သြင္းမႈကိုေတာ့ ေလ့က်င့္ေၾကာင္း၊႐ိုနယ္ဒိုကိုက် ေလ့က်င့္ခန္းအစီအစဥ္ၿပီးတာနဲ႔ Gym မွာအၿမဲေတြ ့ရေၾကာင္း၊သူဟာ အရာရာမွာအေကာင္းဆံုးျဖစ္ဖို ့ေလ့က်င့္ခန္းအစီအစဥ္ကို အေစာႀကီးလာတတ္တဲ့သူျဖစ္ေၾကာင္း မက္ဆီ နဲ႔ ႐ိုနယ္ဒိုၾကားက ကြာျခားမႈကိုေျပာၾကားခဲ့ပါတယ္။
ရီးရဲလ္တိုက္စစ္မွဴးေဟာင္း ရာအူးလ္နဲ႔ PSG တိုက္စစ္မွဴးေဟာင္းေပါလ္လက္တာ တို႔ဟာ သူ ရင္ဆိုင္ရအခက္ဆံုးတိုက္စစ္မွဴးေတြလို ့ ျပင္သစ္ဂိုးသမား ဒူဂိုလိုရစ္က ဆိုလိုက္ပါတယ္။
စပိန္အသင္းနဲ႔ပြဲမွာ ပါဝင္ကစားခဲ့တဲ့ ခ႐ိုေအးရွားကြင္းလယ္လူရာကီတစ္ဟာ အသင္းနဲ႔ ပြဲ၁၀၀ ျပည့္ေျမာက္ ကစားသမားျဖစ္လာခဲ့ပါတယ္။
အက္တလက္တီကိုမက္ဒရစ္မွာဆို ေကာတြိဳက္စ္ဟာ ပြဲထြက္ဂိုးသမားျဖစ္လာမွာမဟုတ္ေၾကာင္း၊ဘာေၾကာင့္လဲဆိုေတာ့ ေအာ့ဘလက္က ပိုေကာင္းေနလို ့ျဖစ္ေၾကာင္း နည္းျပဆီႁမြန္နီကေျပာၾကားလိုက္ပါတယ္။
(Unicode)
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဖိုင်နယ်ထိရောက်အောင် ခြေစွမ်းပြကစားခဲ့တဲ့ ခရိုအေးရှားအသင်းဟာ UEFA Nation League ပွဲဖြစ်တဲ့ နည်းပြသစ်လူးဝစ်အင်နရစ်ရဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်အတွေ့မှာတော့ ၆-၀ ထိ အရှက်တကွဲရှုံးနိမ့်သွားခဲ့ပါတယ်။
ဆွစ်ဇာလန်နဲ့ ပွဲမှာ အင်္ဂလန်အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ယူနိုက်တက်တိုက်စစ်မှူးမားကပ်စ်ရပ်ဖို့ဒ်ဟာ ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်ဖြစ်လာဖို့ယူနိုက်တက်ကို စွန့်ခွာသွားနိုင်ပြီး အဲဗာတန်အသင်းလို အပတ်တိုင်းပွဲထွက်ခွင့်ပေးနိုင်တဲ့အသင်းမှာ သွားရောက်ကစားနိုင်လိမ့်မယ်လို့လီဗာပူးကစားသမားဟောင်းကာရေဂါက ဖွင့်ဟပြောကြားလိုက်ပါတယ်။
ဘိုင်ယန်နောက်ခံလူဘိုတန်က ယူနိုက်တက်နဲ့ PSG တို့ရဲ့ ခေါ်ယူကမ်းလှမ်းမှုတွေကို သူပယ်ချခဲ့ကြောင်း၊ဘိုက်ယန်လို ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကနေ ဘယ်နည်းနဲ့မှ ထွက်ခွာဖို့မရှိကြောင်းဖွင့်ဟဝန်ခံသွားပါတယ်။
အာဂျင်တီးနားအသင်းနဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းတီးဗက်စ်က မက်ဆီကို Gym မှာဘယ်တော့မှမတွေ့ရကြောင်း၊လေ့ကျင့်ရေးကွင်းမှာ ဘောလုံးလိုက်လုတာတို့၊အခြား အဲ့လို လေ့ကျင့်ခန်းတွေမလုပ်ကြောင်း၊ သို့သော်လည်း ပယ်နယ်တီ ကန်သွင်းမှုကိုတော့ လေ့ကျင့်ကြောင်း၊ရိုနယ်ဒိုကိုကျ လေ့ကျင့်ခန်းအစီအစဉ်ပြီးတာနဲ့ Gym မှာအမြဲတွေ့ရကြောင်း၊သူဟာ အရာရာမှာအကောင်းဆုံးဖြစ်ဖို့လေ့ကျင့်ခန်းအစီအစဉ်ကို အစောကြီးလာတတ်တဲ့သူဖြစ်ကြောင်း မက်ဆီ နဲ့ ရိုနယ်ဒိုကြားက ကွာခြားမှုကိုပြောကြားခဲ့ပါတယ်။
ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်နဲ့ PSG တိုက်စစ်မှူးဟောင်းပေါလ်လက်တာ တို့ဟာ သူ ရင်ဆိုင်ရအခက်ဆုံးတိုက်စစ်မှူးတွေလို့ ပြင်သစ်ဂိုးသမား ဒူဂိုလိုရစ်က ဆိုလိုက်ပါတယ်။
စပိန်အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ခရိုအေးရှားကွင်းလယ်လူရာကီတစ်ဟာ အသင်းနဲ့ ပွဲ၁၀၀ ပြည့်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။
အက်တလက်တီကိုမက်ဒရစ်မှာဆို ကောတွိုက်စ်ဟာ ပွဲထွက်ဂိုးသမားဖြစ်လာမှာမဟုတ်ကြောင်း၊ဘာကြောင့်လဲဆိုတော့ အော့ဘလက်က ပိုကောင်းနေလို့ဖြစ်ကြောင်း နည်းပြဆီမြွန်နီကပြောကြားလိုက်ပါတယ်။
Post a Comment