Header Ads


FIFPro World XI ဆန္ခါတင္ ၅၅ဦးစာရင္း ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။




Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

2018 World XI အသင္းအတြက္ ဆန္ခါတင္စာရင္းမ်ား ထြက္ေပၚလာၿပီျဖစ္ရာ ပရီးမီးယားလိဂ္မွ ကစားသမား ၁၆ဦးပါ၀င္လာေသာ္လည္း အာဆင္နယ္ကြင္းလယ္လူ အိုေဇးလ္ႏွင့္ မန္ယူႏိုုက္တက္တိုက္စစ္မွဴး ဆန္းခ်က္ဇ္တို႔မွာမူ ခ်န္လွပ္ျခင္းခံခဲ့ရေၾကာင္း သိရသည္။ အဂၤလန္အသင္း၏ကမၻာ့ဖလားၾကယ္ပြင့္မ်ားျဖစ္သည့္ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္း၊ စပါးညာေနာက္ခံလူ ထရစ္ပီယာႏွင့္ မန္စီးတီးေနာက္ခံလူ ေ၀ၚလ္ကာတို႔ ေရြးခ်ယ္ခံခဲ့ရၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးမွ ေ၀ၚလ္ကာအျပင္ ဒီဘ႐ိုင္းႏွင့္ ေဆးလ္ဗားတို႔လည္း ေရြးခ်ယ္ျခင္းခံခဲ့ရသည္။ မန္ယူအသင္းမွ ကစားသမား ၄ဦးအထိ ပါ၀င္လာၿပီး ေပါ့ဂ္ဘာ၊ ဒီဂီယာ၊ မာတစ္ႏွင့္ လူကကူတို႔ ေရြးခ်ယ္ျခင္းခံခဲ့ရေသာ္လည္း ယမန္ႏွစ္က ဆန္ခါတင္စာရင္း၀င္ခဲ့သည့္ ဆန္းခ်က္ဇ္မွာမူ ခ်န္လွပ္ခံခဲ့ရသလုိ မန္ယူႏိုုက္တက္တုိက္စစ္မွဴးေဟာင္းျဖစ္သည့္ ဂလက္ဆီတုိက္စစ္မွဴး အီဘရာဟီမုိဗစ္မွာလည္း ခ်န္လွပ္ခံခဲ့ရသည္။ ၂၀၀၇ ေနာက္ပိုင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔ ပထမဆုံးအႀကိမ္ျပန္လည္တက္ေရာက္ႏိုင္ခဲ့ေသာ လီဗာပူးမွ ၄ဦး ေရြးခ်ယ္ျခင္းခံခဲ့ရၿပီး မာေနးႏွင့္ ဆာလာတုိ႔မွာ ထိုစာရင္းတြင္ ပါ၀င္သည့္ အာဖရိကကစားသမား ၂ဦးျဖစ္လာခဲ့သလို ခံစစ္အတြဲျဖစ္သည့္ လုိဗရန္ႏွင့္ ဗန္ဒုိက္တုိ႔လည္း ပါ၀င္လာခဲ့သည္။





ၿပီးခဲ့သည့္ရာသီက အဆင့္ ၅သာရရွိခဲ့ေသာ ခ်ဲလ္ဆီးအသင္းမွ ကန္တီႏွင့္ ဟာဇက္တို႔သာ ပါ၀င္လာၿပီး အာဆင္နယ္အသင္းသားတစ္ဦးမွ ပါ၀င္လာျခင္းမရွိေပ။ ေရာ္နယ္ဒိုႏွင့္ ဘူဖြန္တုိ႔မွာ အဆုိပါအေကာင္းဆုံးအသင္း စတင္ေရြးခ်ယ္သည့္ ၂၀၀၄-၀၅ ရာသီကတည္းက အနိမ့္ဆုံး ဆန္ခါတင္ ၅၅ ဦးစာရင္းတြင္ ႏွစ္တုိင္းပါ၀င္ခြင့္ရေသာ ကစားသမားမ်ားအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး ဥေရာပခ်န္ပီယံရီးရဲလ္မွ အမ်ားဆုံးပါ၀င္မႈအျဖစ္ ၁၁ဦးအထိရွိခဲ့သည္။



ဆန္ခါတင္စာရင္း
ဂိုး - ဘူဖြန္(အီတလီ၊ ဂ်ဴဗင္တပ္စ္/ပီအက္စ္ဂ်ီ)၊ ေကာ္တြိဳက္စ္(ဘယ္လ္ဂ်ီယံ၊ ခ်ဲလ္ဆီး/ရီးရဲလ္)၊ ဒီဂီယာ(စပိန္၊ မန္ယူႏိုုက္တက္)၊ နာဗက္စ္(ေကာ္စတာရီကာ၊ ရီးရဲလ္)၊ တာစတီဂန္(ဂ်ာမနီ၊ ဘာစီလုိနာ)

ေနာက္တန္း - အယ္လ္ဘာ(စပိန္၊ ဘာစီလုိနာ)၊ အဲလ္ဗက္စ္(ဘရာဇီးလ္၊ ပီအက္စ္ဂ်ီ)၊ ကာဗာဟယ္(စပိန္၊ ရီးရဲလ္)၊ ခ်ီရယ္လီနီ(အီတလီ၊ ဂ်ဴဗင္တပ္စ္)၊ ဗန္ဒိုက္(နယ္သာလန္၊ ေဆာက္သမ္တန္/လီဗာပူး)၊ ဂိုဒင္(ဥ႐ုေဂြး၊ အက္သလက္)၊ ဟမ္းမဲလ္(ဂ်ာမနီ၊ ဘိုင္ယန္)၊ ကင္မစ္ရွ္(ဂ်ာမနီ၊ ဘုိင္ယန္)၊ လုိဗရန္(ခ႐ိုေအးရွား၊ လီဗာပူး)၊ မာဆယ္လုိ(ဘရာဇီး၊ ရီးရဲလ္)၊ မီနာ(ကိုလံဘီယာ၊ ဘာစီလုိနာ/အဲဗာတန္)၊ ပါဗက္(ျပင္သစ္၊ စတုဂတ္)၊ ပီေကး(စပိန္၊ ဘာစီလုိနာ)၊ ရာမုိ႔စ္(စပိန္၊ ရီးရဲလ္)၊ သီယာဂိုေဆးလ္ဗား(ဘရာဇီး၊ ပီအက္စ္ဂ်ီ)၊ ထရစ္ပီယာ(အဂၤလန္၊ စပါး)၊ အမ္တီတီ(ျပင္သစ္၊ ဘာစီလုိနာ)၊ ဗာရန္း(ျပင္သစ္၊ ရီးရဲလ္)၊ ဗာဆယ္ကုိ(ခ႐ိုေအးရွား၊ အက္သလက္/အင္တာ)၊ ေ၀ၚလ္ကာ(အဂၤလန္၊ မန္စီးတီး)

အလယ္တန္း - ဘူးစ္ကြက္(စပိန္၊ ဘာစီလုိနာ)၊ ကာဆီမီ႐ို(ဘရာဇီး၊ ရီးရဲလ္)၊ ေကာ္တင္ညိဳ(ဘရာဇီး၊ လီဗာပူး/ဘာစီလုိနာ)၊ ဒီဘ႐ိုင္း(ဘယ္လ္ဂ်ီယံ၊ မန္စီးတီး)၊ ဟာဇက္(ဘယ္လ္ဂ်ီယံ၊ ခ်ဲလ္ဆီး)၊ အင္နီေယစတာ(စပိန္၊ ဘာစီလုိနာ/ကိုေဘး)၊ အစၥကို(စပိန္၊ ရီးရဲလ္)၊ ကန္တီ(ျပင္သစ္၊ ခ်ဲလ္ဆီး)၊ ခ႐ူးစ္(ဂ်ာမနီ၊ ရီးရဲလ္)၊ မာတစ္(ဆားဘီးယား၊ မန္ယူႏိုု္က္တက္)၊ မုိဒရစ္(ခ႐ိုေအးရွား၊ ရီးရဲလ္)၊ ေပါ့ဂ္ဘာ(ျပင္သစ္၊ မန္ယူႏိုု္က္တက္)၊ ရာကီတစ္(ခ႐ိုေအးရွား၊ ဘာစီလုိနာ)၊ ေဆးလ္ဗား(စပိန္၊ မန္စီးတီး)၊ ဗီဒယ္(ခ်ီလီ၊ ဘုိင္ယန္/ဘာစီလုိနာ)

ေရွ႕တန္း - ဘန္ဇီးမား(ျပင္သစ္၊ ရီးရဲလ္)၊ ကာဗာနီ(ဥ႐ုေဂြး၊ ပီအက္စ္ဂ်ီ)၊ ဒီဘာလာ(အာဂ်င္တီးနား၊ ဂ်ဴဗင္တပ္စ္)၊ ဂရစ္ဇ္မန္း(ျပင္သစ္၊ အက္သလက္)၊ ဟယ္ရီကိန္း(အဂၤလန္၊ စပါး)၊ လီ၀မ္ေဒါစကီး(ပိုလန္၊ ဘုိင္ယန္)၊ လူကာကူ(ဘယ္လ္ဂ်ီယံ၊ မန္ယူႏိုုက္တက္)၊ မန္ဇူကစ္(ခ႐ိုေအးရွား၊ ဂ်ဴဗင္တပ္စ္)၊ မာေနး(ဆီနီေဂါ၊ လီဗာပူး)၊ ဘာေပ(ျပင္သစ္၊ ပီအက္စ္ဂ်ီ)၊ မက္ဆီ(အာဂ်င္တီးနား၊ ဘာစီလုိနာ)၊ ေနမာ(ဘရာဇီး၊ ပီအက္စ္ဂ်ီ)၊ ေရာ္နယ္ဒို(ေပၚတူဂီ၊ ရီးရဲလ္/ဂ်ဴဗင္တပ္စ္)၊ ဆာလာ(အီဂ်စ္၊ လီဗာပူး)၊ ဆြာရက္ဇ္(ဥ႐ုေဂြး၊ ဘာစီလိုနာ)

(Unicode)

FIFPro World XI ဆန်ခါတင် ၅၅ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။



2018 World XI အသင်းအတွက် ဆန်ခါတင်စာရင်းများ ထွက်ပေါ်လာပြီဖြစ်ရာ ပရီးမီးယားလိဂ်မှ ကစားသမား ၁၆ဦးပါဝင်လာသော်လည်း အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်နှင့် မန်ယူနိုက်တက်တိုက်စစ်မှူး ဆန်းချက်ဇ်တို့မှာမူ ချန်လှပ်ခြင်းခံခဲ့ရကြောင်း သိရသည်။ အင်္ဂလန်အသင်း၏ကမ္ဘာ့ဖလားကြယ်ပွင့်များဖြစ်သည့် စပါးတိုက်စစ်မှူး ဟယ်ရီကိန်း၊ စပါးညာနောက်ခံလူ ထရစ်ပီယာနှင့် မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာတို့ ရွေးချယ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးမှ ဝေါ်လ်ကာအပြင် ဒီဘရိုင်းနှင့် ဆေးလ်ဗားတို့လည်း ရွေးချယ်ခြင်းခံခဲ့ရသည်။ မန်ယူအသင်းမှ ကစားသမား ၄ဦးအထိ ပါဝင်လာပြီး ပေါ့ဂ်ဘာ၊ ဒီဂီယာ၊ မာတစ်နှင့် လူကကူတို့ ရွေးချယ်ခြင်းခံခဲ့ရသော်လည်း ယမန်နှစ်က ဆန်ခါတင်စာရင်းဝင်ခဲ့သည့် ဆန်းချက်ဇ်မှာမူ ချန်လှပ်ခံခဲ့ရသလို မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်းဖြစ်သည့် ဂလက်ဆီတိုက်စစ်မှူး အီဘရာဟီမိုဗစ်မှာလည်း ချန်လှပ်ခံခဲ့ရသည်။ ၂၀၀၇ နောက်ပိုင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်ပြန်လည်တက်ရောက်နိုင်ခဲ့သော လီဗာပူးမှ ၄ဦး ရွေးချယ်ခြင်းခံခဲ့ရပြီး မာနေးနှင့် ဆာလာတို့မှာ ထိုစာရင်းတွင် ပါဝင်သည့် အာဖရိကကစားသမား ၂ဦးဖြစ်လာခဲ့သလို ခံစစ်အတွဲဖြစ်သည့် လိုဗရန်နှင့် ဗန်ဒိုက်တို့လည်း ပါဝင်လာခဲ့သည်။

ပြီးခဲ့သည့်ရာသီက အဆင့် ၅သာရရှိခဲ့သော ချဲလ်ဆီးအသင်းမှ ကန်တီနှင့် ဟာဇက်တို့သာ ပါဝင်လာပြီး အာဆင်နယ်အသင်းသားတစ်ဦးမှ ပါဝင်လာခြင်းမရှိပေ။ ရော်နယ်ဒိုနှင့် ဘူဖွန်တို့မှာ အဆိုပါအကောင်းဆုံးအသင်း စတင်ရွေးချယ်သည့် ၂၀၀၄-၀၅ ရာသီကတည်းက အနိမ့်ဆုံး ဆန်ခါတင် ၅၅ ဦးစာရင်းတွင် နှစ်တိုင်းပါဝင်ခွင့်ရသော ကစားသမားများအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီး ဥရောပချန်ပီယံရီးရဲလ်မှ အများဆုံးပါဝင်မှုအဖြစ် ၁၁ဦးအထိရှိခဲ့သည်။

ဆန်ခါတင်စာရင်း
ဂိုး - ဘူဖွန်(အီတလီ၊ ဂျူဗင်တပ်စ်/ပီအက်စ်ဂျီ)၊ ကော်တွိုက်စ်(ဘယ်လ်ဂျီယံ၊ ချဲလ်ဆီး/ရီးရဲလ်)၊ ဒီဂီယာ(စပိန်၊ မန်ယူနိုက်တက်)၊ နာဗက်စ်(ကော်စတာရီကာ၊ ရီးရဲလ်)၊ တာစတီဂန်(ဂျာမနီ၊ ဘာစီလိုနာ)

နောက်တန်း - အယ်လ်ဘာ(စပိန်၊ ဘာစီလိုနာ)၊ အဲလ်ဗက်စ်(ဘရာဇီးလ်၊ ပီအက်စ်ဂျီ)၊ ကာဗာဟယ်(စပိန်၊ ရီးရဲလ်)၊ ချီရယ်လီနီ(အီတလီ၊ ဂျူဗင်တပ်စ်)၊ ဗန်ဒိုက်(နယ်သာလန်၊ ဆောက်သမ်တန်/လီဗာပူး)၊ ဂိုဒင်(ဥရုဂွေး၊ အက်သလက်)၊ ဟမ်းမဲလ်(ဂျာမနီ၊ ဘိုင်ယန်)၊ ကင်မစ်ရှ်(ဂျာမနီ၊ ဘိုင်ယန်)၊ လိုဗရန်(ခရိုအေးရှား၊ လီဗာပူး)၊ မာဆယ်လို(ဘရာဇီး၊ ရီးရဲလ်)၊ မီနာ(ကိုလံဘီယာ၊ ဘာစီလိုနာ/အဲဗာတန်)၊ ပါဗက်(ပြင်သစ်၊ စတုဂတ်)၊ ပီကေး(စပိန်၊ ဘာစီလိုနာ)၊ ရာမို့စ်(စပိန်၊ ရီးရဲလ်)၊ သီယာဂိုဆေးလ်ဗား(ဘရာဇီး၊ ပီအက်စ်ဂျီ)၊ ထရစ်ပီယာ(အင်္ဂလန်၊ စပါး)၊ အမ်တီတီ(ပြင်သစ်၊ ဘာစီလိုနာ)၊ ဗာရန်း(ပြင်သစ်၊ ရီးရဲလ်)၊ ဗာဆယ်ကို(ခရိုအေးရှား၊ အက်သလက်/အင်တာ)၊ ဝေါ်လ်ကာ(အင်္ဂလန်၊ မန်စီးတီး)

အလယ်တန်း - ဘူးစ်ကွက်(စပိန်၊ ဘာစီလိုနာ)၊ ကာဆီမီရို(ဘရာဇီး၊ ရီးရဲလ်)၊ ကော်တင်ညို(ဘရာဇီး၊ လီဗာပူး/ဘာစီလိုနာ)၊ ဒီဘရိုင်း(ဘယ်လ်ဂျီယံ၊ မန်စီးတီး)၊ ဟာဇက်(ဘယ်လ်ဂျီယံ၊ ချဲလ်ဆီး)၊ အင်နီယေစတာ(စပိန်၊ ဘာစီလိုနာ/ကိုဘေး)၊ အစ္စကို(စပိန်၊ ရီးရဲလ်)၊ ကန်တီ(ပြင်သစ်၊ ချဲလ်ဆီး)၊ ခရူးစ်(ဂျာမနီ၊ ရီးရဲလ်)၊ မာတစ်(ဆားဘီးယား၊ မန်ယူနိုက်တက်)၊ မိုဒရစ်(ခရိုအေးရှား၊ ရီးရဲလ်)၊ ပေါ့ဂ်ဘာ(ပြင်သစ်၊ မန်ယူနိုက်တက်)၊ ရာကီတစ်(ခရိုအေးရှား၊ ဘာစီလိုနာ)၊ ဆေးလ်ဗား(စပိန်၊ မန်စီးတီး)၊ ဗီဒယ်(ချီလီ၊ ဘိုင်ယန်/ဘာစီလိုနာ)

ရှေ့တန်း - ဘန်ဇီးမား(ပြင်သစ်၊ ရီးရဲလ်)၊ ကာဗာနီ(ဥရုဂွေး၊ ပီအက်စ်ဂျီ)၊ ဒီဘာလာ(အာဂျင်တီးနား၊ ဂျူဗင်တပ်စ်)၊ ဂရစ်ဇ်မန်း(ပြင်သစ်၊ အက်သလက်)၊ ဟယ်ရီကိန်း(အင်္ဂလန်၊ စပါး)၊ လီဝမ်ဒေါစကီး(ပိုလန်၊ ဘိုင်ယန်)၊ လူကာကူ(ဘယ်လ်ဂျီယံ၊ မန်ယူနိုက်တက်)၊ မန်ဇူကစ်(ခရိုအေးရှား၊ ဂျူဗင်တပ်စ်)၊ မာနေး(ဆီနီဂေါ၊ လီဗာပူး)၊ ဘာပေ(ပြင်သစ်၊ ပီအက်စ်ဂျီ)၊ မက်ဆီ(အာဂျင်တီးနား၊ ဘာစီလိုနာ)၊ နေမာ(ဘရာဇီး၊ ပီအက်စ်ဂျီ)၊ ရော်နယ်ဒို(ပေါ်တူဂီ၊ ရီးရဲလ်/ဂျူဗင်တပ်စ်)၊ ဆာလာ(အီဂျစ်၊ လီဗာပူး)၊ ဆွာရက်ဇ်(ဥရုဂွေး၊ ဘာစီလိုနာ)

No comments

Powered by Blogger.