Header Ads


သီယာဂိုအယ္ကန္တာယာကိုုဘာလိုု ့အသင္းၾကီးေတြအသဲအသန္အလိုုရိွေနရတာလဲ???


Unicode သမားများအောက်ဆွဲဖတ်ပေးပါ


သီယာဂိုအယ္ကန္တာယာ ကိုသာအလိုရွိတယ္လို႔ဂြါဒီယိုလာဟာ တခ်ိန္ကေျပာခဲ႔ဖူးပါတယ္။ သီယာဂိုရဲ႕လက္ရွိေျခစြမ္းဟာ ဒီစကားရဲ႕အဓိပၸာယ္ကို အေကာင္းဆံုးသက္ေသျပေနပါတယ္။သူဟာ အဂၤလန္ကို2-1နဲ႔အနိုင္ရခဲ႔တဲ႕စပိန္အသင္းရဲ႕ျပန္လာနိုင္မႈမွာအဓိကေျခစြမ္းျပခဲ့ျပီးေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းမွာ အယ္ကန္တာရာလို ကစားသမားမ်ိဳးလိုအပ္ေနတယ္လို႕သတင္းေရးသားသူေတြကေထာက္ျပခဲ့ပါတယ္။

အခုလအတြင္း မန္စီးတီး,ရီးရဲ,ဘာစီတို႔ဟာ အယ္ကန္တာရာအတြက္ဘိုင္ယန္ကို ခ်ိတ္ဆက္မႈေတြျပဳလုပ္ခဲ့ျကပါေသးတယ္။ေနာက္ဆံုးထြက္ေပၚလာတဲ့ေကာလာဟာလသတင္းေတြကေတာ့ယူနိုက္တက္အတြက္ခံပ်င္းစရာပါပဲ။2013ခုနွစ္က ယူနိုက္တက္ဟာသီယာဂိုကို ေခၚယူဖို႔အနီးစပ္ဆံုးအေျခအေနေရာက္ခဲ့ေပမယ့္ဘိုင္ယန္ျမဴးနစ္က ျကားျဖတ္ေခၚယူသြားခဲ့ပါတယ္။အဲ့ဒီတုန္းကသီယာဂို ကိုသာအလိုရွိတယ္ဆိုတဲ့ဘိုင္ယန္နည္းျပဂြါဒီိယိုလာရဲ႕စကားေျကာင့္အသင္းကအရေခၚယူေပးခဲ့ျပီး ယူနိုက္တက္သို႔မေရာက္ခဲ့ျခင္းဟာကစားသမားက မိုယက္ရဲ႕လက္ေအာက္မွာထက္ ဆြဲေဆာင္မႈပိုရွိတဲ့ဂြါဒီယ္ိုလာရဲ႕လက္ေအာက္မွာကစားလ္ိုတာေျကာင့္လို႔ဇီဒန္းကဆိုခဲ့တာပါ။


အယ္ကန္တာရာဟာ ဒဏ္ရာေတြနဲ႔ရုန္းကန္ခဲ့ရေပမယ့္ဘိုင္ယန္မွာသစၥာရွိစြာ ကစားေနတာ၆နွစ္ျကာခဲ့ျပီျဖစ္ပါတယ္။ပထမရာသီမွာ စတုဂတ္ကို သြင္းခဲ့တဲ့bicycle-kickအပါအဝင္ ဘိုင္ယန္မွာေတာက္ပခဲ့ေပမယ့္ ေနာက္ပိုင္းနွစ္ေတြမွာေတာ့ ဒဏ္ရာေတြတစ္ခုျပီးတစ္ခုရခဲ့ျပီးအရန္အျဖစ္နဲ႔ သာပြဲထြက္ခြင့္ရဖို႔ရုန္းကန္ခဲ့ရပါတယ္။ေႏြရာသီတုန္းကေတာ့ ရီးရဲက္ိုေျပာင္းေတာ့မယ္လို႔သတင္းေတြထြက္ေနခ်ိန္မွာဘိုင္ယန္နည္းျပသစ္Niko Kovacက သူအသင္းမွာဆက္ရွိမယ္လို႔အာမ မခံနိုင္ဘူးလို႔ဆိုခဲ့ျပီး ေဘာလံုးဟာ မ်က္လွည့္ဆန္ျပီးျကိုတင္ေဟာကိန္းထုတ္ဖို႔မလြယ္တာေျကာင့္  အသင္းဖန္ေတြေရာဂ်ာနယ္လစ္ေတြပါသူ႔အနာဂတ္က္ုိမသိန္ိုင္ပါဘူးလို႔ေျပာခဲ့ပါတယ္။

ဒါေပမယ့္ခုခ်ိန္မွာေတာ့သီယာဂိုတေယာက္အိမ္မက္ေတြျပည့္လာခဲ့ပါျပီ'''သူ႔မွာစပိန္နဲ႔ဘရာဇီးကစားဟန္ေတြေရာေနွာေနျပီး ဂ်ာမန္ေျမနဲ႕လိုက္ေလ်ာညီေထြရွိပါတယ္။သူဟာ ေပးပို႔မႈေတြသာမက ေလ်ာထိုးျဖတ္ထုတ္ရာမွာလည္းထူးခ်ြန္သူပါ''လို႔မီဒီယာေတြကေဖာ္ျပခဲ့ျပီး ဂ်ာမန္super cupပြဲစဥ္မွာျပသခဲ့တဲ႔ ပံုစံေကာင္းေတြေျကာင့္သီယာဂိုဟာ ခ်ီးက်ဴးဂုဏ္ျပဳမႈေတြရရွိခဲ့တာပါ။ဒီေျခစြမ္းေတြကိုေဟာ့ဖင္ဟိန္း၊ စတုဂတ္ပြဲေတြမွာလည္း ထပ္မံျပသနိုင္ခဲ့ပါတယ္။နည္းျပKovacဟာ သူ႕အတြက္ေနရာမွန္တစ္ခုကိုရွာေတြ႕ခဲ့ျပီး4-1-4-1ကစားကြက္ရဲ႕ကြင္းလယ္အထိုင္ေနရာမွာ ကစားေစျပီးမူလာ,Goretzkaတို႕နဲ႕တြဲဖက္အသံုးျပဳ ေနတာပါ။ဒီေနရာမွာေတာ့သီယာဂိုဟာ သူ႔ရဲ႕နည္းစနစ္ေက်ညက္မႈနဲ႔ကာယပိုင္းကိုေပါင္းစပ္ျပီးအသင္းကိုအေကာင္းဆံုးအက်ိဳးျပဳ ေနပါတယ္။


ခုရာသီ အစ၃ပြဲလံုးမွာနည္းျပရဲ႕အားကိုးျခင္းခံထားရတာေျကာင့္  သူ့႔ကိုအလိုရွိတဲ့ရီးရဲနဲ႕ယူနိုက္တက္အသင္းတို႔ဟာ သီယာဂိုတေယာက္ ဘ္ိုင္ယန္နဲ႔ အသားက်သြားမွာဆိုးရိမ္ေနတာပါ။''သူဘိုင္ယန္ကထြက္ခြာခဲ့ရင္ အေျမွာ္ျမင္မဲ့တဲ့ဆံုးျဖတ္ခ်က္ျဖစ္သြားမွာပါ။ဘိုင္ယန္နဲ႔အေကာင္းဆံုးေပါင္းစပ္မႈကိုျပသသင့္တယ္။’’လို့ bild သတင္းစာကေရးသားခဲ့ပါတယ္။သူဂ်ာမန္ေျမကိုေရာက္ခဲ့တာ6နွစ္ရွိပါျပီ။သီယာဂိုအေပၚဂြာဒီယိုလာေျပာခဲ့တဲ့စကားနဲ႔အဆံုးသတ္ရရင္''သူကအေကာင္းဆံုးေတာ့မဟုတ္ပါဘူး။ဒါေပမယ့္ သူမရွိရင္ ခင္ဗ်ားရဲ႕စြန္႔စားကစားမႈကအလကားျဖစ္သြားပါမယ္။” 

(Unicode)




သီယာဂိုအယ်ကန်တာယာ ကိုသာအလိုရှိတယ်လို့ဂွါဒီယိုလာဟာ တချိန်ကပြောခဲ့ဖူးပါတယ်။ သီယာဂိုရဲ့လက်ရှိခြေစွမ်းဟာ ဒီစကားရဲ့အဓိပ္ပာယ်ကို အကောင်းဆုံးသက်သေပြနေပါတယ်။သူဟာ အင်္ဂလန်ကို2-1နဲ့အနိုင်ရခဲ့တဲ့စပိန်အသင်းရဲ့ပြန်လာနိုင်မှုမှာအဓိကခြေစွမ်းပြခဲ့ပြီးဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းမှာ အယ်ကန်တာရာလို ကစားသမားမျိုးလိုအပ်နေတယ်လို့သတင်းရေးသားသူတွေကထောက်ပြခဲ့ပါတယ်။

အခုလအတွင်း မန်စီးတီး,ရီးရဲ,ဘာစီတို့ဟာ အယ်ကန်တာရာအတွက်ဘိုင်ယန်ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပါသေးတယ်။နောက်ဆုံးထွက်ပေါ်လာတဲ့ကောလာဟာလသတင်းတွေကတော့ယူနိုက်တက်အတွက်ခံပျင်းစရာပါပဲ။2013ခုနှစ်က ယူနိုက်တက်ဟာသီယာဂိုကို ခေါ်ယူဖို့အနီးစပ်ဆုံးအခြေအနေရောက်ခဲ့ပေမယ့်ဘိုင်ယန်မြူးနစ်က ကြားဖြတ်ခေါ်ယူသွားခဲ့ပါတယ်။အဲ့ဒီတုန်းကသီယာဂို ကိုသာအလိုရှိတယ်ဆိုတဲ့ဘိုင်ယန်နည်းပြဂွါဒီယိုလာရဲ့စကားကြောင့်အသင်းကအရခေါ်ယူပေးခဲ့ပြီး ယူနိုက်တက်သို့မရောက်ခဲ့ခြင်းဟာကစားသမားက မိုယက်ရဲ့လက်အောက်မှာထက် ဆွဲဆောင်မှုပိုရှိတဲ့ဂွါဒီယိုလာရဲ့လက်အောက်မှာကစားလိုတာကြောင့်လို့ဇီဒန်းကဆိုခဲ့တာပါ။

အယ်ကန်တာရာဟာ ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပေမယ့်ဘိုင်ယန်မှာသစ္စာရှိစွာ ကစားနေတာ၆နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ပထမရာသီမှာ စတုဂတ်ကို သွင်းခဲ့တဲ့bicycle-kickအပါအဝင် ဘိုင်ယန်မှာတောက်ပခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာတွေတစ်ခုပြီးတစ်ခုရခဲ့ပြီးအရန်အဖြစ်နဲ့ သာပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရပါတယ်။နွေရာသီတုန်းကတော့ ရီးရဲကိုပြောင်းတော့မယ်လို့သတင်းတွေထွက်နေချိန်မှာဘိုင်ယန်နည်းပြသစ်Niko Kovacက သူအသင်းမှာဆက်ရှိမယ်လို့အာမ မခံနိုင်ဘူးလို့ဆိုခဲ့ပြီး ဘောလုံးဟာ မျက်လှည့်ဆန်ပြီးကြိုတင်ဟောကိန်းထုတ်ဖို့မလွယ်တာကြောင့်  အသင်းဖန်တွေရောဂျာနယ်လစ်တွေပါသူ့အနာဂတ်ကိုမသိနိုင်ပါဘူးလို့ပြောခဲ့ပါတယ်။

ဒါပေမယ့်ခုချိန်မှာတော့သီယာဂိုတယောက်အိမ်မက်တွေပြည့်လာခဲ့ပါပြီ'''သူ့မှာစပိန်နဲ့ဘရာဇီးကစားဟန်တွေရောနှောနေပြီး ဂျာမန်မြေနဲ့လိုက်လျောညီထွေရှိပါတယ်။သူဟာ ပေးပို့မှုတွေသာမက လျောထိုးဖြတ်ထုတ်ရာမှာလည်းထူးချွန်သူပါ''လို့မီဒီယာတွေကဖော်ပြခဲ့ပြီး ဂျာမန်super cupပွဲစဉ်မှာပြသခဲ့တဲ့ ပုံစံကောင်းတွေကြောင့်သီယာဂိုဟာ ချီးကျူးဂုဏ်ပြုမှုတွေရရှိခဲ့တာပါ။ဒီခြေစွမ်းတွေကိုဟော့ဖင်ဟိန်း၊ စတုဂတ်ပွဲတွေမှာလည်း ထပ်မံပြသနိုင်ခဲ့ပါတယ်။နည်းပြKovacဟာ သူ့အတွက်နေရာမှန်တစ်ခုကိုရှာတွေ့ခဲ့ပြီး4-1-4-1ကစားကွက်ရဲ့ကွင်းလယ်အထိုင်နေရာမှာ ကစားစေပြီးမူလာ,Goretzkaတို့နဲ့တွဲဖက်အသုံးပြု နေတာပါ။ဒီနေရာမှာတော့သီယာဂိုဟာ သူ့ရဲ့နည်းစနစ်ကျေညက်မှုနဲ့ကာယပိုင်းကိုပေါင်းစပ်ပြီးအသင်းကိုအကောင်းဆုံးအကျိုးပြု နေပါတယ်။

ခုရာသီ အစ၃ပွဲလုံးမှာနည်းပြရဲ့အားကိုးခြင်းခံထားရတာကြောင့်  သူ့ကိုအလိုရှိတဲ့ရီးရဲနဲ့ယူနိုက်တက်အသင်းတို့ဟာ သီယာဂိုတယောက် ဘိုင်ယန်နဲ့ အသားကျသွားမှာဆိုးရိမ်နေတာပါ။''သူဘိုင်ယန်ကထွက်ခွာခဲ့ရင် အမြှော်မြင်မဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်သွားမှာပါ။ဘိုင်ယန်နဲ့အကောင်းဆုံးပေါင်းစပ်မှုကိုပြသသင့်တယ်။’’လို့ bild သတင်းစာကရေးသားခဲ့ပါတယ်။သူဂျာမန်မြေကိုရောက်ခဲ့တာ6နှစ်ရှိပါပြီ။သီယာဂိုအပေါ်ဂွာဒီယိုလာပြောခဲ့တဲ့စကားနဲ့အဆုံးသတ်ရရင်''သူကအကောင်းဆုံးတော့မဟုတ်ပါဘူး။ဒါပေမယ့် သူမရှိရင် ခင်ဗျားရဲ့စွန့်စားကစားမှုကအလကားဖြစ်သွားပါမယ်။” 

No comments

Powered by Blogger.