Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
(Unicode)
အသင်းရဲ့ ပထမဆုံးအားကစားဒါရိုက်တာအဖြစ် ယူနိုက်တက်တို့ခန့်အပ်ဖို့စီစဉ်ထားတဲ့သူတစ်ယောက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ပထမဆုံးအားကစားဒါရိုက်တာအဖြစ် အက်တလက်တီကိုမက်ဒရစ်ဒါရိုက်တာ အန်ဒရာဘာတာကို ခန့်အပ်ဖို့လျာထားကြောင်းသိရပါတယ်။
ယူနိုက်တက်ရဲ့ CEO အက်ဒ်ဝုဒ်ကတော့ ကလပ်ရဲ့ အားကစားပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုကောင်းကောင်းမွန်မွန်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။
ဒါဟာ အသင်းရဲ့ ပထမဆုံးအားကစားဒါရိုက်တာဖြစ်လာပြီး အပြောင်းအရွှေ့ပစ်မှတ်များနဲ့ လူသစ်ခေါ်ယူမှုများအတွက် အသင်းနည်းပြမန်နေဂျာနဲ့ အတူတူအနီးကပ်ပူးပေါင်းလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
Evening Standard ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်အသင်းဟာ အက်တလက်တီကိုရဲ့ ဘာတာအပြင် ဂျူဗင်ရဲ့ ဖာဘီယိုပါတာစီ၊ စပါးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲဟောင်း ပေါလ်မစ်ချယ်လ် တို့ကိုလည်း လျာထားပါတယ်။
ယခုနှစ်ရာသီအကုန်မှာတော့ ယူနိုက်တက်အသင်းဟာ အဆိုပါ အကြီးအကဲတွေ နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။
ဘာတာဟာ မနှစ်ရာသီမှာ တီကိုရဲ့ ဒါရိုက်တာဖြစ်လာသော်လည်း ၂၀၁၃ ခုနှစ် ဂျီနိုအာကနေ တီကိုရဲ့ လူသစ်ခေါ်ယူရေးအဖွဲ့မှာဝင်ရောက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
တီကိုအတွက် ဘာတာရဲ့ အပြောင်မြောက်ဆုံးခေါ်ယူမှုကတော့ ဂရစ်ဇမန်းနဲ့ အော့ဘလက်တို့ပဲဖြစ်ပါတယ်။
Post a Comment