Header Ads


ECAအဖြဲ႔အစည္းကေပးအပ္တဲ့၂၀၁၈ခုႏွစ္ဥေရာပအေကာင္းဆံုးကလပ္ဆု ရီးရဲလ္မက္ဒရစ္အသင္း ရ႐ွိ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ


အဆိုပါဆုကိုေပးအပ္ခ်ီးျမႇင့္ေပးအပ္လာတဲ့ဆိုရင္ျဖင့္၉ႏွစ္႐ွိခဲ့ပါၿပီ။စပိန္ေဘာလံုးေလာကရဲ႕ဘုရင္တစ္ပါးျဖစ္တဲ့ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာအေကာင္းဆံုးေျခစြမ္းျပခဲ့ၿပီး ဥေရာပ ခ်န္ပီယံလိဂ္ဖလားကို၃ႏွစ္ဆက္တိုက္ရယူခဲ့ၿပီး အသင္းသမိုင္းမွာ ၁၃ႀကိမ္ေျမာက္ဖလားလည္း ျဖစ္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္း ဟာ ၂၀၁၇ ၂၀၁၈ခုႏွစ္ရဲ႕အေကာင္းဆံုးဥေရာပကလပ္ဆုကို ဥေရာပကလပ္မ်ားအဖြဲခ်ဳပ္ (ECA)ကေနေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာအဆိုပါဆုရ႐ွိရန္စံႏႈန္းကိုက္ညီခဲ့တာေၾကာင့္ေပးအပ္ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း ECSအဖြဲကဆိုပါတယ္။



ဥေရာမွာေအာင္ျမင္မႈေတြအလီလီရ႐ွိေနတဲ့ရီးရဲလ္




ၿပီးခဲ့တဲ့ရာသီမွာရီးရဲလ္မက္ဒရစ္အသင္းဟာ ဥေရာပခ်န္ပီယံလိဂ္ႏွင့္ ဥေရာပစူပါဖလား အျပင္ယခုအခါမွာ တတိယေအာင္ျမင္မႈအေနျဖင့္ဥေရာပရဲ႕အႀကီးဆံုးဆုတစ္ခုကိုထပ္မံရ႐ွိလိုက္ပါတယ္။

ရီးရဲလ္အသင္းဟာ ECAဆုေပးအပ္လာတဲ့ ၉ႏွစ္အတြင္းေလးႀကိမ္ေျမာက္ရ႐ွိျခင္းလည္းျဖစ္ပါတယ္။အဆိုပါဥေရာပအေကာင္းဆံုးကလပ္ဆုကို (2014,2016,2017)တို႔မွရ႐ွိခဲ့ၿပီးယခုအႀကိမ္ႏွင့္ဆိုရင္ ၄ႀကိမ္ေျမာက္လည္းျဖစ္ပါတယ္။

ဥေရာပအေကာင္းဆံုးအမ်ိဳးသမီးအသင္းဆုကို အာဆင္နယ္အသင္းႏွင့္ခ်ဲလ္ဆီးအသင္းတို႔ကပူးတြဲရ႐ွိခဲ့ပါတယ္။အဆိုပါ ႏွစ္သင္းစလံုးက "ဥေရာပအမ်ိဳးသမီးေဘာလံုးကလပ္ေလာကနာမည္ေက်ာ္ၾကားလူႀကိဳက္မ်ားၿပီး အမ်ိဳးသမီး ကလပ္ေတြကိုထင္ေပၚေက်ာ္ၾကားေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းေၾကာင္းေပးအပ္ခဲ့ျခင္းျဖစ္တယ္လို႔"ဆိုပါတယ္။

ဝင္ဘေလကြင္းမွာအဆိုပါႏွစ္သင္းေတြဆံုခဲ့တဲ့FA ဖလားဗိုလ္လုပြဲစဥ္တြင္ပရိသတ္စံခ်ိန္တင္ခဲ့ၿပီး ပရိသတ္ေပါင္း45,423အထိလာေရာက္အားေပးခဲ့ပါတယ္။အဆိုပါစံခ်ိန္ဟာ ဥေရာပအမ်ိဳးသမီးကလပ္သမိုင္းမွာစံခ်ိန္တင္အေရအတြက္လည္းျဖစ္ပါတယ္။

အေကာင္းဆံုးတိုးတက္လာသည့္အားကစားအသင္းဆုကို ျသစတီးယားကလပ္Red Bull Salzburgကရ႐ွိခဲ့
ၿပီး အဆိုပါအသင္းဟာၿပီးခဲ့တဲ့ရာသီမွာယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္အထိတက္ေရာက္လာခဲ့ပါတယ္။

ေနာက္ဆံုးဆုအေနျဖင့္အေကာင္းဆံုးလူမႈအသိုင္းအဝိုင္းပရိတ္သတ္ႏွင့္အေကာင္းဆံုးပရိသတ္ထိန္းသိမ္းႏိုင္တဲ့ဆုကို ဘယ္လ္ဂ်ီယမ္ကလပ္ KAA Gentအသင္းကရ႐ွိခဲ့ပါတယ္။

(Unicode)

ECAအဖွဲ့အစည်းကပေးအပ်တဲ့၂၀၁၈ခုနှစ်ဥရောပအကောင်းဆုံးကလပ်ဆု ရီးရဲလ်မက်ဒရစ်အသင်း ရရှိ


အဆိုပါဆုကိုပေးအပ်ချီးမြှင့်ပေးအပ်လာတဲ့ဆိုရင်ဖြင့်၉နှစ်ရှိခဲ့ပါပြီ။စပိန်ဘောလုံးလောကရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးခြေစွမ်းပြခဲ့ပြီး ဥရောပ ချန်ပီယံလိဂ်ဖလားကို၃နှစ်ဆက်တိုက်ရယူခဲ့ပြီး အသင်းသမိုင်းမှာ ၁၃ကြိမ်မြောက်ဖလားလည်း ဖြစ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်း ဟာ ၂၀၁၇ ၂၀၁၈ခုနှစ်ရဲ့အကောင်းဆုံးဥရောပကလပ်ဆုကို ဥရောပကလပ်များအဖွဲချုပ် (ECA)ကနေပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာအဆိုပါဆုရရှိရန်စံနှုန်းကိုက်ညီခဲ့တာကြောင့်ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ECSအဖွဲကဆိုပါတယ်။

ဥရောမှာအောင်မြင်မှုတွေအလီလီရရှိနေတဲ့ရီးရဲလ်

ပြီးခဲ့တဲ့ရာသီမှာရီးရဲလ်မက်ဒရစ်အသင်းဟာ ဥရောပချန်ပီယံလိဂ်နှင့် ဥရောပစူပါဖလား အပြင်ယခုအခါမှာ တတိယအောင်မြင်မှုအနေဖြင့်ဥရောပရဲ့အကြီးဆုံးဆုတစ်ခုကိုထပ်မံရရှိလိုက်ပါတယ်။

ရီးရဲလ်အသင်းဟာ ECAဆုပေးအပ်လာတဲ့ ၉နှစ်အတွင်းလေးကြိမ်မြောက်ရရှိခြင်းလည်းဖြစ်ပါတယ်။အဆိုပါဥရောပအကောင်းဆုံးကလပ်ဆုကို (2014,2016,2017)တို့မှရရှိခဲ့ပြီးယခုအကြိမ်နှင့်ဆိုရင် ၄ကြိမ်မြောက်လည်းဖြစ်ပါတယ်။

ဥရောပအကောင်းဆုံးအမျိုးသမီးအသင်းဆုကို အာဆင်နယ်အသင်းနှင့်ချဲလ်ဆီးအသင်းတို့ကပူးတွဲရရှိခဲ့ပါတယ်။အဆိုပါ နှစ်သင်းစလုံးက "ဥရောပအမျိုးသမီးဘောလုံးကလပ်လောကနာမည်ကျော်ကြားလူကြိုက်များပြီး အမျိုးသမီး ကလပ်တွေကိုထင်ပေါ်ကျော်ကြားအောင်စွမ်းဆောင်နိုင်ခဲ့ခြင်းကြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့"ဆိုပါတယ်။

ဝင်ဘလေကွင်းမှာအဆိုပါနှစ်သင်းတွေဆုံခဲ့တဲ့FA ဖလားဗိုလ်လုပွဲစဉ်တွင်ပရိသတ်စံချိန်တင်ခဲ့ပြီး ပရိသတ်ပေါင်း45,423အထိလာရောက်အားပေးခဲ့ပါတယ်။အဆိုပါစံချိန်ဟာ ဥရောပအမျိုးသမီးကလပ်သမိုင်းမှာစံချိန်တင်အရေအတွက်လည်းဖြစ်ပါတယ်။

အကောင်းဆုံးတိုးတက်လာသည့်အားကစားအသင်းဆုကို သြစတီးယားကလပ်Red Bull Salzburgကရရှိခဲ့
ပြီး အဆိုပါအသင်းဟာပြီးခဲ့တဲ့ရာသီမှာယူရိုပါလိဂ်ဆီမီးဖိုင်နယ်အထိတက်ရောက်လာခဲ့ပါတယ်။

နောက်ဆုံးဆုအနေဖြင့်အကောင်းဆုံးလူမှုအသိုင်းအဝိုင်းပရိတ်သတ်နှင့်အကောင်းဆုံးပရိသတ်ထိန်းသိမ်းနိုင်တဲ့ဆုကို ဘြေလ်ဂျီယမ်ကလပ် KAA Gentအသင်းကရရှိခဲ့ပါတယ်။

No comments

Powered by Blogger.