Header Ads


ဘက္ဆစ္တပ္စ္ေရာက္မွပဲမိန္းကေလးပရိတ္သတ္ေတြအမ်ားႀကီးရလာတဲ့လီဗာပူးဂိုးသမားကာရီးရက္စ္


Unicode သမားများအောက်ဆွဲဖတ်ပေးပါ


ဂိုးသမားလူးဝစ္ကာရီးရက္စ္က သူဟာ လီဗာပူးကေန ဘက္ဆစ္တပ္စ္ဆီေျပာင္းေရႊ ့ကစားတဲ့အခ်ိန္မွပဲအမ်ိဳးသမီးပရိတ္သတ္ေတြရဲ႕ အာရံုစူးစိုက္ျခင္းကိုပိုမိုခံေနရတယ္လို ့ဝန္ခံေျပာၾကားလိုက္ပါတယ္။

အသက္၂၅ ႏွစ္အရြယ္ဂိုးသမားကာရီးရက္စ္ဟာ ဒီေႏြရာသီအေျပာင္းအေရႊ ့မွာ လီဗာပူးကေန ဘက္ဆစ္တပ္စ္ ဆီ၂ရာသီအငွားျဖင့္သြားေရာက္ကစားေနတာျဖစ္ၿပီး အစ္စတန္ဘူလ္မွာေနထိုင္ရာတာေပ်ာ္ရႊင္ေန
ေၾကာင္းဖြင့္ဟဝန္ခံသြားခဲ့ပါတယ္။

" ေဘာ့စ္ေဖာရက္စ္မွာေနရတာတကယ္ေပ်ာ္ပါတယ္။ပင္လယ္ကမ္းေျချမင္ကြင္းကိုျမင္ေတြ ့ရတာဟာ တကယ္ၾကည္ႏူးဖို ့ေကာင္းပါတယ္။ဒီေနရာမွာ အၿမဲေနခ်င္မိပါတယ္။" လို ့Fanatik နဲ႔ အေတြ ့မွာေျပာၾကားခဲ့ပါတယ္။


" အဂၤလန္မွာတုန္းကေတာင္ ကၽြန္ေတာ့္မွာဒီေလာက္ပရိတ္သတ္မရွိဘူး။ အခုေတာ့ အမ်ားစုကမိန္းကေလးပရိတ္သတ္ေတြလို ့ကၽြန္ေတာ္ေျပာႏိုင္ပါတယ္။"

"ကၽြန္ေတာ္အစ္စတန္ဘူလ္ကေန ျပန္ပဲျပန္ျပန္၊ လာပဲလာလာ ကၽြန္ေတာ္နဲ႔ ဓာတ္ပံုအတူ႐ိုက္ခြင့္ရွိပါတယ္ဗ်ာ"





ကာရီးရက္စ္ဟာ ဘက္ဆစ္တပ္စ္မွာ အငွားစာခ်ဳပ္သက္တမ္းျပည့္တဲ့အထိေနထိုင္လိုၿပီး ၿပီးခဲ့တဲ့အဂၤါေန ့က အစ္စတန္ဘူလ္ရဲ႕ ပန္းျခံမွာ ကာရီးရက္စ္တစ္ေယာက္ ဓာတ္ပံု႐ိုက္ခဲ့ၿပီး အဆိုပါ ဓာတ္ပံုရဲ႕ Caption မွာ ကၽြန္ေတာ့္ရဲ႕ အိမ္အသစ္လို ့ေရးသားထားၿပီး အင္စတာဂရမ္ေပၚမွာတင္ထားတာကိုေတြ ့ရပါတယ္။

ကာရီးရက္စ္ဟာ Bursaspor နဲ႔ ၁-၁ သေရက်တဲ့ပြဲမွာ ပထမဆံုးပြဲထြက္ခြင့္ရရွိခဲ့ၿပီးလာမယ့္စေနေန ့မွာMalatyaspor နဲ႔ပြဲအတြက္ ပါဝင္ကစားဖို ့ရွိေနပါတယ္။



(Unicode)

ဘက်ဆစ်တပ်စ်ရောက်မှပဲမိန်းကလေးပရိတ်သတ်တွေအများကြီးရလာတဲ့လီဗာပူးဂိုးသမားကာရီးရက်စ်

ဂိုးသမားလူးဝစ်ကာရီးရက်စ်က သူဟာ လီဗာပူးကနေ ဘက်ဆစ်တပ်စ်ဆီပြောင်းရွှေ့ကစားတဲ့အချိန်မှပဲအမျိုးသမီးပရိတ်သတ်တွေရဲ့ အာရုံစူးစိုက်ခြင်းကိုပိုမိုခံနေရတယ်လို့ဝန်ခံပြောကြားလိုက်ပါတယ်။

အသက်၂၅ နှစ်အရွယ်ဂိုးသမားကာရီးရက်စ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးကနေ ဘက်ဆစ်တပ်စ် ဆီ၂ရာသီအငှားဖြင့်သွားရောက်ကစားနေတာဖြစ်ပြီး အစ်စတန်ဘူလ်မှာနေထိုင်ရာတာပျော်ရွှင်နေကြောင်းဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။

" ဘော့စ်ဖောရက်စ်မှာနေရတာတကယ်ပျော်ပါတယ်။ပင်လယ်ကမ်းခြေမြင်ကွင်းကိုမြင်တွေ့ရတာဟာ တကယ်ကြည်နူးဖို့ကောင်းပါတယ်။ဒီနေရာမှာ အမြဲနေချင်မိပါတယ်။" လို့Fanatik နဲ့ အတွေ့မှာပြောကြားခဲ့ပါတယ်။

" အင်္ဂလန်မှာတုန်းကတောင် ကျွန်တော့်မှာဒီလောက်ကရိတ်သတ်မရှိဘူး။ အခုတော့ အများစုကမိန်းကလေးပရိတ်သတ်တွေလို့ကျွန်တော်ပြောနိုင်ပါတယ်။"

"ကျွန်တော်အစ်စတန်ဘူလ်ကနေ ပြန်ပဲပြန်ပြန်၊ လာပဲလာလာ ကျွန်တော်နဲ့ ဓာတ်ပုံအတူရိုက်ခွင့်ရှိပါတယ်ဗျာ"

ကာရီးရက်စ်ဟာ ဘက်ဆစ်တပ်စ်မှာ အငှားစာချုပ်သက်တမ်းပြည့်တဲ့အထိနေထိုင်လိုပြီး ပြီးခဲ့တဲ့အင်္ဂါနေ့က အစ်စတန်ဘူလ်ရဲ့ ပန်းခြံမှာ ကာရီးရက်စ်တစ်ယောက် ဓာတ်ပုံရိုက်ခဲ့ပြီး အဆိုပါ ဓာတ်ပုံရဲ့ Caption မှာ ကျွန်တော့်ရဲ့ အိမ်အသစ်လို့ရေးသားထားပြီး အင်စတာဂရမ်ပေါ်မှာတင်ထားတာကိုတွေ့ရပါတယ်။

ကာရီးရက်စ်ဟာ Bursaspor နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပြီးလာမယ့်စနေနေ့မှာMalatyaspor နဲ့ပွဲအတွက် ပါဝင်ကစားဖို့ရှိနေပါတယ်။

No comments

Powered by Blogger.