Header Ads


ကြာသပတေးနေ့ နံနက်ခင်းနောက်ဆုံးရသတင်းတိုများ





Unicode သမားများအောက်ဆွဲဖတ်ပေးပါ


















(Unicode)

လီဗာပူးလ်နောက်ခံလူဗန်ဒိုက်စ်ဟာ အသင်းဖော်တွေဖြစ်ကြတဲ့မာနေး၊ဆာလာတို့ကိုကျော်ဖြတ်ပြီး သြဂတ်စ်လအတွက် လီဗာပူးလ်အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပါတယ်။ဗန်ဒိုက်စ်ဟာ သြဂတ်စ်လအတွင်း လီဗာပူးအသင်းကို Clean Sheet ၃ပွဲဆက်ရအောင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟောင်းမာကီလီလီ က ယူနိုက်နည်းပြမော်ရင်ဟိုဟာ အသင်းကစားသမားတွေဆီက အကောင်းဆုံးအရည်အချင်းတွေကိုထုတ်ဖို့ကြိုးစားရင်းနဲ့ ခြေကုန်လက်ပန်းကျနေပြီဖြစ်ကြောင်း ဆိုသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းအတွက် ကစားပေးရင်းဦးခေါင်းဒဏ်ရာရရှိခဲ့တဲ့မန်ယူနိုက်တက်နောက်ခံလူ လုခ်ရှောဟာစနေနေ့မှာကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

လီဗာပူးတောင်ပံကစားသမားမာနေးက သူဟာ ဘောလုံးသမားတစ်ယောက်ဖြစ်လာဖို့ကြိုးစားနေတဲ့ အချိန်မှာ သူ့မိဘတွေက ဒါဟာ သူသက်သက်အချိန်ဖြူန်းနေသလို ဖြစ်နေတယ်လို့သူ့ကိုပြောဆိုခဲ့ဖူးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

မန်စီးတီးနည်းပြဂွာဒီယိုလာက သူ့ရဲ့နည်းပြဘဝစတင်ခဲ့တဲ့ ဘာကာလူငယ်အသင်းမှာပဲ သူ့ရဲ့ နည်းပြဘဝနေဝင်ချိန်ကို အဲ့မှာအဆုံးသတ်ဖို့မျှော်လင့်ထားပါတယ်လို့ဖွင့်ဟဝန်ခံပြောကြားသွားပါတယ်။

ပဲရစ်မြို့မှာ သူ့ရဲ့ တတိယမြောက် CR7 Hotel ကို ၂၀၂၁ မှာဖွင့်လှစ်တော့မယ်လို့ရိုနယ်ဒိုက ပြောကြားခဲ့ကြောင်း သိရပါတယ်။


No comments

Powered by Blogger.