အင်္ဂါနေ့ ညနေပိုင်းနောက်ဆုံးရဘောလုံးသတင်းတိုများ
(Unicode)
*ယူနိုက်တက်နောက်ခံလူလုခ်ရှောတစ်ယောက် ဦးခေါင်းဒဏ်ရာကိုထပ်မံစစ်ဆေးဖို့ မန်ယူနိုက်တက်ရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ကိုယ်တိုင်ကားမောင်းပြီး ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အဆိုပါအင်္ဂလန်နောက်ခံလူ ၇ရက်ကြာ အနားယူရမယ်လို့သိရပါတယ်။
*PSG အသင်းနဲ့ ပြင်သစ်ဂိုးသမား အာရီရိုလာဟာ ပြင်သစ်အသင်းမှာ နံပါတ်၁ဂိုးသမားနေရာအတွက်ထိုက်တန်ကြောင်း နဲ့ ဟူဂိုလိုရစ်ထက်ပိုကောင်းကြောင်း ချဲလ်ဆီးဂိုးနည်းပြ လိုလီချွန်က ဆိုလိုက်ပါတယ်။
*ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘယ်နောက်ခံလူးကပ်စ်ဒယ်နီရယ်ကို အဲဗာတန်အသင်းကိုရောင်းချခဲ့တာကြောင့် ဂျော်ဒီအဲလ်ဘာတစ်ဦးထဲသာရှိတော့တဲ့အတွက် အာဆင်နယ်အသင်းမှာစာချုပ်ကုန်ဆုံးတော့မယ့် နောက်ခံလူနာချိုမွန်နရယ် နဲ့ လီဗာပူးအသင်းမှာနေရာမရဖြစ်နေတဲ့ မိုရီနိုတို့ကို ခေါ်ယူပြီး သူတို့ရဲ့ ပြဿနာကိုဖြေရှင်းဖို့ရှိကြောင်းသိရပါတယ်။
*မန်စီးတီးဂိုးသမား အီဒါဆင်ရဲ့ ဇနီး လိုက်ရက်စ်ဟာ သူရဲ့ ဒုတိယမြောက်သားလေးကို မွေးဖွားဖို့ရှိရာ မနက်ဖန်မှာ ဆေးရုံတက်ရမှာဖြစ်တဲ့အတွက် ဘရာဇီးအသင်းရဲ့ လူစာရင်းကနေ အီဒါဆင်တစ်ယောက်နှုတ်ထွက်သွားခဲ့ကြောင်းသိရပါတယ်။
*အာဆင်နယ်တိုက်စစ်မှူးဟောင်း အယ်လီရာဒီရာက ဂွမ်ဒိုဇီကို အာဆင်နယ်အသင်းမှာကစားဖို့သူတိုက်တွန်းပေးခဲ့တာဖြစ်ကြောင်းဆိုလိုက်ပါတယ်။
Post a Comment