Header Ads


႐ိုနယ္ဒိုသာ ကမာၻ ့အေကာင္းဆံုးကစားသမားတစ္ေယာက္လို ့ဆိုလိုက္တဲ့ မာတြာဒီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။


ဂ်ဴဗင္တပ္စ္ကြင္းလယ္မာတြာဒီက အသင္းရဲ႕တိုက္စစ္မွဴး ႐ိုနယ္ဒိုဟာ ကမာၻ ့အေကာင္းဆံုးကစားသမားတစ္ေယာက္ျဖစ္ၿပီး အသင္းအတြက္ အေရးႀကီးတဲ့အခ်ိန္မွာ ကူညီေပးႏိုင္မယ့္လူတစ္ေယာက္လို ့ခ်ီးက်ဴးလိုက္ပါတယ္။

ဂ်ဴဗင္တပ္စ္အသင္းဟာ ဥေရာပေအာင္ျမင္မႈေတြရရွိဖို ့ေမွ်ာ္မွန္းခ်က္ႀကီးႀကီးျဖင့္ ယူ႐ိုသန္း၁၀၀ တန္႐ိုနယ္ဒိုကို ယခုႏွစ္ေႏြရာသီမွာေခၚယူခဲ့တာပဲျဖစ္ပါတယ္။




" ႐ိုနယ္ဒိုဟာ ထူးျခားကြဲျပားတဲ့သူတစ္ေယာက္ပါ။ေဘာ္လြန္ဒီေအာ္ဆု ၅ႀကိမ္ရတဲ့ ကစားသမားအေၾကာင္းကၽြန္ေတာ္တို ့ေျပာေနၾကတာပဲ" လို ့ မာတြာဒီက Gazzetta dello Sport ကိုေျပာၾကားခဲ့ပါတယ္။

" သူဟာ ကမာၻ ့အေကာင္းဆံုးသမားတစ္ေယာက္လို ့ေျပာႏိုင္ပါတယ္။႐ိုနယ္ဒိုကိုပိုင္ဆိုင္ထားရတာကၽြန္ေတာ္တို ့အတြက္ေပ်ာ္ရႊင္ရပါတယ္။သူ ့ရဲ႕ အေတြ ့အၾကံဳေတြကိုအသင္းမွာ အသံုးခ်ႏိုင္လိမ့္မယ္ထင္ပါတယ္။"

"သူဟာ ေအာင္ျမင္မႈေတြအမ်ားႀကီးယူထားတဲ့သူတစ္ေယာက္ပါ။အထူးသျဖင့္ ခ်န္ပီယံလိပ္ဖလားေတြပါ။ေသခ်ာပါတယ္။ အသင္းအတြက္ အေရးႀကီးတဲ့ အခ်ိန္ေရာက္လာရင္သူဟာ ကၽြန္ေတာ္တို ့ကိုအမ်ားႀကီးကူညီေပးပါလိမ့္မယ္။"




" သူအလုပ္လုပ္တာကို မၾကာခင္ေတြ ့ရမွာပါ။အခုခ်ိန္မွာေတာ့ကၽြန္ေတာ္တို ့ဘက္မွာပါ"

ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိပ္အုပ္စုပြဲက်ပ္ထဲေရာက္ေနတဲ့အတြက္ မာတြာဒီတစ္ေယာက္သိပ္ၿပီးမေမွ်ာ္လင့္ထားတာကိုေတြ႕ရပါတယ္။

" ကၽြန္ေတာ္အုပ္စုဟာ က်ပ္ပါတယ္။မန္ခ်က္စတာယူႏိုက္တက္ေရာ၊ဗလန္စီယာ အသင္းေတြပါ ပါေနလို ့ပါ။"

" လိပ္ပြဲေတြအတြက္ေရာ၊ခ်န္ပီယံလိပ္ပြဲေတြအတြက္ပါ ကၽြန္ေတာ္တို ့အသင္းေလ့က်င့္မႈေတြေကာင္းေကာင္းျပင္ဆင္ထားတဲ့အတြက္ ပြဲေကာင္းေတြကိုျမင္ေတြ ့ရမွာပါ။"

"ကၽြန္ေတာ္အသင္းမွာ တစ္ရာသီလံုးသူတို ့ဘာလဲဆိုတာ သက္ေသျပႏိုင္တဲ့ အရမ္းေကာင္းတဲ့ လူစာရင္းရွိပါတယ္။"

" ေပါလ္ေပါ့ဘာနဲ႔ လည္းဟာသေတြလုပ္ခဲ့ၾကပါတယ္။ မန္ခ်က္စတာမွာကန္မယ့္ပြဲမွာ ကၽြန္ေတာ္တို ့ေတြ ေတြ ့ဆံုဖို ့ရွိပါတယ္။" လို ့ေျပာၾကားသြားခဲ့ပါတယ္။

ပါမားအသင္းနဲ႔ ပြဲမွာ တစ္ဂိုးသြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ မာတြာဒီဟာ နယ္သာလန္အသင္းကိုႏိုင္ခဲ့တဲ့ပြဲမွာလည္း ျပင္သစ္အသင္းအတြက္ ဂိုးပံပိုးေပးမႈ တစ္ႀကိမ္လုပ္ခဲ့ပါတယ္။

" ဂိုးဖန္တီးေပးမႈက ကၽြန္ေတာ့္အလုပ္ေတြထဲက တစ္ခုပဲ။"

" ဘယ္ေတာင္ပံဟာ ကၽြန္ေတာ့္အတြက္ ေနရာေကာင္းေတာ့မဟုတ္ဘူး။ဒါမယ့္ လိုက္ေလ်ာမႈရွိေအာင္ကၽြန္ေတာ္ကစားႏိုင္တယ္။အသင္းအတြက္ အရားအားလံုးကိုေပးဆပ္ကစားမွာပါ။ ကၽြန္ေတာ့္ဆီကလာတဲ့ဂိုးက ဂိုးအျဖစ္ေျပာင္းလဲသြားရင္ ပိုေကာင္းတာေပါ့ဗ်ာ"

(Unicode)

ရိုနယ်ဒိုသာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်လို့ဆိုလိုက်တဲ့ မာတွာဒီ

ဂျူဗင်တပ်စ်ကွင်းလယ်မာတွာဒီက အသင်းရဲ့တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် အရေးကြီးတဲ့အချိန်မှာ ကူညီပေးနိုင်မယ့်လူတစ်ယောက်လို့ချီးကျူးလိုက်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဥရောပအောင်မြင်မှုတွေရရှိဖို့မျှော်မှန်းချက်ကြီးကြီးဖြင့် ယူရိုသန်း၁၀၀ တန်ရိုနယ်ဒိုကို ယခုနှစ်နွေရာသီမှာခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။

" ရိုနယ်ဒိုဟာ ထူးခြားကွဲပြားတဲ့သူတစ်ယောက်ပါ။ဘော်လွန်ဒီအော်ဆု ၅ကြိမ်ရတဲ့ ကစားသမားအကြောင်းကျွန်တော်တို့ပြောနေကြတာပဲ" လို့ မာတွာဒီက Gazzetta dello Sport ကိုပြောကြားခဲ့ပါတယ်။

" သူဟာ ကမ္ဘာ့အကောင်းဆုံးသမားတစ်ယောက်လို့ပြောနိုင်ပါတယ်။ရိုနယ်ဒိုကိုပိုင်ဆိုင်ထားရတာကျွန်တော်တို့အတွက်ပျော်ရွှင်ရပါတယ်။သူ့ရဲ့ အတွေ့အကြုံတွေကိုအသင်းမှာ အသုံးချနိုင်လိမ့်မယ်ထင်ပါတယ်။"

"သူဟာ အောင်မြင်မှုတွေအများကြီးယူထားတဲ့သူတစ်ယောက်ပါ။အထူးသဖြင့် ချန်ပီယံလိပ်ဖလားတွေပါ။သေချာပါတယ်။ အသင်းအတွက် အရေးကြီးတဲ့ အချိန်ရောက်လာရင်သူဟာ ကျွန်တော်တို့ကိုအများကြီးကူညီပေးပါလိမ့်မယ်။"

" သူအလုပ်လုပ်တာကို မကြာခင်တွေ့ရမှာပါ။အခုချိန်မှာတော့ကျွန်တော်တို့ဘက်မှာပါ"

ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိပ်အုပ်စုပွဲကျပ်ထဲရောက်နေတဲ့အတွက် မာတွာဒီတစ်ယောက်သိပ်ပြီးမမျှော်လင့်ထားတာကိုတွေ့ရပါတယ်။

" ကျွန်တော်အုပ်စုဟာ ကျပ်ပါတယ်။မန်ချက်စတာယူနိုက်တက်ရော၊ဗလန်စီယာ အသင်းတွေပါ ပါနေလို့ပါ။"

" လိပ်ပွဲတွေအတွက်ရော၊ချန်ပီယံလိပ်ပွဲတွေအတွက်ပါ ကျွန်တော်တို့အသင်းလေ့ကျင့်မှုတွေကောင်းကောင်းပြင်ဆင်ထားတဲ့အတွက် ပွဲကောင်းတွေကိုမြင်တွေ့ရမှာပါ။"

"ကျွန်တော်အသင်းမှာ တစ်ရာသီလုံးသူတို့ဘာလဲဆိုတာ သက်သေပြနိုင်တဲ့ အရမ်းကောင်းတဲ့ လူစာရင်းရှိပါတယ်။"

" ပေါလ်ပေါ့ဘာနဲ့ လည်းဟာသတွေလုပ်ခဲ့ကြပါတယ်။ မန်ချက်စတာမှာကန်မယ့်ပွဲမှာ ကျွန်တော်တို့တွေ တွေ့ဆုံဖို့ရှိပါတယ်။" လို့ပြောကြားသွားခဲ့ပါတယ်။

ပါမားအသင်းနဲ့ ပွဲမှာ တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ မာတွာဒီဟာ နယ်သာလန်အသင်းကိုနိုင်ခဲ့တဲ့ပွဲမှာလည်း ပြင်သစ်အသင်းအတွက် ဂိုးပံပိုးပေးမှု တစ်ကြိမ်လုပ်ခဲ့ပါတယ်။

" ဂိုးဖန်တီးပေးမှုက ကျွန်တော့်အလုပ်တွေထဲက တစ်ခုပဲ။"

" ဘယ်တောင်ပံဟာ ကျွန်တော့်အတွက် နေရာကောင်းတော့မဟုတ်ဘူး။ဒါမယ့် လိုက်လျောမှုရှိအောင်ကျွန်တော်ကစားနိုင်တယ်။အသင်းအတွက် အရားအားလုံးကိုပေးဆပ်ကစားမှာပါ။ ကျွန်တော့်ဆီကလာတဲ့ဂိုးက ဂိုးအဖြစ်ပြောင်းလဲသွားရင် ပိုကောင်းတာပေါ့ဗျာ"

No comments

Powered by Blogger.