Header Ads


မက္ဆီနဲ႔႐ိုနယ္ဒိုၾကားကြာျခားခ်က္ကိုရွင္းျပခဲ့တဲ့တီဗက္စ္



Unicode သမားများအောက်ဆွဲဖတ်ပေးပါ

အာဂ်င္တီးနားတိုက္စစ္မွဴးက ေဘာ္လြန္းဒီေအာ္၅ႀကိမ္ဆုရကစားသမား ၂ေယာက္ရဲ႕ ေလ့က်င့္ခန္းအစီအစဥ္အတြင္း ကြာျခားမႈကိုဖြင့္ဟဝန္ခံသြားခဲ့ပါတယ္။ယူႏိုက္တက္နဲ႔ အာဂ်င္တီးနားတိုက္စစ္မွဴးေဟာင္း ကာလို ့စ္တီဗက္စ္က႐ိုနယ္ဒိုနဲ႔ လီယြန္နယ္မက္ဆီၾကားကြာျခားမႈကိုအခုလိုရွင္းျပခဲ့ပါတယ္။

တီဗက္စ္တစ္ေယာက္ယူႏိုက္တက္မွာကစားစဥ္ ႐ိုနယ္ဒိုနဲ႔ တြဲဖက္ကစားဖူးခဲ့ၿပီး ႐ိုနယ္ဒိုရဲ႕ စ႐ိုက္လကၡဏာကို သိေနသလို မက္ဆီနဲ႔ လည္း အာဂ်င္တီးနားအသင္းမွာအတူတြဲဖက္ကစားဖူးတာေၾကာင့္သူတို ့၂ဦးရဲ႕ ေလ့က်င့္ခန္းအစီအစဥ္က အက်င့္ေတြကိုသိေနတာပဲျဖစ္ပါတယ္။

အသက္ ၃၃ႏွစ္အရြယ္စီ႐ိုနယ္ဒို ဟာ စပို ့တင္းစ္၊ယူႏိုက္တက္၊ရီးရဲလ္၊ဂ်ဴဗင္တပ္စ္ စတဲ့ အသင္းေတြမွာလွည့္လည္ကစားခဲ့ၿပီး ကမာၻ ့အေကာင္းဆံုးဆု၅ႀကိမ္၊ ခ်န္ပီယံလိပ္၅ႀကိမ္၊ နဲ ့အဂၤလန္နဲ႔ စပိန္တို ့ရဲ႕ ျပည္တြင္းလိပ္မ်ားမွာလည္းေအာင္ျမင္မႈေတြရယူထားပါတယ္။



အသက္ ၃၁ ႏွစ္အရြယ္ မက္ဆီကေတာ့ ကစားသမားဘဝစတင္ထဲက ဘာစီလိုနာအသင္းမွာသာ သစၥာရွိရွိကစားေနခဲ့ၿပီးလာလီဂါ ၉ႀကိမ္၊ ခ်န္ပီယံ လိပ္၄ႀကိမ္ နဲ႔ ကမာၻ ့အေကာင္းဆံုးကစားသမားဆု၅ႀကိမ္ ရတဲ့အျပင္ ကလပ္သမိုင္းတစ္ေလွ်ာက္သြင္းဂိုးအမ်ားဆံုးကစားသမားျဖစ္လာခဲ့တဲ့သူပါ။

တီဗက္စ္ကေတာ့ မက္ဆီနဲ႔ ႐ိုနယ္ဒိုတို ၾကားကြာျခားခ်က္ကို သတင္းေထာက္ေတြအားေျပာၾကားခဲ့ပါတယ္။

" လီယြန္နယ္မက္ဆီလား??  သူ ့ကို ကၽြန္ေတာ္ GYM မွာမျမင္ဖူးပါဘူး။ သူဟာ ေဘာလံုးတစ္လံုးကိုျဖတ္ထုတ္တာေတြ (သို ့) အဲ့လိုေလ့က်င့္ခန္းေတြလုပ္တာမျမင္ဖူးပါဘူး။"

" ဒါဟာသူ ့ရဲ႕ သဘာဝပဲေလ။ဒါပင္မယ့္ ပယ္နယ္တီက် မက္ဆီကေလ့က်င့္တယ္ဗ်။အရင္က သူမေလ့က်င့္ဘူး။အခုေတာ့ သူက ေထာင့္တစ္ေနရာကေနေဘာလံုးေတြကိုစုၿပီးကန္ေလ့က်င့္ေနပါတယ္။"



" ခရစ္စတီယာႏိုကေတာ့ ေလ့က်င့္ခန္းအစီအစဥ္ၿပီးတာနဲ႔ Gym ေရာက္မွ အၿမဲတမ္းနားတယ္။သူ ့အတြက္အရာအားလံုးမွာ အေကာင္းဆံုးျဖစ္ဖို ့ဆိုတာစြဲလမ္းစရာပါ။ သူ အၿမဲတမ္းအလုပ္ကို အေစာဆံုးေရာက္လာတတ္ပါတယ္။"

" ေလ့က်င့္ခန္းအစီအစဥ္က မနက္ ၉နာရီဆို ကၽြန္ေတာ္က ၈နာရီေရာက္တယ္ပဲထား။သူ ကအဲ့မွာေရာက္ႏွင့္ေနၿပီ။"

" ကၽြန္ေတာ္ ၇:၃၀ ေရာက္တဲ့အခ်ိန္ေတာင္ သူ ကအၿမဲတမ္းေစာေရာက္ႏွင့္ေနၿပီးသားပါ။"

" အဲ့ေတာ့ ကၽြန္ေတာ္ကိုယ့္ကိုယ္ကိုေမးတယ္။ဒီငနဲကို ဘယ္လိုႏိုင္ေအာင္လုပ္မလဲေပါ့။ အဲ့ဒါေၾကာင့္ တစ္ရက္ ကၽြန္ေတာ္ ၆နာရီေလာက္အေစာႀကီးလာခဲ့တယ္။ဒါပင္မယ့္ သူက ေရာက္ႏွင့္ေနၿပီးသားဗ်ာ။အိပ္ခ်င္မူးတူးေတာင္ျဖစ္တယ္ဗ်ာ" လို ့ဆိုသြားပါတယ္။



(Unicode)

မက်ဆီနဲ့ရိုနယ်ဒိုကြားကွာခြားချက်ကိုရှင်းပြခဲ့တဲ့တီဗက်စ်

အာဂျင်တီးနားတိုက်စစ်မှူးက ဘော်လွန်းဒီအော်၅ကြိမ်ဆုရကစားသမား ၂ယောက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွင်း ကွာခြားမှုကိုဖွင့်ဟဝန်ခံသွားခဲ့ပါတယ်။ယူနိုက်တက်နဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကာလို့စ်တီဗက်စ်ကရိုနယ်ဒိုနဲ့ လီယွန်နယ်မက်ဆီကြားကွာခြားမှုကိုအခုလိုရှင်းပြခဲ့ပါတယ်။

တီဗက်စ်တစ်ယောက်ယူနိုက်တက်မှာကစားစဉ် ရိုနယ်ဒိုနဲ့ တွဲဖက်ကစားဖူးခဲ့ပြီး ရိုနယ်ဒိုရဲ့ စရိုက်လက္ခဏာကို သိနေသလို မက်ဆီနဲ့ လည်း အာဂျင်တီးနားအသင်းမှာအတူတွဲဖက်ကစားဖူးတာကြောင့်သူတို့၂ဦးရဲ့ လေ့ကျင့်ခန်းအစီအစဉ်က အကျင့်တွေကိုသိနေတာပဲဖြစ်ပါတယ်။

အသက် ၃၃နှစ်အရွယ်စီရိုနယ်ဒို ဟာ စပို့တင်းစ်၊ယူနိုက်တက်၊ရီးရဲလ်၊ဂျူဗင်တပ်စ် စတဲ့ အသင်းတွေမှာလှည့်လည်ကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးဆု၅ကြိမ်၊ ချန်ပီယံလိပ်၅ကြိမ်၊ နဲ့အင်္ဂလန်နဲ့ စပိန်တို့ရဲ့ ပြည်တွင်းလိပ်များမှာလည်းအောင်မြင်မှုတွေရယူထားပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဆီကတော့ ကစားသမားဘဝစတင်ထဲက ဘာစီလိုနာအသင်းမှာသာ သစ္စာရှိရှိကစားနေခဲ့ပြီးလာလီဂါ ၉ကြိမ်၊ ချန်ပီယံ လိပ်၄ကြိမ် နဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု၅ကြိမ် ရတဲ့အပြင် ကလပ်သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့တဲ့သူပါ။

တီဗက်စ်ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို ကြားကွာခြားချက်ကို သတင်းထောက်တွေအားပြောကြားခဲ့ပါတယ်။

" လီယွန်နယ်မက်ဆီလား??  သူ့ကို ကျွန်တော် GYM မှာမမြင်ဖူးပါဘူး။ သူဟာ ဘောလုံးတစ်လုံးကိုဖြတ်ထုတ်တာတွေ (သို့) အဲ့လိုလေ့ကျင့်ခန်းတွေလုပ်တာမမြင်ဖူးပါဘူး။"

" ဒါဟာသူ့ရဲ့ သဘာဝပဲလေ။ဒါပင်မယ့် ပယ်နယ်တီကျ မက်ဆီကလေ့ကျင့်တယ်ဗျ။အရင်က သူမလေ့ကျင့်ဘူး။အခုတော့ သူက ထောင့်တစ်နေရာကနေဘောလုံးတွေကိုစုပြီးကန်လေ့ကျင့်နေပါတယ်။"

" ခရစ်စတီယာနိုကတော့ လေ့ကျင့်ခန်းအစီအစဉ်ပြီးတာနဲ့ Gym ရောက်မှ အမြဲတမ်းနားတယ်။သူ့အတွက်အရာအားလုံးမှာ အကောင်းဆုံးဖြစ်ဖို့ဆိုတာစွဲလမ်းစရာပါ။ သူ အမြဲတမ်းအလုပ်ကို အစောဆုံးရောက်လာတတ်ပါတယ်။"

" လေ့ကျင့်ခန်းအစီအစဉ်က မနက် ၉နာရီဆို ကျွန်တော်က ၈နာရီရောက်တယ်ပဲထား။သူ ကအဲ့မှာရောက်နှင့်နေပြီ။"

" ကျွန်တော် ၇:၃၀ ရောက်တဲ့အချိန်တောင် သူ ကအမြဲတမ်းစောရောက်နှင့်နေပြီးသားပါ။"

" အဲ့တော့ ကျွန်တော်ကိုယ့်ကိုယ်ကိုမေးတယ်။ဒီငနဲကို ဘယ်လိုနိုင်အောင်လုပ်မလဲပေါ့။ အဲ့ဒါကြောင့် တစ်ရက် ကျွန်တော် ၆နာရီလောက်အစောကြီးလာခဲ့တယ်။ဒါပင်မယ့် သူက ရောက်နှင့်နေပြီးသားဗျာ။အိပ်ချင်မူးတူးတောင်ဖြစ်တယ်ဗျာ" လို့ဆိုသွားပါတယ်။

No comments

Powered by Blogger.