အရက္မူးျပီးကားေမာင္းခဲ့တဲ့လိုရစ္စ္ကားေမာင္းခြင့္လ၂၀ပိတ္ခံရ
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
စပါးအသင္းရဲ႕နံပါတစ္ဂိုးသမား ဟူဂိုလိုရစ္ ဟာအရက္မူးၿပီးကားေမာင္းခဲ့တာေၾကာင့္ တရားရံုးမွာ ျပစ္ဒဏ္အေနျဖင့္ကားေမာင္းခြင့္လ၂၀ႏွင့္အတူေငြဒဏ္ ေပါင္၅ေသာင္းခ်မွတ္ျခင္းခံရတယ္လို႔သတင္းရ႐ွိပါတယ္။
စပါးအသင္းဂိုးသမားဟာ သတ္မွတ္ႏႈန္းထပ္ေက်ာ္လြန္၍ႏွစ္ႀကိမ္တိုင္တိုင္ျပစ္မႈက်ဴးလြန္ခဲ့ၿပီး လြန္ခဲ့တဲ့ ၂ပတ္က အရက္မူးကာ ကားေမာင္းခဲ့ပါတယ္။
လိုရစ္ဟာလက္႐ွိစပါးအသင္းရဲ႕ေခါင္းေဆာင္ေနရာကိုရယူထားသူတစ္ဦးလည္းျဖစ္ၿပီး ျသဂတ္စ္လ ၂၄ေန႔က ရဲတပ္ဖြဲ႔ရဲ႕ဖမ္းဆီးျခင္းကိုခံခဲ့ရပါတယ္။
အုပ္ခ်ဳပ္ေရးအဖြဲ႔ရဲ႕ၾကားနာခ်က္အရလိုရစ္ဟာ သတ္မွတ္ထားတဲ့အဲလ္ကိုေဟာပမာဏထပ္ေက်ာ္လြန္ၿပီးကားကိုအ႐ွိန္ျပင္းစြာေမာင္းႏွင္ခဲ့ပါတယ္။သူရဲ႕အလ္ကိုေဟာပမာဏကေတာ့ ၈၀မိုက္ခ႐ိုဂရမ္ အထိ႐ွိေနၿပီး အဂၤလန္ႏွင့္ေဝးလ္ႏိုင္ငံတို႔မွာေတ့ာအျမင့္ဆံုးပမာဏကို၃၀မိုက္ခ႐ိုဂရမ္အထိသာခြင့္ျပဳထားပါတယ္။
သူရဲ႕ေ႐ွေနက လိုရစ္အေပၚစြဲခ်က္မ်ားကို ေကာင္စီလူႀကီးမ်ားကို႐ွင္းျပေလ်ာက္ထားခဲ့ပါတယ္။လိုရစ္ဟာမႈခင္းျဖစ္ပြားစဥ္က ေမာင္းႏွင္ခဲ့တဲ့ကားအ႐ွိန္ဟာ တစ္နာရီ ၁၅မိုင္ႏွင့္ မိုင္၃၀ၾကားသာ႐ွိခဲ့ေၾကာင္းေလ်ာက္လဲခ်က္ေပးခဲ့ပါတယ္။
သူရဲ႕အရက္မူးၿပီးအန္ထြက္ခဲ့တာေတြကိုသူရဲ႕ကားေပၚမွာေတြ႐ွိခဲ့ပါတယ္။အဲဒီေနာက္ လိုရစ္ကိုရဲတပ္သားတို႔က ေနသာထိုင္သာ႐ွိေအာင္ေခၚေဆာင္သြားခဲ့ပါတယ္။
လိုရစ္က သူအေနႏွင့္ဥပေဒကိုေလးစားလိုက္နာရန္လိုအပ္ခဲ့ေၾကာင္း ဒါအျပင္ ကိုယ္ပိုင္ကားႏွင့္မျပန္ဘဲ တကၠဆီႏွင့္သာျပန္သင့္ခဲ့ေၾကာင္း ဒါေပ့မယ္ သူမွားယြင္းတဲ့ဆံုးျဖတ္ႀကီးကို မူးယစ္ေနတဲ့အခ်ိန္ျပဳလုပ္မိခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။
အသက္ ၃၁ႏွစ္အရြယ္ လိုရစ္ဟာစပါးအသင္းကို ၂၀၁၂ခုႏွစ္ကလိုင္ယြန္အသင္းမွ ေျပာင္းေရြ႔လာခဲ့ၿပီး အသင္းအတြက္ပြဲေပါင္း ၂၅၀အထိပါဝင္ကစားေပးခဲ့ပါတယ္။
သူဟာ ယခုႏွစ္မွာက်င္းပခဲ့တဲ့ကမာၻ ့ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္း ကိုဦးေဆာင္ကာ ခ်န္ပီယံဆုရ႐ွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။သူဟာျပင္သစ္အသင္းႏွင့္အတူ ႏိူင္ပြဲ ၁၀၄ပြဲေျမာက္အထိရ႐ွိေအာင္စြမ္းေဆာင္ကူညီေပးထားပါတယ္။
လိုရစ္ဟာအဆုိပါအျဖစ္အပ်က္ၿပီးေနာက္ေန႔မွာယူႏိုက္တက္အသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ၿပီးခဲ့တဲ့အပတ္ကယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဝက္ဖို႔ဒ္အသင္းႏွင့္ပြဲစဥ္မွာမ်က္ႏွာဒဏ္ရာရ႐ွိခဲ့ပါတယ္။
(Unicode)
အရက်မူးပြီးကားမောင်းခဲ့တဲ့လိုရစ်စ်ကားမောင်းခွင့်လ၂၀ပိတ်ခံရ
စပါးအသင်းရဲ့နံပါတစ်ဂိုးသမား ဟူဂိုလိုရစ် ဟာအရက်မူးပြီးကားမောင်းခဲ့တာကြောင့် တရားရုံးမှာ ပြစ်ဒဏ်အနေဖြင့်
ကားမောင်းခွင့်လ၂၀နှင့်အတူငွေဒဏ် ပေါင်၅သောင်းချမှတ်ခြင်းခံရတယ်လို့သတင်းရရှိပါတယ်။
စပါးအသင်းဂိုးသမားဟာ သတ်မှတ်နှုန်းထပ်ကျော်လွန်၍နှစ်ကြိမ်တိုင်တိုင်ပြစ်မှုကျူးလွန်ခဲ့ပြီး လွန်ခဲ့တဲ့ ၂ပတ်က အရက်မူးကာ ကားမောင်းခဲ့ပါတယ်။
လိုရစ်ဟာလက်ရှိစပါးအသင်းရဲ့ခေါင်းဆောင်နေရာကိုရယူထားသူတစ်ဦးလည်းဖြစ်ပြီး သြဂတ်စ်လ ၂၄နေ့က ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ရဲ့ကြားနာချက်အရလိုရစ်ဟာ သတ်မှတ်ထားတဲ့အဲလ်ကိုဟောပမာဏထပ်ကျော်လွန်ပြီးကားကိုအရှိန်ပြင်းစွာမောင်းနှင်ခဲ့ပါတယ်။သူရဲ့အလ်ကိုဟောပမာဏကတော့ ၈၀မိုက်ခရိုဂရမ် အထိရှိနေပြီး အင်္ဂလန်နှင့်ဝေးလ်နိုင်ငံတို့မှာတေ့ာအမြင့်ဆုံးပမာဏကို၃၀မိုက်ခရိုဂရမ်အထိသာခွင့်ပြုထားပါတယ်။
သူရဲ့ရှေနေက လိုရစ်အပေါ်စွဲချက်များကို ကောင်စီလူကြီးများကိုရှင်းပြလျောက်ထားခဲ့ပါတယ်။လိုရစ်ဟာမှုခင်းဖြစ်ပွားစဉ်က မောင်းနှင်ခဲ့တဲ့ကားအရှိန်ဟာ တစ်နာရီ ၁၅မိုင်နှင့် မိုင်၃၀ကြားသာရှိခဲ့ကြောင်းလျောက်လဲချက်ပေးခဲ့ပါတယ်။
သူရဲ့အရက်မူးပြီးအန်ထွက်ခဲ့တာတွေကိုသူရဲ့ကားပေါ်မှာတွေရှိခဲ့ပါတယ်။အဲဒီနောက် လိုရစ်ကိုရဲတပ်သားတို့က နေသာထိုင်သာရှိအောင်ခေါ်ဆောင်သွားခဲ့ပါတယ်။
လိုရစ်က သူအနေနှင့်ဥပဒေကိုလေးစားလိုက်နာရန်လိုအပ်ခဲ့ကြောင်း ဒါအပြင် ကိုယ်ပိုင်ကားနှင့်မပြန်ဘဲ တက္ကဆီနှင့်သာပြန်သင့်ခဲ့ကြောင်း ဒါပေ့မယ် သူမှားယွင်းတဲ့ဆုံးဖြတ်ကြီးကို မူးယစ်နေတဲ့အချိန်ပြုလုပ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အသက် ၃၁နှစ်အရွယ် လိုရစ်ဟာစပါးအသင်းကို ၂၀၁၂ခုနှစ်ကလိုင်ယွန်အသင်းမှ ပြောင်းရွေ့လာခဲ့ပြီး အသင်းအတွက်ပွဲပေါင်း ၂၅၀အထိပါဝင်ကစားပေးခဲ့ပါတယ်။
သူဟာ ယခုနှစ်မှာကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်း ကိုဦးဆောင်ကာ ချန်ပီယံဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူဟာပြင်သစ်အသင်းနှင့်အတူ နိူင်ပွဲ ၁၀၄ပွဲမြောက်အထိရရှိအောင်စွမ်းဆောင်ကူညီပေးထားပါတယ်။
လိုရစ်ဟာအဆိုပါအဖြစ်အပျက်ပြီးနောက်နေ့မှာယူနိုက်တက်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနှင့်ပွဲစဉ်မှာမျက်နှာဒဏ်ရာရရှိခဲ့ပါတယ်။
Post a Comment