Header Ads


သမိုင္းတစ္ေလ်ွာက္အျပည့္စံုဆံုးေဘာလံုးသမားတစ္ေယာက္(သို႔မဟုတ္)မက္ဆီ


Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
 က်ေနာ္မျကာခနေျပာေလ့ရွိသလို မက္ဆီဟာ နည္းျပေတြရဲ႕ နည္းစနစ္မ်ိဳးစံုေအာက္မွာ ေနရာစံုအလိုက္သင့္ေျပာင္းလဲနိုင္သူနိုင္ပါ။ေဘာလံုးတစ္လံုးရွိရံုနဲ႔ ကြင္းထဲဝင္ျပီးအရာအားလံုးနီးပါးလုပ္ျပနိုင္တာေျကာင့္ အျခားကမာၻကလာတဲ့ ျဂိဳလ္သားတစ္ဦးလို႕မက္ဆီကိုတင္စားျကပါတယ္။

မက္ဆီဟာသူ႔ရဲ႕မ်ိဳးဆက္မွာေတာ့စြယ္စံုရ ရွာမွရွား ကစားသမားတစ္ေယာက္ပါပဲ။ ၅ေပ၇လက္မသာရွိတဲ့ အရပ္အေမာင္းကလည္း တစ္ကြင္းလံုးအနွံ လြယ္လြယ္ကူကူ ေရြ႕လ်ားကစားနိုင္ဖို႕ ကူညီေပးေနပါတယ္။မက္ဆီနဲ႔ပတ္သတ္ရင္ ခ်ီးက်ဴးစရာေတြကအေျကာင္းတစ္ခုျပီးတစ္ခုရွိေနပါတယ္။အဆံုးသတ္စြမ္းရည္ေကာင္းေတြ နဲ႔ပတ္သတ္ရင္ စီေရာ္နယ္ဒို,အြန္နရီ,ေရာ္နယ္ဒိုတို႔ကို ညႊန္းရမွာပါ။ကစားကြက္ကိုကိုယ္တိုင္တည္ေဆာက္ျပီးဂိုးေတြမျကာခနသြင္းနိုင္သူဆိုရင္ေတာ့ အင္နီေယစတာ,လမ္းပတ္တို႔ရွိေနပါတယ္။

ဒီနွစ္ခုလံုးလူတစ္ေယာက္ထဲမွာျမင္ေတြ႕လိုတယ္ဆိုရင္ေတာ့ မက္ဆီကိုျကည့္ရမွာပါပဲ။အပိုေျပာတာမဟုတ္ပါဘူး။မက္ဆီဟာfinal third zoneရဲ႕ဘယ္ေနရာမွာကစားရင္အားနည္းတာလဲဆိုတဲ့ေမးခြန္းကို ခင္မ်ားေျဖဖို႔ခက္ပါမယ္။ဘယ္ေတာင္ပံလား,ညာေတာင္ပံလား။အေထာင္တိုက္စစ္လား။no10 roleလား။False nineလား။သူကဘယ္ေနရာမွာမဆို  အံဝင္ေနပါတယ္။


လမ္းပတ္,ဂ်ာရတ္,ဘယ္လာမီတို႕အျပင္ ဂႏၲဝင္ကစားသမားအမ်ားစုကလည္း မက္ဆီဟာအေကာင္းဆံုးကစားသမားလို႕ထုတ္ေဖာ္ခ်ီးက်ဴးျကပါတယ္။တိုက္စစ္ပိုင္းရဲ႕ဘယ္ေနရာမွာပဲထားထား မက္ဆီက အဓိကလူျဖစ္ေနတက္ပါတယ္။အေကာင္းဆံုးအဆံုးသတ္သမား , အေကာင္းဆံုး လိမ္ေခါက္ေက်ာ္ျဖတ္သူတို႔အျပင္ အေကာင္းဆံုး ေဘာလံုးေပးပို႔နိုင္သူအျဖစ္လည္း မက္ဆီကို သတ္မွတ္နိုင္ပါတယ္။ဒါေျကာင့္ မက္ဆီကို ေဘာလံုးသမိုင္းရဲ႕အျပည့္စံုဆံုးကစားသမားအျဖစ္ေဖာ္ညႊန္းလိုက္ရတာပါ။


အင္တာဗ်ဴးတစ္ခုမွာမက္ဆီကိုကစားသမားဘဝဘယ္သြင္းဂိုးကေအကာင္းဆံုးျဖစ္မလဲလို႕ေမးျမန္းခဲ့ရာမွာေတာ့''လွပမႈေတြထက္ ဘယ္ဂိုးကအေရးပါဆံုးတစ္ခုလဲဆိုတာေတာ့က်ေနာ္ေျပာနိုင္ပါတယ္။က်ေနာ့္ရဲ႕ပထမဆံုးခ်န္ပီယံလိဂ္ဖိုင္နယ္သြင္းဂိုးပါပဲ။မန္ယူအသင္းဘက္ကို ေခါင္းတိုက္သြင္းခဲ့တဲ့ဂိုးက က်ေနာ့္အတြက္ အေရးအပါဆံုးသြင္းဂိုးပါပဲ''လို႕ေျဖသြားခဲ့ပါတယ္။မက္ဆီကို ထာဝရအေကာင္းဆံုးေဘာလံုးသမားတစ္ေယာက္အျဖစ္သတ္မွတ္လို႔ရပါသလား။


(Unicode)

သမိုင်းတစ်လျှောက်အပြည့်စုံဆုံးဘောလုံးသမားတစ်ယောက်(သို့မဟုတ်)မက်ဆီ

 ကျနော်မကြာခနပြောလေ့ရှိသလို မက်ဆီဟာ နည်းပြတွေရဲ့ နည်းစနစ်မျိုးစုံအောက်မှာ နေရာစုံအလိုက်သင့်ပြောင်းလဲနိုင်သူနိုင်ပါ။ဘောလုံးတစ်လုံးရှိရုံနဲ့ ကွင်းထဲဝင်ပြီးအရာအားလုံးနီးပါးလုပ်ပြနိုင်တာကြောင့် အခြားကမ္ဘာကလာတဲ့ ဂြိုလ်သားတစ်ဦးလို့မက်ဆီကိုတင်စားကြပါတယ်။

မက်ဆီဟာသူ့ရဲ့မျိုးဆက်မှာတော့စွယ်စုံရ ရှာမှရှား ကစားသမားတစ်ယောက်ပါပဲ။ ၅ပေ၇လက်မသာရှိတဲ့ အရပ်အမောင်းကလည်း တစ်ကွင်းလုံးအနှံ လွယ်လွယ်ကူကူ ရွေ့လျားကစားနိုင်ဖို့ ကူညီပေးနေပါတယ်။မက်ဆီနဲ့ပတ်သတ်ရင် ချီးကျူးစရာတွေကအကြောင်းတစ်ခုပြီးတစ်ခုရှိနေပါတယ်။အဆုံးသတ်စွမ်းရည်ကောင်းတွေ နဲ့ပတ်သတ်ရင် စီရော်နယ်ဒို,အွန်နရီ,ရော်နယ်ဒိုတို့ကို ညွှန်းရမှာပါ။ကစားကွက်ကိုကိုယ်တိုင်တည်ဆောက်ပြီးဂိုးတွေမကြာခနသွင်းနိုင်သူဆိုရင်တော့ အင်နီယေစတာ,လမ်းပတ်တို့ရှိနေပါတယ်။

ဒီနှစ်ခုလုံးလူတစ်ယောက်ထဲမှာမြင်တွေ့လိုတယ်ဆိုရင်တော့ မက်ဆီကိုကြည့်ရမှာပါပဲ။အပိုပြောတာမဟုတ်ပါဘူး။မက်ဆီဟာfinal third zoneရဲ့ဘယ်နေရာမှာကစားရင်အားနည်းတာလဲဆိုတဲ့မေးခွန်းကို ခင်များဖြေဖို့ခက်ပါမယ်။ဘယ်တောင်ပံလား,ညာတောင်ပံလား။အထောင်တိုက်စစ်လား။no10 roleလား။False nineလား။သူကဘယ်နေရာမှာမဆို  အံဝင်နေပါတယ်။

လမ်းပတ်,ဂျာရတ်,ဘယ်လာမီတို့အပြင် ဂန္တဝင်ကစားသမားအများစုကလည်း မက်ဆီဟာအကောင်းဆုံးကစားသမားလို့ထုတ်ဖော်ချီးကျူးကြပါတယ်။တိုက်စစ်ပိုင်းရဲ့ဘယ်နေရာမှာပဲထားထား မက်ဆီက အဓိကလူဖြစ်နေတက်ပါတယ်။အကောင်းဆုံးအဆုံးသတ်သမား , အကောင်းဆုံး လိမ်ခေါက်ကျော်ဖြတ်သူတို့အပြင် အကောင်းဆုံး ဘောလုံးပေးပို့နိုင်သူအဖြစ်လည်း မက်ဆီကို သတ်မှတ်နိုင်ပါတယ်။ဒါကြောင့် မက်ဆီကို ဘောလုံးသမိုင်းရဲ့အပြည့်စုံဆုံးကစားသမားအဖြစ်ဖော်ညွှန်းလိုက်ရတာပါ။

အင်တာဗျူးတစ်ခုမှာမက်ဆီကိုကစားသမားဘဝဘယ်သွင်းဂိုးကအေကာင်းဆုံးဖြစ်မလဲလို့မေးမြန်းခဲ့ရာမှာတော့''လှပမှုတွေထက် ဘယ်ဂိုးကအရေးပါဆုံးတစ်ခုလဲဆိုတာတော့ကျနော်ပြောနိုင်ပါတယ်။ကျနော့်ရဲ့ပထမဆုံးချန်ပီယံလိဂ်ဖိုင်နယ်သွင်းဂိုးပါပဲ။မန်ယူအသင်းဘက်ကို ခေါင်းတိုက်သွင်းခဲ့တဲ့ဂိုးက ကျနော့်အတွက် အရေးအပါဆုံးသွင်းဂိုးပါပဲ''လို့ဖြေသွားခဲ့ပါတယ်။မက်ဆီကို ထာဝရအကောင်းဆုံးဘောလုံးသမားတစ်ယောက်အဖြစ်သတ်မှတ်လို့ရပါသလား။

No comments

Powered by Blogger.