Header Ads


ပရီးမီးယားလိဂ္မွာတန္ဖိုးအရွိဆံုးတိုက္စစ္မွဴးအျဖစ္ရပ္တည္ေနတဲ့ မိုဟာမက္ဆာလက္



အခ်က္အလက္ေတြအရ ဆာလက္ရဲ႕သြင္းဂိုးေတြဟာ ပရီးမီးယားလိဂ္ကစားသမားေတြထဲမွာေတာ့ တန္ဖိုးအရွိဆံုးျဖစ္ေနပါတယ္။
အီဂ်စ္နတ္ဘုရားဟာ လက္ရွိအေျခအေနမွာ ဂိုးေပါက္ေပ်ာက္ဆံုးေနျပီး အနည္းငယ္ရုန္းကန္ေနရပါတယ္။ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ေပ်ာက္ေနတာ၇ပြဲရွိပါျပီ။ဒါေပမယ့္  သူ႔ရဲ႕ဒီရာသီပရီးမီးယားလိဂ္သြင္းဂိုးက 17ဂိုးထိရွိထားျပီး အဂူရိုေနာက္ ၁ဂိုးအကြာနဲ႔ဒုတိယေနရာမွာရွိေနပါတယ္။



ဆာလက္ဟာ မနွစ္က အရမ္းေတာက္ပခဲ့ေပမယ့္ဒီနွစ္မွာေတာ့ အနည္းငယ္ငုပ္လ်ွိဳးေနပါတယ္။ေကာက္ရိုးမီးလို႕ေတာ့ ဆိုလို႔ မရပဲ လီဗာပူးရဲ႕အေရးပါဆံုးတိုက္စစ္မွဴးအျဖစ္ ဆက္ရွိေနပါတယ္။စစ္တမ္းေတြအရ သေရက်ေနခ်ိန္မွာ လီဗားပူးအသင္းအနိုင္ရေစမယ့္ ဂိုးေတြကို ဆယ္ဂိုးထိသြင္းေပးထားပါတယ္။ 



ဒါေျကာင့္ သူ႔ရဲ႕ဂိုးဆယ္ဂိုးဟာအသင္း အနိုင္ရလဒ္နဲ႕ တိုက္ရိုက္သက္ဆိုင္ေနခဲ့ျပီး ပရီးမီးယားလိဂ္ရဲ႕တန္ဖိုးအရွိဆံုး တိုက္စစ္မွဴးအျဖစ္ရပ္တည္ေနတာပါ။ဒုတိယေနရာမွာေတာ့ လာကာဇက္ရဲ႕ဂိုးေျခာက္ဂိုးက အာဆယ္နယ္အသင္းအနိုင္ရလဒ္နဲ႕ တိုက္ရိုက္သက္ဆိုင္ေနျပီး ဒီစာရင္းရဲ႕ဒုတိယေနရာမွာရပ္တည္ေနပါတယ္။


တတိယေနရာမွာေတာ့ အဂူရိုက ငါးဂိုးနဲ႕ရွိေနပါတယ္။အဲ့ဒီေနာက္မွာေတာ့ဗာဒီ,စတာလင္,ဂ်ီမီနက္,ေပါ့ဘာ,လူကာကူ,မာေနးတို႕က အစဥ္အလိုက္ရပ္တည္ေနပါတယ္။ဒီစစ္တမ္းအရေျပာ႐ရင္ ဆာလက္ရဲ႕အေရးပါမႈက အဂူရို,ကိန္းတို႕ထက္ နွစ္ဆေလာက္ရွိေနတာပါ။ဘရိုက္တန္,ဟတ္ဒါဖီးတို႕နဲ႕ပြဲေတြမွာလည္း ဆာလက္ရဲ႕ဂိုးေျကာင့္သာ လီဗာပူးနိုင္ခဲ့တာပါ။


အမွတ္ေပးဇယားရပ္တည္မႈအရေတာ့  လီဗားပူးဟာ မန္စီးတီးက္ို ၂မွတ္ျဖတ္ဦးေဆာင္ေနပါတယ္။ဒီအပတ္မွာေတာ့ လီဗာပူးက စပါးနဲ႕ပြဲက်ပ္ရင္ဆိုင္ေနရပါတယ္။ ဒီပြဲမွာေရာ ဆာလက္တစ္ေယာက္သြင္းဂိုးေတြနဲ႕အသင္းကိုကူညီနိုင္အံုးမလား။

(Unicode)

ပရီးမီးယားလိဂ်မှာတန်ဖိုးအရှိဆုံးတိုက်စစ်မှူးအဖြစ်ရပ်တည်နေတဲ့ မိုဟာမက်ဆာလက်

အချက်အလက်တွေအရ ဆာလက်ရဲ့သွင်းဂိုးတွေဟာ ပရီးမီးယားလိဂ်ကစားသမားတွေထဲမှာတော့ တန်ဖိုးအရှိဆုံးဖြစ်နေပါတယ်။
အီဂျစ်နတ်ဘုရားဟာ လက်ရှိအခြေအနေမှာ ဂိုးပေါက်ပျောက်ဆုံးနေပြီး အနည်းငယ်ရုန်းကန်နေရပါတယ်။ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတာ၇ပွဲရှိပါပြီ။ဒါပေမယ့်  သူ့ရဲ့ဒီရာသီပရီးမီးယားလိဂ်သွင်းဂိုးက 17ဂိုးထိရှိထားပြီး အဂူရိုနောက် ၁ဂိုးအကွာနဲ့ဒုတိယနေရာမှာရှိနေပါတယ်။

ဆာလက်ဟာ မနှစ်က အရမ်းတောက်ပခဲ့ပေမယ့်ဒီနှစ်မှာတော့ အနည်းငယ်ငုပ်လျှိုးနေပါတယ်။ကောက်ရိုးမီးလို့တော့ ဆိုလို့ မရပဲ လီဗာပူးရဲ့အရေးပါဆုံးတိုက်စစ်မှူးအဖြစ် ဆက်ရှိနေပါတယ်။စစ်တမ်းတွေအရ သရေကျနေချိန်မှာ လီဗားပူးအသင်းအနိုင်ရစေမယ့် ဂိုးတွေကို ဆယ်ဂိုးထိသွင်းပေးထားပါတယ်။ 

ဒါကြောင့် သူ့ရဲ့ဂိုးဆယ်ဂိုးဟာအသင်း အနိုင်ရလဒ်နဲ့ တိုက်ရိုက်သက်ဆိုင်နေခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့တန်ဖိုးအရှိဆုံး တိုက်စစ်မှူးအဖြစ်ရပ်တည်နေတာပါ။ဒုတိယနေရာမှာတော့ လာကာဇက်ရဲ့ဂိုးခြောက်ဂိုးက အာဆယ်နယ်အသင်းအနိုင်ရလဒ်နဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ဒီစာရင်းရဲ့ဒုတိယနေရာမှာရပ်တည်နေပါတယ်။

တတိယနေရာမှာတော့ အဂူရိုက ငါးဂိုးနဲ့ရှိနေပါတယ်။အဲ့ဒီနောက်မှာတော့ဗာဒီ,စတာလင်,ဂျီမီနက်,ပေါ့ဘာ,လူကာကူ,မာနေးတို့က အစဉ်အလိုက်ရပ်တည်နေပါတယ်။ဒီစစ်တမ်းအရပြောရရင် ဆာလက်ရဲ့အရေးပါမှုက အဂူရို,ကိန်းတို့ထက် နှစ်ဆလောက်ရှိနေတာပါ။ဘရိုက်တန်,ဟတ်ဒါဖီးတို့နဲ့ပွဲတွေမှာလည်း ဆာလက်ရဲ့ဂိုးကြောင့်သာ လီဗာပူးနိုင်ခဲ့တာပါ။

အမှတ်ပေးဇယားရပ်တည်မှုအရတော့  လီဗားပူးဟာ မန်စီးတီးကို ၂မှတ်ဖြတ်ဦးဆောင်နေပါတယ်။ဒီအပတ်မှာတော့ လီဗာပူးက စပါးနဲ့ပွဲကျပ်ရင်ဆိုင်နေရပါတယ်။ ဒီပွဲမှာရော ဆာလက်တစ်ယောက်သွင်းဂိုးတွေနဲ့အသင်းကိုကူညီနိုင်အုံးမလား။

No comments

Powered by Blogger.