ျပင္သစ္မွာသြားကစားေတာ့မယ္လို ့ဆိုလာတဲ့ခ်ဲလ္ဆီးတိုက္စစ္မွဴးဂ်ရူး
Unicode သမားများအောက်ဆွဲဖတ်ပေးပါ။
ခ်ယ္လ္ဆီး အသင္း ရဲ႕ တိုက္စစ္မႉး အိုလီဗီယာ ဂ်႐ူး ဟာ ယခုႏွစ္ ေဘာလုံး ရာသီ နည္းျပ ေမာ္ရစ္ဇီယို ဆာရီ လက္ထက္ မွာ ပုံမွန္ ပြဲထြက္ခြင့္ ေတြ ေပ်ာက္ဆုံး ေနခဲ့သလို အသင္း ရဲ႕ တိုက္စစ္မႉး သစ္ ဟီဂြာအင္ ရဲ႕ ေနာက္ ဒုတိယ ဦးစားေပး တိုက္စစ္မႉး အျဖစ္ သာ ကစားခြင့္ ရရွိ ေနတာ ျဖစ္ပါတယ္ ။
ဂ်႐ူး ဟာ အရင္ အာဆင္နယ္ အသင္း မွာ တိုက္စစ္ ေနရာ မရေနခဲ့လို႔ ပြဲထြက္ခြင့္ အတြက္ ၿပီးခဲ့တဲ့ ေဘာလုံး ရာသီ ရဲ႕ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ေစ်းကြက္ အတြင္း မွာ ခ်ယ္လ္ဆီး သို႔ ေျပာင္းေ႐ႊ႕ လာတာ ျဖစ္ပါတယ္ ။ မႏွစ္က ကြန္တီ ရဲ႕ လက္ထက္ မွာေတာ့ ဂ်႐ူး ဟာ အသင္း ရဲ႕ အဓိက တိုက္စစ္မႉး အျဖစ္ ကစားခြင့္ ရခဲ့ပါတယ္ ။ ထို႔အျပင္ ၿပီးခဲ့တဲ့ ကမာၻ႔ ဖလား အတြင္း မွာပဲ ျပင္သစ္ လက္ေ႐ြးစင္ အသင္း ရဲ႕ အဓိက အေထာင္ တိုက္စစ္မႉး အျဖစ္ ပြဲတိုင္း ကစားခြင့္ ရခဲ့ပါတယ္ ။
ဒီရာသီ ခ်ယ္လ္ဆီး အသင္း မွာေတာ့ ဂ်႐ူး ဟာ ယူ႐ိုပါလိဂ္ ပြဲစဥ္ အမ်ားစု ကိုသာ ကစားခြင့္ ရထားသလို ယူ႐ိုပါလိဂ္ မွာလည္း ခ်ယ္လ္ဆီး အတြက္ သြင္းဂိုး ၉ဂိုး အထိ သြင္းယူကာ လက္ရွိ ဂိုးသြင္း အမ်ားဆုံး ကစားသမား စာရင္း ကို ဦးေဆာင္ ထားတာ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး မွာ ပြဲထြက္ခြင့္ နည္းေန ေပမယ့္ ဂ်႐ူး ဟာ ယခု ယူ႐ို ၂၀၂၀ ေျခစစ္ ပြဲစဥ္ ေတြ အတြက္ ျပင္သစ္ လက္ေ႐ြးစင္ အသင္း မွာ ဆက္လက္ အေ႐ြးခ်ယ္ ခံခဲ့ ရပါတယ္ ။
ၿပီးခဲ့တဲ့ ေမာ္လ္ဒိုဗာ အသင္း နဲ႔ ယူ႐ို ၂၀၂၀ ေျခစစ္ပြဲ အုပ္စု အဖြင့္ ပြဲစဥ္ မွာေတာ့ ဂ်႐ူး ဟာ ျပင္သစ္ အတြက္ ေနာက္ထပ္ သြင္းဂိုး တဂိုး သြင္းယူ ေပးႏိုင္ ခဲ့လို႔ ျပင္သစ္ လက္ေ႐ြးစင္ သြင္းဂိုး အမ်ားဆုံး တတိယ ေနရာ သို႔ ေရာက္ရွိ လာခဲ့ ပါတယ္ ။ ျပင္သစ္ နည္းျပ ဒီဒီယာ ဒက္စ္ခ်မ့္စ္ ကေတာ့ ဂ်႐ူး ကို လာမယ့္ ပြဲစဥ္ ေတြမွာလည္း ဆက္လက္ အသုံးျပဳ ဦးမယ္ လို႔ ပြဲၿပီး အင္တာဗ်ဴး မွာ ေျပာၾကား ခဲ့ပါတယ္ ။
ဂ်႐ူး ဟာ ကလပ္ အသင္း အဆင့္မွာ ပြဲထြက္ခြင့္ နည္းပါး ေနတဲ့ အတြက္ ျပင္သစ္ သို႔ တဖန္ ျပန္လည္ အေျခခ် သြားဖို႔ ရွိတယ္ လို႔ ယခင္ အင္တာဗ်ဴး ေတြမွာ အရိပ္အႁမြက္ ဆိုခဲ့သလို ယခု တခါ Telefoot နဲ႔ အင္တာဗ်ဴး မွာလည္း လိုင္ယြန္ သို႔ ေျပာင္းေ႐ႊ႕ ဖို႔ ထပ္မံ ေျပာဆို လာခဲ့ပါတယ္။
ဂ်႐ူး က ” ျပင္သစ္ ကို ျပန္ေျပာင္း ဖို႔က ျဖစ္ႏိုင္ေခ် ရွိတယ္ လို႔ပဲ ကြၽန္ေတာ္ ေျပာတာပါ ။ ေသခ်ာေပါက္ ေျပာင္းျဖစ္မယ္ လို႔ ကြၽန္ေတာ္ သတ္မွတ္ ေနတာ မဟုတ္ပါဘူး ။ အခု ေလာေလာဆယ္ မွာေတာ့ ကြၽန္ေတာ္ ဟာ အဂၤလန္ မွာ ကစား ရတာ ေပ်ာ္႐ႊင္ ေနပါတယ္ ။ အခုလို လိုင္ယြန္ အသင္း နဲ႔ အေျပာင္းအေ႐ႊ႕ သတင္း ေတြ ထြက္ေနတာ နဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ ဝမ္းသာ မိပါတယ္ ။ ”
” လိုင္ယြန္ အသင္း ဟာ ဥကၠ႒ ေအာလက္စ္ စတင္ တာဝန္ယူ ခဲ့တဲ့ အခ်ိန္ က စၿပီး ထိပ္တန္း အသင္းႀကီး တသင္း သဖြယ္ ျဖစ္လာပါတယ္ ။ ကြၽန္ေတာ့ အတြက္ ခ်ယ္လ္ဆီး မွာ ပြဲထြက္ခြင့္ ရဖို႔ ႐ုန္းကန္ ေနရတယ္ လို႔ ထင္သလား ? ကြၽန္ေတာ္ ကေတာ့ မထင္မိပါဘူး ။ ကြၽန္ေတာ့ ရဲ႕ အနာဂတ္ နဲ႔ ပတ္သက္ၿပီး ဘာေတြ ဆက္ျဖစ္မလဲ ဆိုတာ ေစာင့္ၾကည့္ သြားဖို႔ လိုပါတယ္ ။ ”
” ကြၽန္ေတာ့ အတြက္ အသင္း က အခ်ိန္ မေပး ႏိုင္တဲ့ အေနအထား ေတြ ေရာက္လာၿပီ ဆိုရင္ေတာ့ အသင္းေျပာင္းဖို႔ စဥ္းစား ရမွာပါ ။ ကြၽန္ေတာ္ ကိုယ္တိုင္ လည္း ပြဲကစားခြင့္ ေတြ ပိုရရွိဖို႔ ရွာေဖြ ေနရပါတယ္ ။ ေနာက္ၿပီး ကလပ္ တသင္း ရဲ႕ အေရး ပါတဲ့ အခန္း က႑ ကေနပဲ ပါဝင္ ကစားေပး သြားခ်င္ပါတယ္ ။ အခုေတာ့ ဘာေတြ ဆက္ျဖစ္ မလဲ ေစာင့္ၾကည့္ ၾကတာေပါ့ ။ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။
(Unicode)
ပြင်သစ် မှာ ပြန် အခြေချ ဖို့ ထပ်မံ အရိပ်အမြွက် ဆိုလာတဲ့ #ဂျရူး
ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် ဘောလုံး ရာသီ နည်းပြ မော်ရစ်ဇီယို ဆာရီ လက်ထက် မှာ ပုံမှန် ပွဲထွက်ခွင့် တွေ ပျောက်ဆုံး နေခဲ့သလို အသင်း ရဲ့ တိုက်စစ်မှူး သစ် ဟီဂွာအင် ရဲ့ နောက် ဒုတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ် သာ ကစားခွင့် ရရှိ နေတာ ဖြစ်ပါတယ် ။
ဂျရူး ဟာ အရင် အာဆင်နယ် အသင်း မှာ တိုက်စစ် နေရာ မရနေခဲ့လို့ ပွဲထွက်ခွင့် အတွက် ပြီးခဲ့တဲ့ ဘောလုံး ရာသီ ရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း မှာ ချယ်လ်ဆီး သို့ ပြောင်းရွှေ့ လာတာ ဖြစ်ပါတယ် ။ မနှစ်က ကွန်တီ ရဲ့ လက်ထက် မှာတော့ ဂျရူး ဟာ အသင်း ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ကစားခွင့် ရခဲ့ပါတယ် ။ ထို့အပြင် ပြီးခဲ့တဲ့ ကမ္ဘာ့ ဖလား အတွင်း မှာပဲ ပြင်သစ် လက်ရွေးစင် အသင်း ရဲ့ အဓိက အထောင် တိုက်စစ်မှူး အဖြစ် ပွဲတိုင်း ကစားခွင့် ရခဲ့ပါတယ် ။
ဒီရာသီ ချယ်လ်ဆီး အသင်း မှာတော့ ဂျရူး ဟာ ယူရိုပါလိဂ် ပွဲစဉ် အများစု ကိုသာ ကစားခွင့် ရထားသလို ယူရိုပါလိဂ် မှာလည်း ချယ်လ်ဆီး အတွက် သွင်းဂိုး ၉ဂိုး အထိ သွင်းယူကာ လက်ရှိ ဂိုးသွင်း အများဆုံး ကစားသမား စာရင်း ကို ဦးဆောင် ထားတာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး မှာ ပွဲထွက်ခွင့် နည်းနေ ပေမယ့် ဂျရူး ဟာ ယခု ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် တွေ အတွက် ပြင်သစ် လက်ရွေးစင် အသင်း မှာ ဆက်လက် အရွေးချယ် ခံခဲ့ ရပါတယ် ။
ပြီးခဲ့တဲ့ မော်လ်ဒိုဗာ အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဖွင့် ပွဲစဉ် မှာတော့ ဂျရူး ဟာ ပြင်သစ် အတွက် နောက်ထပ် သွင်းဂိုး တဂိုး သွင်းယူ ပေးနိုင် ခဲ့လို့ ပြင်သစ် လက်ရွေးစင် သွင်းဂိုး အများဆုံး တတိယ နေရာ သို့ ရောက်ရှိ လာခဲ့ ပါတယ် ။ ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် ကတော့ ဂျရူး ကို လာမယ့် ပွဲစဉ် တွေမှာလည်း ဆက်လက် အသုံးပြု ဦးမယ် လို့ ပွဲပြီး အင်တာဗျူး မှာ ပြောကြား ခဲ့ပါတယ် ။
ဂျရူး ဟာ ကလပ် အသင်း အဆင့်မှာ ပွဲထွက်ခွင့် နည်းပါး နေတဲ့ အတွက် ပြင်သစ် သို့ တဖန် ပြန်လည် အခြေချ သွားဖို့ ရှိတယ် လို့ ယခင် အင်တာဗျူး တွေမှာ အရိပ်အမြွက် ဆိုခဲ့သလို ယခု တခါ Telefoot နဲ့ အင်တာဗျူး မှာလည်း လိုင်ယွန် သို့ ပြောင်းရွှေ့ ဖို့ ထပ်မံ ပြောဆို လာခဲ့ ပါတယ် ။
ဂျရူး က ” ပြင်သစ် ကို ပြန်ပြောင်း ဖို့က ဖြစ်နိုင်ချေ ရှိတယ် လို့ပဲ ကျွန်တော် ပြောတာပါ ။ သေချာပေါက် ပြောင်းဖြစ်မယ် လို့ ကျွန်တော် သတ်မှတ် နေတာ မဟုတ်ပါဘူး ။ အခု လောလောဆယ် မှာတော့ ကျွန်တော် ဟာ အင်္ဂလန် မှာ ကစား ရတာ ပျော်ရွှင် နေပါတယ် ။ အခုလို လိုင်ယွန် အသင်း နဲ့ အပြောင်းအရွှေ့ သတင်း တွေ ထွက်နေတာ နဲ့ ပတ်သက်ပြီး ကျွန်တော် ဝမ်းသာ မိပါတယ် ။ ”
” လိုင်ယွန် အသင်း ဟာ ဥက္ကဋ္ဌ အောလက်စ် စတင် တာဝန်ယူ ခဲ့တဲ့ အချိန် က စပြီး ထိပ်တန်း အသင်းကြီး တသင်း သဖွယ် ဖြစ်လာပါတယ် ။ ကျွန်တော့ အတွက် ချယ်လ်ဆီး မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန် နေရတယ် လို့ ထင်သလား ? ကျွန်တော် ကတော့ မထင်မိပါဘူး ။ ကျွန်တော့ ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့် သွားဖို့ လိုပါတယ် ။ ”
” ကျွန်တော့ အတွက် အသင်း က အချိန် မပေး နိုင်တဲ့ အနေအထား တွေ ရောက်လာပြီ ဆိုရင်တော့ အသင်းပြောင်းဖို့ စဉ်းစား ရမှာပါ ။ ကျွန်တော် ကိုယ်တိုင် လည်း ပွဲကစားခွင့် တွေ ပိုရရှိဖို့ ရှာဖွေ နေရပါတယ် ။ နောက်ပြီး ကလပ် တသင်း ရဲ့ အရေး ပါတဲ့ အခန်း ကဏ္ဍ ကနေပဲ ပါဝင် ကစားပေး သွားချင်ပါတယ် ။ အခုတော့ ဘာတွေ ဆက်ဖြစ် မလဲ စောင့်ကြည့် ကြတာပေါ့ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။
Post a Comment