Header Ads


၀ုလ္ဗ္အသင္းနဲ ့ပြဲအမွီအဓိကကစားသမား၃ေယာက္ျပန္ပါလာေတာ့မယ့္မန္ခ်က္စတာယူနိုက္တက္

Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

ယူနိုက္တက္အသင္းရဲ အဓိက ကစားသမားေတြ အျဖစ္ အသုံးျပဳေနတဲ့ လင္ဂတ္၊မာရွယ္၊ဟာရဲရားတို႔အျပင္ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္တို႔ ဟာဒဏ္ရာကိုယ္စီ ျပန္သက္သာလာၾကတာ ျဖစ္ပါတယ္။


လာမယ့္ တနဂၤေႏြေန႔မွာ ကစားရမယ့္ ၀ုလ္နဲ႔ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္ ပြဲစဥ္အမီ မန္ယူနိုက္တက္အသင္းက ေတာ့ အဓိက ကစားသမားအခ်ိဳ႕ ဒဏ္ရာကိုယ္စီကေန ျပန္လည္သက္သာလာၿပီလို႔ နည္းျပ ဆိုးလ္ရွားက အတည္ျပဳေပးတဲ့သတင္းကို BBC SPORTSက ေဖာ္ျပလာပါတယ္။

ေျခေထာက္ ဒဏ္ရာရရွိထားတဲ့ လူကာကူနဲ႔ ဖ်ားနာ ေ၀ဒနာ ခံစားေနရတဲ့ ဂရင္း၀ုဒ္တို႔ကေတာ့ ေစာင့္ၾကည့္ရ မယ့္ အေျခအေနမွာသာရွိေသးတယ္လို႔ ဆိုပါတယ္။


အျခားေသာ ကစားသမားေတြ ျဖစ္တဲ့ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္၊ တိုက္စစ္မွဴး မာရွယ္တို႔ ဒဏ္ရာက ျပန္လည္ သက္သာလာၿပီ ျဖစ္ၿပီး ဟာရဲရားနဲ႔ လင္ဂတ္တို႔ကလည္း ေလ့က်င့္ခန္း ျပန္လည္ဆင္းေနႏိုင္ၿပီလို႔ ဆိုးလ္ရွားက အတည္ျပဳပါတယ္။


မနက္ျဖန္မွာ ဘယ္သူ ပြဲအတြက္ အဆင္သင့္ျဖစ္ၿပီလဲဆိုတာ ဆုံးျဖတ္ပါမယ္၊လို႔ ဆုိးလ္ရွားကေျပာခဲ့တယ္လို႔ BBC SPORTSကေဖာ္ျပပါတယ္။

မန္ယူနိုက္တက္အသင္းကေတာ့ ခ်န္ပီယံလိဂ္ ကြာတားဖို္င္နယ္ကို တက္လွမ္းထားၿပီ ျဖစ္ၿပီး မန္ယူအသင္းကေတာ့ ကြာတားဖိုင္နယ္မွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆုံေနပါတယ္။

ဒီၾကားထဲမွာေတာ့ အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အျဖစ္ ၀ုလ္အသင္းနဲ႔ အေ၀းကြင္းကစားဖို႔ ရွိေနတာျဖစ္ပါ တယ္။

(Unicode)

ဝုလ်ဗ်အသင်းနဲ့ပွဲအမှီအဓိကကစားသမား၃ယောက်ပြန်ပါလာတော့မယ့်မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေ အဖြစ် အသုံးပြုနေတဲ့ လင်ဂတ်၊မာရှယ်၊ဟာရဲရားတို့အပြင် နောက်ခံလူ ဖီးလ်ဂျုံးစ်တို့ ဟာဒဏ်ရာကိုယ်စီ ပြန်သက်သာလာကြတာ ဖြစ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝုလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အမီ မန်ယူနိုက်တက်အသင်းက တော့ အဓိက ကစားသမားအချို့ ဒဏ်ရာကိုယ်စီကနေ ပြန်လည်သက်သာလာပြီလို့ နည်းပြ ဆိုးလ်ရှားက အတည်ပြုပေးတဲ့သတင်းကို BBC SPORTSက ဖော်ပြလာပါတယ်။

ခြေထောက် ဒဏ်ရာရရှိထားတဲ့ လူကာကူနဲ့ ဖျားနာ ဝေဒနာ ခံစားနေရတဲ့ ဂရင်းဝုဒ်တို့ကတော့ စောင့်ကြည့်ရ မယ့် အခြေအနေမှာသာရှိသေးတယ်လို့ ဆိုပါတယ်။

အခြားသော ကစားသမားတွေ ဖြစ်တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်၊ တိုက်စစ်မှူး မာရှယ်တို့ ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်ပြီး ဟာရဲရားနဲ့ လင်ဂတ်တို့ကလည်း လေ့ကျင့်ခန်း ပြန်လည်ဆင်းနေနိုင်ပြီလို့ ဆိုးလ်ရှားက အတည်ပြုပါတယ်။

“မနက်ဖြန်မှာ ဘယ်သူ ပွဲအတွက် အဆင်သင့်ဖြစ်ပြီလဲဆိုတာ ဆုံးဖြတ်ပါမယ်၊” လို့ ဆိုးလ်ရှားကပြောခဲ့တယ်လို့ BBC SPORTSကဖော်ပြပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းထားပြီ ဖြစ်ပြီး မန်ယူအသင်းကတော့ ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံနေပါတယ်။

ဒီကြားထဲမှာတော့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဖြစ် ဝုလ်အသင်းနဲ့ အဝေးကွင်းကစားဖို့ ရှိနေတာဖြစ်ပါ တယ်။

No comments

Powered by Blogger.