Header Ads



Unicode သမားများအောက်ဆွဲဖတ်ပေးပါ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ စ် ရာထူး အတွက် ချိတ်ဆက် မှုတွေ ခံခဲ့ ပေမဲ့ အဆုံး မှာ ဇီဒန်း ကသာ တော်ဝင် သား တို့ရဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့ ပါတယ် ဒီ အတွက် ဇီဒန်း ကသာ ရီးယဲ အတွက်အကောင်းဆုံး ရွေးချယ် မှုလို့ မော်ရင်ဟို က ရိုးသား စွာ ပြောကြား သွားခဲ့ ပါတယ်

ဇီဒန်း ဟာ ဒီ ရာသီ မစ ခင် တုန်းက ရီးယဲ မှ ထွက်ခွာ ခဲ့သူ ဖြစ် ခဲ့တဲ့ အတွက် ကြောင့် ပြန်လာ နိုင်ခြေ နည်းပါး ခဲ့ ပါတယ် ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဟာ အလုပ် လက်မဲ့ ဖြစ်နေ ခဲ့တဲ့ အတွက် ဆိုလာရီ ရဲ့ နေရာ ကို အစား ထိုးဖို့ ရေးပန်း အစား ဆုံး ဖြစ်နေ ခဲ့တာ ပဲ ဖြစ် ပါတယ်

ဇီဒန်း ဟာ ရီးယဲ မက်ဒရစ် အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ 2 နှစ် ခွဲတာ ကာလ အတွင်း ချန်ပီယံ လိဂ် ဖလား 3 ကြိမ် ဆက် အထိ ဆွတ်ခူး ပေးရင် သမိုင်း သစ် ရေးထိုး ထားနိုင် ခဲ့ သူပဲ ဖြစ် ပါတယ် မော်ရင်ဟို ကတော့ နောက်ထပ် မြင်တွေ့ ရဖို့ အများကြီး ရှိနေ သေးကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ်

ကျွန်တော် တို့ အခု သူ့ ( ဇီဒန်း ) ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ စကား တွေ အများကြီး ပြောလို့ ရလိမ့် မယ်လို့ တော့ မထင် ပါဘူး ဒါပေမဲ့ အချိန် အနည်းငယ် အတွင်း မှာ သူဟာ ယခင် တုန်းက ဘယ်သူ မှ လုပ် မပြ နိုင်ခဲ့ တာကို လုပ်ပြ ခဲ့ ပါတယ် သူ ချန်ပီယံ လိဂ် ဖလား ကို 3 ကြိမ် ဆက် ရယူ ဆွတ်ခူး ပြနိုင် ခဲ့ ပါတယ်


အခု တော့ သူဟာ နောက်ထပ် ဘဝ သစ် တစ်ခု ကို စတင် နေ ပါပြီ သူဟာ အသင်း တစ်သင်း ကို ပြန်လည် တည်ဆောက် ပေးရ ပါ့မယ် သူဟာ ရွေးချယ် မှုတွေ ပြုလုပ် ရင်း ရောင်းချ ရမဲ့ ကစားသမား ဝယ်ယူ ရမဲ့ ကစားသမား တွေကို ရှာဖွေ ပါ့မယ် သူဟာ အဲ့ဒီ ကစားသမား တွေကို လေ့ကျင့် ပေးရင်း သူရဲ့ အတွေး အခေါ် တွေနဲ့ ယဉ်ပါး အောင် လုပ်ဆောင် ပေးရ ပါ့မယ်


မော်ရင်ဟို ဟာ ပြီး ခဲ့တဲ့ ဒီဇင်ဘာ တုန်းက ယူနိုက်တက် နည်းပြ အဖြစ် မှ ထုတ်ပယ် ထားခံ ခဲ့ရ သူ ဖြစ်ပြီး အဲ့ဒီ အချိန် ကတည်းက ကမ်းလှမ်း မှုတွေ ရရှိ ထားခဲ့ ပေမဲ့ ငြင်းဆန် ခဲ့သူ ပဲ ဖြစ် ပါတယ် သူဟာ လာမဲ့ နွေ မှာတော့ နည်းပြ လောက ထဲ တစ်ဖန် ပြန်လည် ဝင်ရောက် လာဖို့ ရှိကြောင်း ကိုတော့ အတည်ပြု ပြောကြား ခဲ့ ပါ သေးတယ်


နေ့စဉ် နေ့တိုင်း လေ့ကျင့်ရေး အစီအစဉ် တွေကို ကျွန်တော် လွမ်းဆွတ် နေခဲ့ ပါတယ် ကျွန်တော် အဲ့တာ ကိုတော့ မဖုံး ကွယ် လို ပါဘူး ကျွန်တော့် ခေါင်းထဲ မှာတော့ အတွေး တွေ အများ ကြီး ရှိနေ ပါတယ် 5 ကြိမ် မြောက် လိဂ် ဖလား ဆွတ်ခူး နိုင်ရေး နဲ့ နောက် တစ်သင်း နဲ့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ရေး တွေ အကြောင်း ပေါ့လို့ မော်ရင်ဟို က ဝန်ခံ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ်



(Unicode)

ရီးရဲလ်နည်းပြအဖြစ်တစ်ဖန်ပြန်ရောက်လာတဲ့ဇီဒန်းကိုမော်ရင်ဟိုတစ်ယောက်ဘာပြောလိုက်ပြီလဲ? 

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ဟို ဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ နည်းပြ သ စ် ရာထူး အတွက် ချိတ်ဆက် မုှတွေ ခံခဲ့ ရ ပေမဲ့ အဆုံး မှာ ဇီဒန်း ကသာ တော်ဝင် သား တို့ရဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့ ပါတယ် ။ ဒီ အတွက် ဇီဒန်း ကသာ ရီးယဲ အတွက် ‘ အကောင်းဆုံး ရွေးချယ် မှု ‘ လို့ မော်ရင်ဟို က ရိုးသား စွာ ပြောကြား သွားခဲ့ ပါတယ် ။

ဇီဒန်း ဟာ ဒီ ရာသီ မစ ခင် တုန်းက ရီးယဲ မှ ထွက်ခွာ ခဲ့သူ ဖြစ် ခဲ့တဲ့ အတွက် ကြောင့် ပြန်လာ နိုင်ခြေ နည်းပါး ခဲ့ ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဟောင်း ဟာ အလုပ် လက်မဲ့ ဖြစ်နေ ခဲ့တဲ့ အတွက် ဆိုလာရီ ရဲ့ နေရာ ကို အစား ထိုးဖို့ ရေးပန်း အစား ဆုံး ဖြစ်နေ ခဲ့တာ ပဲ ဖြစ် ပါတယ် ။

ဇီဒန်း ဟာ ရီးယဲ မက်ဒရစ် အသင်း ကို ကိုင်တွယ် နည်းပြ ခဲ့တဲ့ 2 နှစ် ခွဲတာ ကာလ အတွင်း ချန်ပီယံ လိဂ် ဖလား 3 ကြိမ် ဆက် အထိ ဆွတ်ခူး ပေးရင် သမိုင်း သစ် ရေးထိုး ထားနိုင် ခဲ့ သူပဲ ဖြစ် ပါတယ် ။ မော်ရင်ဟို ကတော့ နောက်ထပ် မြင်တွေ့ ရဖို့ အများကြီး ရှိနေ သေးကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

” ကျွန်တော် တို့ အခု သူ့ ( ဇီဒန်း ) ရဲ့ အနာဂတ် နဲ့ ပတ်သက် လို့ စကား တွေ အများကြီး ပြောလို့ ရလိမ့် မယ်လို့ တော့ မထင် ပါဘူး ။ ဒါပေမဲ့ အချိန် အနည်းငယ် အတွင်း မှာ သူဟာ ယခင် တုန်းက ဘယ်သူ မှ လုပ် မပြ နိုင်ခဲ့ တာကို လုပ်ပြ ခဲ့ ပါတယ် ။ သူ ချန်ပီယံ လိဂ် ဖလား ကို 3 ကြိမ် ဆက် ရယူ ဆွတ်ခူး ပြနိုင် ခဲ့ ပါတယ် ”

” အခု တော့ သူဟာ နောက်ထပ် ဘဝ သစ် တစ်ခု ကို စတင် နေ ပါပြီ ။ သူဟာ အသင်း တစ်သင်း ကို ပြန်လည် တည်ဆောက် ပေးရ ပါ့မယ် ။ သူဟာ ရွေးချယ် မှုတွေ ပြုလုပ် ရင်း ရောင်းချ ရမဲ့ ကစားသမား ၊ ဝယ်ယူ ရမဲ့ ကစားသမား တွေကို ရှာဖွေ ရ ပါ့မယ် ။ သူဟာ အဲ့ဒီ ကစားသမား တွေကို လေ့ကျင့် ပေးရင်း သူရဲ့ အတွေး အခေါ် တွေနဲ့ ယဉ်ပါး အောင် လုပ်ဆောင် ပေးရ ပါ့မယ် ”

” သူဟာ ဒီ ကလပ် အတွက် အကောင်းဆုံး လူသား လို့ ကျွန် တော် ထင် ပါတယ် ” လို့ ဇီဒန်း နဲ့ ပတ်သက် လို့ ဟိုဆေး မော်ရင်ဟို က မှတ်ချက် ပေး စကား ကို ရိုးသား စွာ ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

မော်ရင်ဟို ဟာ ပြီး ခဲ့တဲ့ ဒီဇင်ဘာ လ တုန်းက ယူနိုက်တက် နည်းပြ အဖြစ် မှ ထုတ်ပယ် ထားခံ ခဲ့ရ သူ ဖြစ်ပြီး အဲ့ဒီ အချိန် ကတည်းက ကမ်းလှမ်း မှုတွေ ရရှိ ထားခဲ့ ပေမဲ့ ငြင်းဆန် ခဲ့သူ ပဲ ဖြစ် ပါတယ် ။ သူဟာ လာမဲ့ နွေ မှာတော့ နည်းပြ လောက ထဲ တစ်ဖန် ပြန်လည် ဝင်ရောက် လာဖို့ ရှိကြောင်း ကိုတော့ အတည်ပြု ပြောကြား ခဲ့ ပါ သေးတယ် ။

ဒါ့ အပြင် သူဟာ လက်ရှိ အလုပ် မရှိ သေးတဲ့ အချိန် တွေမှာ လေ့ကျင့်ရေး အစီအစဉ် တွေကို လွမ်းဆွတ် မိကြောင်း လည်း ဝန်ခံ စကား ပြောကြား ထားခဲ့ ပါ သေးတယ် ။

” နေ့စဉ် နေ့တိုင်း လေ့ကျင့်ရေး အစီအစဉ် တွေကို ကျွန်တော် လွမ်းဆွတ် နေခဲ့ ရ ပါတယ် ။ ကျွန်တော် အဲ့တာ ကိုတော့ မဖုံး ကွယ် လို ပါဘူး ။ ကျွန်တော့် ခေါင်းထဲ မှာတော့ အတွေး တွေ အများ ကြီး ရှိနေ ပါတယ် ။ 5 ကြိမ် မြောက် လိဂ် ဖလား ဆွတ်ခူး နိုင်ရေး နဲ့ နောက် တစ်သင်း နဲ့ ချန်ပီယံ လိဂ် ဖလား ဆွတ်ခူး နိုင်ရေး တွေ အကြောင်း ပေါ့ ” လို့ မော်ရင်ဟို က ဝန်ခံ ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

No comments

Powered by Blogger.